Tech Pop
  • Home
  • My Facebook
  • Contact Me

Friday, November 20, 2015

Inside Out ကာတွန်းကားလေးကနေ ဘာတွေရလိုက်လည်း

 Paw Oo     12:07 PM     Article     No comments   


Disney Pixar ဟာ လတ်တလောလေးတင် လူကြိုက်များပြီး အားလုံးလဲကြည့်ပြီးလောက်ပြီဖြစ်တဲ့ Inside Out ကာတွန်းဇာတ်လမ်းလေးကို အချိန် ၅ နှစ်ကြာ ကြိုးစားပမ်းစားတဲ့ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ တချိန်ထဲမှာပဲ သူတို့ဟာ ဒီဇာတ်လမ်းလေးထဲမှာ အဓိကကျတဲ့ အဖိုးတန်ရတနာလေးတခုကိုလည်း မြုပ်နှံထားပါတယ်။ မိဘတွေအတွက်ဆိုရင် မိမိကလေးတွေကိုဘယ်လိုထိန်းကျောင်းသင့်တယ် စိတ်ခံစားချက်တွေကိုလည်း လျစ်လျူရှုမထားသင့်ဘူး၊ နောက်ပြီး ကလေးတွေအတွက် ကိုယ်ပိုင်ခံစားချက်ကို လည်း နားလည်နိုင်အောင် ဘယ်လိုသင်ကြားပေးရမယ် ဖေးမကူညီပေးရမယ်ဆိုတာ တွေကိုပါ တွေ့လိုက်ရပါတယ်။ ကျနော်ဆိုရင် ကားတွန်းကားကိုပဲ နှစ်သက်တတ်တဲ့ သူမိုလားတော့ မပြောတတ်ပါဘူး ဒီ Inside Out ဇာတ်လမ်းလေး ထွက်ခါနည်း နမူနာလေးကိုကြည့်လိုက်တာနဲ့ကိုတင် အရမ်းကို ကြည့်ချင်စိတ်တွေဖြစ်ခဲ့ပြီး တကယ်တမ်း ထွက်လာတဲ့အခါမှာလည်း ကျနော်မျှော်လင့်ထားခဲ့တဲ့ အတိုင်းပဲ တကယ်ကို စိတ်ဝင်စားစရာအပြည့်နဲ့ ကြည့်လို့ကောင်းတဲ့ ဇာလမ်းလေးတစ်ခုပါ။ နောက်ပြီး ကလေးငယ် တစ်ယောက်အတွက် အရွယ်ရောက်လာတာနှင့် အမျှ မိမိခံစားချက်တွေကို ပိုပိုပြီး နားလည်သဘောပေါက်လာဖို့ လိုအပ်တယ်ဆိုတာလည်း အရေးကြီးပါတယ်။


