Tech Pop
  • Home
  • My Facebook
  • Contact Me

Monday, December 7, 2015

Wi-Fi မှ Li-Fi သို့

 Paw Oo     12:03 PM     Technology     No comments   


ပြောင်းလဲချိန်တန်ပြီဆိုရမလား တဖြည်းဖြည်းနှင့် အဆင့်မြင့်လာတဲ့ နည်းပညာတွေထဲမှာလည်း မေ့ထားလို့ မရတဲ့အရာကတော့ ဆက်သွယ်ရေးပဲဗျ။ လက်ရှိကတော့ လူတိုင်းလည်းသိကြတဲ့ သုံးနေကြတဲ့ Wi-Fi ဆိုပါတော့ အခုဆို Wi-Fi ကို အဆင့်မြင့်တင်ပြီး သုံးစွဲလာလိုက်ကြတာ a, b, g, ကနေ အခုဆို n ထိရောက်လာပါပြီ။ နောက်ဆုံးထွက်ကတော့ ac ပေါ့။
နောက်တစ်ခု လူသိနည်းနေသေးတာကတော့ ac ပါ

802.11ac က တော့ 802.11ac to 802.11ac ပစ္စည်းအချင်းချင်းသာ ချိတ်ဆက်အသုံးပြုလို့ရတာဖြစ်ပါတယ်။



Wifi ရဲ့ သတ်မှတ်ချက်နှင့် အဆင့်မြင့်လာတဲ့ အချက်အလက်တွေဖြစ်ပါတယ်။

နည်းပညာရှင်တွေနှင့် Research လုပ်တဲ့သူတွေ ကတော့ ဒီ Wi-Fi ကို အဆင့်မြှင့်နေကြတာထက် ဒီထက်ပိုကောင်းတဲ့ နည်းပညာအသစ်တစ်ခုကို ချပြဖို့အားသန်နေကြပြီလို့ပြောရမှာပါ။ ဒီအချိန်မှာဆိုရင်ပဲ သိပ်မကြာသေးခင်က မိတ်ဆက်ခဲ့တဲ့ Li-Fi ဆိုတာ ဖြစ်လာပါပြီ။ Li-Fi ဆက်သွယ်မှုနည်းပညာဟာဆိုရင် အကြမ်းဖျင်းအားဖြင့် Wi-Fi ထက်ပိုပြီး အဆ ပေါင်း ၁၀၀ မြန်ဆန်တဲ့ နည်းပညာဖြစ်ပါတယ်။ လက်ရှိမှာဆိုရင် ဒီနည်းပညာဟာ စမ်းသပ်အောင်မြင်ပြီးလည်းဖြစ်ပါတယ်။

ဒီတော့ Li-Fi ဆိုတာဘာလည်း အကြမ်းဖျင်းပြောချင်ပါတယ်။

Li-Fi ဆိုတာ ကြိုးမဲ့ဆက်သွယ်မှုနည်းပညာသစ်တစ်ခုဖြစ်ပြီး အလင်းကိုအသုံးပြုပြီး အချက်အလက်(Data) တွေကို အမြန်ဆုံးနှုန်းနှင့်ပေးပို့တာဖြစ်ပါတယ်။ ဥပမာ - VLC (Visible Light Communication) လေလှိုင်းများနှင့် ဆက်သွယ်ပြီး အချက်အလက်တွေပေးပို့တာထက်ကို ပိုမိုမြန်ဆန်တာကတော့ သေချာပါတယ်။

Li-Fi နည်းပညာဟာဆိုရင် ဒီနှစ် အစောပိုင်းမှာတင် ပညာရှင်များမှ စမ်းသပ်အောင်မြင်ထားတာဖြစ်ပြီး လက်ရှိအမြင့်ဆုံးနှုန်းဟာ 224 Gigabits Per Second (Gbps) ဖြစ်ပါတယ်။ ဒါဟာ လက်ရှိ အင်တာနက်ကို အသုံးပြုနေတဲ့ နေရာမှာ ကြီးမားတဲ့ပြောင်းလဲမှုကြီးတစ်ခု ဖြစ်လာနိုင်တယ်ဆိုတာ အသေအချာကို ပြောရဲပါတယ်။

ဘယ်သူ တီထွင်ခဲ့တာလည်း ဆိုတော့ -
Li-Fi နည်းပညာဟာဆိုရင် ဟာရယ် ဟာအက်စ် (Harald Haas) လို့ခေါ်တဲ့ ဂျာမန် ရူပဗေဒပညာရှင် က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး သူဟာ TED Talk တစ်ခုမှာ မီးလုံးလေးတွေကိုအသုံးပြုပြီး Wireless Routers တွေ အကြောင်းရှင်းပြရင်း အကြံရခဲ့တာဖြစ်ပါတယ်။