အရွယ်ရောက်ပြီး သူတစ်ယောက်အနေနှင့် ကျနော်ကိုယ်တိုင်တောင် ဒီဇာတ်လမ်းလေးကို ခံစားချက်အပြည့်နှင့် ကြည့်လိုက်ရတဲ့အချိန်မှာ တကယ့်ကို ဟတ်ထိသွားတာပါ။ ကျနော့်ရဲ့ ရင်ဘက်ထဲကခံစားချက်တွေနှင့် စိတ်ပိုင်းဆိုင်ရာခံစားမှုဆိုတဲ့ ချိတ်ဆက်မှုတစ်ခုကို တွေ့ခဲ့ရပါတယ်။ နောက်ပြီး ကျနော်အခြားသူတွေကိုလည်း ဒီ ကာတွန်းဇာတ်လမ်းလေးကို ကြည့်ဖြစ်အောင် ကြည့်ကြဖို့လည်း တိုက်တွန်းချင်ပါတယ်။ ကျနော်က ဒီဇာတ်လမ်းအကြောင်းကို ညွန်းနေတာထက် ဘယ်လောက် ကောင်းလည်းဆိုတာကို ကိုယ်တိုင် ခံစားကြည့်စေချင်ပါတယ်။ မိမိရဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ ခံစားချက်ဆိုတာကို နားလည်နိုင်ဖို့နှင့် ကိုယ်အမှန်တကယ်ချစ်မြတ်နိုးတဲ့ သူတွေအပေါ်မှာ ရှိတဲ့ စိတ်ထားနှင့်ရင်တွင်းခံစားချက်ကို နားလည်နိုင်ဖို့ဆိုတာ ကျနော်တို့လူသားတွေအားလုံး အမြဲကြုံတွေ့ရတဲ့အခြေအနေပါ။ကလေး ကာတွန်းဇာတ်လမ်းလေးတစ်ခုဟာ ဒီလိုအခြေအနေမျိုးတွေအတွက် အကူအညီတစ်ခု အနေနှင့် ဖြစ်လာလိမ့်မယ်လို့ တခါမှ မတွေးမိခဲ့ဖူးဘူး။ ဒီ စာလေးတစ်ပုဒ်နှင့် ဇာတ်လမ်းထဲက ပေးချင်တဲ့ အဓိက မက်စေ့လေးကို လူတွေသိအောင် ကျနော် အနည်းငယ်လေး ထပ်ပြောပြချင်ပါတယ်ဗျာ။


Inside Out ထဲမှာဆိုရင် ဦးနှောက်ထဲမှာရှိတဲ့ စိတ်ခံစားချက်တွေအများကြီးထဲကမှ ရိုးရှင်းတဲ့ ခံစားချက်ကလေးတွေကို အဓိကဆွဲထုတ်ထားပါတယ်။ ဇာတ်လမ်းထဲမှာတော့ ရိုင်လီ ဆိုတဲ့ ၁၁ သမီးကလေးရဲ့ ဦးနှောက်ထဲမှာ ရှိနေတာပေါ့ဗျာ။ စိတ်ခံစားချက် ၅ ခုစီကို ဇာတ်ကောင် ငါးကောင်က ကိုယ်စားပြုထားပြီး ဒီခံစားချက်တွေတစ်ခုနှင့် တစ်ခု ပေါင်းစပ်လိုက်ခြင်းအားဖြင့် မတူညီတဲ့ အနည်းငယ့် ရှုပ်ထွေးတဲ့ ခံစားချက်လေးတွေထွက်လာပါတယ်။

ဥပမာအားဖြင့် ဦးစိတ်တို(Anger) နှင့် မပေါ်ကျော့(Disgust) တို့ဟာ ရွံမုန်းတဲ့ခံစားချက်ကိုဖြစ်ပေါ်စေပြီး မငိုချင်(Sadness) နှင့် မပေါ်ကျော့(Disgust) တို့ဟာ ကိုယ့်ကိုကိုယ် ရွံမုန်းအားငယ် တတ်တဲ့ စိတ်ကို ဖြစ်ပေါ်စေပါတယ်။ ဒါတွေဟာပြောရရင် စိတ်ပိုင်းဆိုင်ရာနာမကျန်းမှု အသေးလေးတွေပဲရှိပါသေးတယ်။ ဒါတွေကိုသာ ထပ်ပြီး မကောင်းတဲ့ ခံစားချက်နဲ့သာ ပေါင်းလိုက်မယ်ဆိုရင် ပိုပြီး စိတ်ထွေးလာမယ် ဒီထက်ပြောရရင် စဉ်းစားချင့်ချိန်နိုင်တဲ့ စိတ်ပိုင်းဆိုရာမှာ အားနည်းသွားပါလိမ့်မယ်။ ဒါဟာ ကိုယ့်ရဲ့ အတွင်းစိတ်ထဲမှာတင် ဘာကိုလုပ်ပြီးဘာကိုဆုံးဖြတ်ရမယ်ဆိုတာကို အတော်လေး ရှုပ်ထွေးသွားမှာဖြစ်ပြီး အခြားသူတွေနဲ့လည်း ကိုယ်ဟာ အဆင်ပြေပြေပေါင်းသင်း နေထိုင်နိုင်ဖို့ဆိုတာ ခက်ခဲသွားပါလိမ့်မယ်။ စိတ်ထိခိုက်နေတဲ့ သူတစ်ယောက်အနေနှင့် ဒီလိုအခြေအနေမှာဆိုရင် တခါမှမလုပ်ဖူးတဲ့ အခြေအနေမျိုးကို ပါလုပ်ဆောင်နိုင်ပြီး ကိုယ့်စိတ်နဲ့ကြောင့် ခန္တာကိုယ် ကိုလည်း ထိခိုက်လာနိုင်ပါတယ်။
ခံစားချက် တစ်ခုဟာ လိုတာထက်ပိုပြီး ဖြစ်လာပြီဆိုရင် ရလဒ်ဟာ ပြင်းထန်လွန်းပြီး ထိန်းချုပ်ဖို့လည်း ခက်သွားပါလိမ့်မယ်။ ဒေါသက အင်အားကြီးလာရင် မောဟတွေလောဘတွေ ဖြစ်လာပြီး၊ ပျော်ရွှင်မှုက အင်အား ကြီးလာရင်လည်း ပီတိဖြစ်လာရပြန်ပါတယ်။ ဝမ်းနည်းမှုအားကြီးလာရင်တော့ စိတ်ပျက်လက်ပျက် ကိုဖြစ်လာတော့တာပါပဲ . . . .စသဖြင့်ပေါ့ဗျာ။ ဒီပေါင်းစပ်မှုတွေက တခါတလေမှာ မလိုလားအပ်တဲ့ ပေါက်ကွဲ သံစဉ်ကြီးတွေဖြစ်လာတော့တာပါပဲ။ စိတ်ထိခိုက်နေတဲ့ သူတစ်ယောက်ဟာ ခံစားချက်တွေများစွာ ရှုပ်ထွေးလွန်းနေပြီး ဦးနောက်က ပုံမှန်အတိုင်း ခံစားချက်တွေကို မလုပ်ဆောင်နိုင်တော့တဲ့အတွက်ကြောင့် ထိန်းချုပ်မှု ကင်းလွတ်သွားတတ်ပါတယ်။ ဒါကြောင့် မိမိရဲ့ စိတ်ခံစားချက်တွေကို နားလည်ပေးနိုင်မည့် အခြားသူတစ်ဦးတစ်ယောက်နှင့် အတူ မျှဝေခံစားပြီး ခံစားချက်တွေကို နားလည်အောင် လုပ်ပါလို့ တိုက်တွန်းပါရစေ။