  • Share This:  
  •  Facebook
  •  Twitter
  •  Google+
  •  Stumble
  •  Digg
Email ThisBlogThis!Share to XShare to Facebook
Newer Post Older Post Home

0 comments:

Post a Comment

Translate To Your Own Language

Popular Posts

  • Outlast 2 ကိုကစားမယ်ဆိုရင် မသိမဖြစ်တဲ့အချက် ၇ ချက် ( Uni and Zawgyi )
    Outlast ဂိမ်းဟာ ကစားသူတိုင်းအတွက် ဘယ်လောက်တောင် မျှော်လင့်ချက်မဲ့ပြီး သွေးပျက်ထိတ်လန့်ဖွယ်ကောင်းလည်းဆိုတာ အားလုံးနဲ့အထူးတလည်ပ...
  • တကြော့ပြန် Nokia
    ပိုင်ရှင်အသစ်နှင့်အတူ Nokia ဟာ အခုဆိုရင် ပထမဦးဆုံး Android Smart Phone အသစ်တစ်လုံးကို စတင် မိတ်ဆက်လိုက်ပြီဖြစ်ပါယ်။ Nokia ကို Micros...
  • MPT CO-Branded Device M50 နှင့် ခဏတာ Review
    Good - ဖုန်းရဲ့တည်ဆောက်ပုံနှင့် ဒီဇိုင်းအသွင်အပြင်ဟာဆိုရင် လေးထောင့်ကျကျနှင့် Smart ဖြစ်ပါတယ်။ လက်ထဲမှာကိုင်ရတာလည်း အဆင်ပြေပြီး သုံး...
  • 2018 မှာထွက်ရှိလာမယ်လို့ မျှော်လင့်ရတဲ့ Darksiders 3
    Darksiders 1 ရဲ့ဗားရှင်းအသစ်ဖြစ်တဲ့ Darksiders: Warmastered Edition ကို လတ်တလောကမှ PC, PS4 နဲ့ Xbox One အစရှိတဲ့ platform အသီးသီ...
  • ဖုန်းမှန်ဟာ တော်ရုံ မကွဲတဲ့အပြင်၊ ကွဲခဲ့ရင်တောင် သူ့အလိုလို ပြန်ပြင်မယ်ဆိုတဲ့ Motorola
    Motorola ဖုန်းကုမ္ပဏီဟာ ထုတ်လုပ်တဲ့ ဖုန်းတွေရဲ့ မှန်တွေကို တော်ရုံတန်ရုံ မကွဲဘူးဆိုတာလောက်နှင့် မဟုတ်ပဲ ကွဲသွားရင်တောင် သူ့အလိုလို ပ...

About Me

Paw Oo
View my complete profile

Categories

Accessories (1) Acer (1) Alphabet (2) Android (8) Apple (34) Article (3) Comparing (1) Danger (1) Drone (3) Event (1) Facebook (4) Gaming Laptop (3) Get Chance (2) GoPro (1) Google (5) Google Maps (1) How To (1) Knowledge (1) Laptop (4) Mac (8) MacBook (5) MacBook Pro (1) Market (1) Mi Notebook (1) Microsoft (8) Microsoft Surface Studio (1) Mobile Devices (2) Musics (1) Note Series (1) Photography (1) Polls (1) Razer Blade (1) Review (2) Rumours & Leaks (2) Samsung (5) Technology (8) Telenor (1) Windows 10 (3) Windows 7 (1) Windows 8 (1) Workplace (1) Xiaomi (2) iOS App (3) smartphones (2)

Blog Archive

  • ►  2018 (1)
    • ►  August (1)
  • ►  2017 (35)
    • ►  November (1)
    • ►  October (1)
    • ►  September (1)
    • ►  August (3)
    • ►  July (8)
    • ►  June (10)
    • ►  May (3)
    • ►  April (3)
    • ►  March (3)
    • ►  January (2)
  • ►  2016 (48)
    • ►  November (2)
    • ►  October (5)
    • ►  September (13)
    • ►  August (10)
    • ►  July (3)
    • ►  June (4)
    • ►  May (2)
    • ►  March (4)
    • ►  January (5)
  • ▼  2015 (24)
    • ▼  December (3)
      • Apple က Gamer တွေအတွက် ပြောင်းလဲမှု တစ်ခုပြုလုပ်ဖိ...
      • Xiaomi Mi 5 ကို ဘယ်လိုမျှော်လင့်ထားသလည်း
      • Wi-Fi မှ Li-Fi သို့
    • ►  November (11)
    • ►  October (9)
    • ►  September (1)

Tech Pops

Copyright © Tech Pop | Powered by Blogger
Design by Hardeep Asrani | Blogger Theme by NewBloggerThemes.com | Distributed By blogger Templates