နောက်ထပ်အဓိက တစ်ချက် နည်းနည်းလေး ထပ်ပြောချင်တာကတော့ ဆက်သွယ်မှုပါ Connection

အားလုံး ကြည့်ပြီးကြသူတိုင်း သိမှာပါ အဓိက အချက်အရေးကြီးတာ ဆက်သွယ်မှုပါ။ တစ်ယောက်နှင့် တစ်ယောက်ကြားမှာ ဆက်သွယ်မှုက အရမ်းကို အရေးကြီးပါတယ်။ ဒီ ကာတွန်းဇာတ်လမ်းလေးမှာ ဒီအရေးကြီးတဲ့အချက်ကို ထည့်မပြောလို့မဖြစ်ပါဘူး။ စိတ်ထိခိုက်နေတဲ့သူမှမဟုတ်ပါဘူး ဘယ်သူမဆို တစ်ဦးတစ်ယောက်တည်း အဝေးတစ်နေရာကို ထွက်သွားတယ်ဆိုတာ တကယ်တော့ သူဟာ ချောက်ကမ်းပါးနားမှာ လမ်းလျောက်နေတဲ့သူတစ်ယောက်လိုပါပဲ။ ဇာမ်းထဲမှာတော့ ရိုင်လီ တို့မိသားစုဟာ အဝေးတစ်နေရာကနေပြီး အခြားတစ်နေရာကို ပြောင်းရွေ့လာတဲ့မိသားစုပါ။ ဒီမှာ ရိုင်လီဟာ ပတ်ဝန်းကျင် အသစ်နှင့် ထိတွေ့ရပြီး ငယ်ရွယ်သူဖြစ်တဲ့အလျောက် သူမရဲ့စိတ်ခံစားချက်တွေကို ဘယ်လိုပြောပြ ရမလည်းမသိဖြစ်ခဲ့ပါတယ်။ လူတစ်ယောက်အတွက် ပစ်ပယ်ခံထားရတယ်ဆိုတာ အရမ်းကိုကြီးမားတဲ့ ပြဿနာပေါင်းများစွာဆီကို ဦးတည်နိုင်ပါတယ် အထူးသဖြင့် ကလေးငယ်တွေအတွက်ပါ။ ကိုယ့် အမှန်တကယ်နှစ်သက်မြတ်နိုးတဲ့ သူတစ်ယောက်နှင့် ပြောပြ ဆွေးနွေးခြင်းအားဖြင့်သာ ဒီ စိတ်ထိခိုက် နေရမှုတွေကနေ ပြန်လည်သက်သာလာစေနိုင်တာပဲဖြစ်ပါတယ်။ ပျော်ရွင်မှုနှင့် မငိုချင်တို့ ထိန်းချုပ်ကွပ်ကဲရေး ဌာနကို ပြန်ရောက်လာတဲ့အခါမှသာ မငိုချင်ဆိုတဲ့ဝမ်းနည်းမှုလေးက ထိန်းချုပ်ရေး ယန္တယားကို ပြုပြင်ပေးလိုက်တဲ့အတွက် စိတ်ခံစားချက်များကို ပြန်လည်ထိန်းချုပ်နိုင်လာပြီး ရိုင်လီရဲ့ မိဘတွေကို သူဘယ်လိုခံစားနေရတယ်ဆိုတာ ပြောပြခြင်းအားဖြင့် ပြေလည်သွားခဲ့ပါတယ်။ ကျနော့်ကို အိမ်နှင့် ဝေးကွာနေသူ တယောက်အတွက်တော့ တကယ့်ကို ဟတ်ထိခဲ့ရတဲ့ ဇာတ်ဝင်ခန်းလေးတစ်ခုပေါ့ဗျာ။

ကျနော်ဆိုလည်း ခံစားရတာတစ်ခုရှိတယ် ဘယ်လိုပြောရမလည်းဆို အခြားသူတွေနဲ့ မတူဘူးပေါ့နော် ဥပမာ စိတ်အားငယ်ရတယ်ဆိုတာမျိုးပေါ့။  နောက်ပြီး အခြားသူတွေနှင့် အမြဲတမ်းဆန့်ကျင်နေတယ်ဆိုတဲ့ ဟာမျိုးပါ။ ငယ်စဥ်အချိန် ကလည်း ရုန်းကန်ရတာမျိုးနှင့် မိသားစုဆိုင်ရာပြဿနာလေး တွေများစွာကြုံတွေ့ရသူပါ။ ဒီတော့ ကျနော့်အတွက် ကျနော့်စိတ်ခံစားချက်တွေ ကိုနားလည်ပေးနိုင်ပြီး ကိုယ့်ကို အားပေးမယ့်သူတစ်ယောက်လိုအပ်တယ်ဆိုတာကို ကျနော် သိပါတယ်။ အနီးစပ်ဆုံးကတော့ ကျနော့်အမေပါ။ အခြားနိုင်ငံတွေမှာလို စိတ်ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ဆရာတွေကို အားထားရတာဟာ ရှက်စရာတစ်ခုလိုဖြစ်နေတဲ့ နိုင်ငံအဖို့တော့ ကိုယ်နှင့်အနီးစပ်ဆုံးစိတ်ခံစားချက် တူညီနိုင်ဆုံးသူသာ လျင် ကူညီဖေးမရာလို ဖြစ်နေတာပေါ့ဗျာ။ နောက်ပြီး ဒီဇာတ်လမ်းလေးထဲက အတွေးအခေါ်လေးတွေနှင့် ခံစားချက်လေးတွေကိုလည်း လျစ်လျူရှုမထားဖို့နှင့် ကိုယ်တိုင်လည်း လုပ်ကြည့်ပါ အဆင်ပြေတဲ့ ပတ်ဝန်းကျင်နှင့် ပျော်ရွှင်ရတဲ့ မိသားစုဘဝလေး တွေကို ပိုင်ဆိုင်နိုင်ပါစေ။

ဖတ်ရမှာ ရှည်သွားမှာတစ်ကြောင်းရယ်နောက်ပြီး ကိုယ်တိုင်လည်း ကြည့်ဖြစ်စေချင်တဲ့အတွက် ကျနော် အများကြီး ဆက်ပြောမနေတော့ပါဘူး။ Inside Out ဆိုတဲ့ ကာတွန်းဇာတ်လမ်းလေးကို ကြည့်ဖြစ်အောင် ကြည့်ပါလို့တော့ တိုက်တွန်းချင်ပါတယ်ဗျာ။ ဒါမှလည်း တစ်ယောက်နှင့် တစ်ယောက်ကြား ကိုယ်ဘယ်လိုခံစားနေရတယ်ဆိုတာလေးတွေ သိရှိနားလည်နိုင်မှာဖြစ်ပြီး၊ မိဘတွေအနေနဲ့လည်း ကိုယ့်ကလေး တွေရဲ့စိတ်ခံစားချက်ကို လျစ်လျူမရှုထားမိစေဖို့ ပြောချင်ပါတယ်ဗျာ။

No one can make you feel inferior without your conscious.
ကိုယ့်စိတ်က မပါပဲ ဘယ်သူမှကိုယ့်ကို ထိခိုက်အောင် နိမ့််ကျအောင် လုပ်လို့မရပါဘူး။
  • Share This:  
  •  Facebook
  •  Twitter
  •  Google+
  •  Stumble
  •  Digg
Email ThisBlogThis!Share to XShare to Facebook
Newer Post Older Post Home

0 comments:

Post a Comment

Translate To Your Own Language

Popular Posts

  • Outlast 2 ကိုကစားမယ်ဆိုရင် မသိမဖြစ်တဲ့အချက် ၇ ချက် ( Uni and Zawgyi )
    Outlast ဂိမ်းဟာ ကစားသူတိုင်းအတွက် ဘယ်လောက်တောင် မျှော်လင့်ချက်မဲ့ပြီး သွေးပျက်ထိတ်လန့်ဖွယ်ကောင်းလည်းဆိုတာ အားလုံးနဲ့အထူးတလည်ပ...
  • တကြော့ပြန် Nokia
    ပိုင်ရှင်အသစ်နှင့်အတူ Nokia ဟာ အခုဆိုရင် ပထမဦးဆုံး Android Smart Phone အသစ်တစ်လုံးကို စတင် မိတ်ဆက်လိုက်ပြီဖြစ်ပါယ်။ Nokia ကို Micros...
  • MPT CO-Branded Device M50 နှင့် ခဏတာ Review
    Good - ဖုန်းရဲ့တည်ဆောက်ပုံနှင့် ဒီဇိုင်းအသွင်အပြင်ဟာဆိုရင် လေးထောင့်ကျကျနှင့် Smart ဖြစ်ပါတယ်။ လက်ထဲမှာကိုင်ရတာလည်း အဆင်ပြေပြီး သုံး...
  • 2018 မှာထွက်ရှိလာမယ်လို့ မျှော်လင့်ရတဲ့ Darksiders 3
    Darksiders 1 ရဲ့ဗားရှင်းအသစ်ဖြစ်တဲ့ Darksiders: Warmastered Edition ကို လတ်တလောကမှ PC, PS4 နဲ့ Xbox One အစရှိတဲ့ platform အသီးသီ...
  • ဖုန်းမှန်ဟာ တော်ရုံ မကွဲတဲ့အပြင်၊ ကွဲခဲ့ရင်တောင် သူ့အလိုလို ပြန်ပြင်မယ်ဆိုတဲ့ Motorola
    Motorola ဖုန်းကုမ္ပဏီဟာ ထုတ်လုပ်တဲ့ ဖုန်းတွေရဲ့ မှန်တွေကို တော်ရုံတန်ရုံ မကွဲဘူးဆိုတာလောက်နှင့် မဟုတ်ပဲ ကွဲသွားရင်တောင် သူ့အလိုလို ပ...

About Me

Paw Oo
View my complete profile

Categories

Accessories (1) Acer (1) Alphabet (2) Android (8) Apple (34) Article (3) Comparing (1) Danger (1) Drone (3) Event (1) Facebook (4) Gaming Laptop (3) Get Chance (2) GoPro (1) Google (5) Google Maps (1) How To (1) Knowledge (1) Laptop (4) Mac (8) MacBook (5) MacBook Pro (1) Market (1) Mi Notebook (1) Microsoft (8) Microsoft Surface Studio (1) Mobile Devices (2) Musics (1) Note Series (1) Photography (1) Polls (1) Razer Blade (1) Review (2) Rumours & Leaks (2) Samsung (5) Technology (8) Telenor (1) Windows 10 (3) Windows 7 (1) Windows 8 (1) Workplace (1) Xiaomi (2) iOS App (3) smartphones (2)

Blog Archive

  • ►  2018 (1)
    • ►  August (1)
  • ►  2017 (35)
    • ►  November (1)
    • ►  October (1)
    • ►  September (1)
    • ►  August (3)
    • ►  July (8)
    • ►  June (10)
    • ►  May (3)
    • ►  April (3)
    • ►  March (3)
    • ►  January (2)
  • ►  2016 (48)
    • ►  November (2)
    • ►  October (5)
    • ►  September (13)
    • ►  August (10)
    • ►  July (3)
    • ►  June (4)
    • ►  May (2)
    • ►  March (4)
    • ►  January (5)
  • ▼  2015 (24)
    • ►  December (3)
    • ▼  November (11)
      • ပျော်ရွှင်ကံထူးနှစ်သစ်ကူးကြဖို့ MPT နှင့် ဖုန်းပြေ...
      • Inside Out ကာတွန်းကားလေးကနေ ဘာတွေရလိုက်လည်း
      • Cloud Computing ဆိုတာ
      • လာမည့် ၂၀၁၆ ခုနှစ်တွင် ပြုလုပ်မည့် AppExpo 2016 အတ...
      • iPad Pro ဝယ်လို့ရပြီ
      • Android Platform ထိ ဈေးကွက်ချဲ့လာပြီဖြစ်တဲ့ Apple
      • Google Maps ရဲ့ ဆိုင်ပိတ်ချိန်များ
      • Windows 7 နှင့် Windows 8.1 တို့ရဲ့ နေဝင်ချိန်
      • ကိုယ့်ရဲ့ တန်ဖိုးကြီး ပစ္စည်းတွေအတွက် အရွေးမမှားရအ...
      • ပြောင်းလည်းမှုသိပ်မရှိဘူးဆိုပေမယ့် အားပြန်သွင်းစရာ...
      • Microsoft ပြောတဲ့ Surface Book က 13 inch MacBook P...
    • ►  October (9)
    • ►  September (1)

Tech Pops

Copyright © Tech Pop | Powered by Blogger
Design by Hardeep Asrani | Blogger Theme by NewBloggerThemes.com | Distributed By blogger Templates