Computer နယ်ပယ်မှာ ပေါ့ဗျာ Cloud ဆိုပြီး အခု ခေတ် အခါမှာ လူတွေအပြောများလာကြတယ်။ ဥပမာ - ဖုန်းထဲမှာ အချက်အလက်တွေသိမ်းဆည်းတာ များပြီး ပြည့်တော့မယ်ဆိုရင် Google Drive ဒါမှမဟုတ် Drop Box ဆိုတာမျိုး ထဲ ထည့်လိုက်ပေါ့လို့ ပြောတာမျိုးတွေ ကြားဖူးကြမှာပါ။ ဒီလို ဝန်ဆောင်မှုမျိုးကတော့ ကုမ္ပဏီပေါင်းများစွာ နာမည်ပေါင်းများစွာနဲ့ လုပ်ကြပါတယ်။ လက်ရှိအချိန်ကာ လမှာတော့ မြန်မာနိုင်ငံမှာလည်း သိပ်မကြာသေးခင် အချိန်ကပဲ မိုဘိုင်းဖုန်းဆက်သွယ်ရေး ဝန်ဆောင်မှု ကို အကောင်းဆုံး ဝန်ဆောင်မှုတွေပေးနေတဲ့ Telenor (တယ်လီနော) မှ မိတ်ဆက်ပေးလိုက်တဲ့ Capture ဆိုတာ ဟာလည်း Cloud ဝန်ဆောင်မှုတစ်ခုပဲ ဖြစ်ပါတယ်။ ဒီတော့ Cloud ဆိုတာဘာလည်းပေါ့နော် Computer နယ်ပယ်မှာတော့ ဒါကို Cloud Computing ဆိုပြီးတော့ ပြောကြတယ်ပေါ့။
အိမ်တွေ မှာအသုံးပြုနေတဲ့ လျပ်စစ်မီးဆိုတာ ဘယ်ကရပါသလည်း ဘယ်ကလာပါသလည်း ဆိုတာထက် ကျနော်တို့ အတွက် အမှန်တကယ်အသုံးဝင်ပြီးတော့ လုပ်ငန်းတွေလည်း လုပ်ဆောင်နိုင်ပါတယ်။ လျပ်စစ်မီးဆိုတာလည်း ကျနော်တို့ကိုယ် ထုတ်လုပ်ပြီး ကိုယ့်ဟာကိုယ် အိမ်မှာအသုံးပြုတာမျိုး မဟုတ်ပါဘူး။ လျပ်စစ်မီး ဆိုတာဟာ တစ်နည်းအားဖြင့် Out Source လို့ပဲ ပြောရမှာပေါ့နော် ဘာလို့လည်း ဆိုတော့ ပြင်ပ ကနေလာတာကို ကိုယ့်အိမ်မှာအသုံးပြုနိုင်အောင် ပြုလုပ်တယ် အသုံးပြုတယ်။ ကိုယ်က ဒီ လျပ်စစ်မီး ဘယ်လို ဖြစ်လာလည်း ဘယ်လိုလုပ်ရမလည်းဆိုတာ သိစရာမလိုပါဘူး။ အချိန်တန်ရင် ကိုယ် လျပ်စစ်မီး သုံးရင်သုံးသလောက် ဘေလ် ဆောင်ရတယ် ဒါပါပဲ။
Cloud Computing ဆိုတာဟာလည်း ဒီလိုပါပဲ ကျနော်တို့ဟာ ရိုးရှင်းလွယ်ကူစွာနှင့် သိမ်းဆည်းမှုတွေနှင့် လုပ်ငန်းဆောင်တာတွေ ဝန်ဆောင်မှုတွေကို ရယူအသုံးပြုနိုင်ပါတယ်။
များသောအားဖြင့် Cloud Computing ဆိုတာ အင်တာနက်ကို အခြေခံပြီး ဝန်ဆောင်မှုတွေကို ပေးပါတယ်။
Cloud Computing ကို အသုံးပြုခြင်းအားဖြင့် မိမိအသုံးပြုတဲ့ Device တွင်း အချက်အလက် သိုလှောင်မှုပမာဏကို လျော့ချ ပေးနိုင်ပါတယ်။ အသုံးပြုသူတွေကို အချိန်မရွေးနေရာမရွေး ကိုယ်လိုအပ်တဲ့ အချိန်မှာ အင်တာနက်ပေါ်ကနေ Cloud Computing ဝန်ဆောင်မှုတွေမှ ပြန်လည်ရယူအသုံးပြု နိုင်တာပဲဖြစ်ပါတယ်။ Cloud Server တွေဟာ ကိုယ်သိမ်းဆည်းလိုက်တဲ့ ဒေတာအချက်အလက်အတွေကို စိတ်ချလုံခြုံအောင်သိမ်းဆည်းပေးထားပြီး အသုံးပြုသူ ရဲ့ ကွန်ပျူတာ၊ မိုဘိုင်းဖုန်း နှင့် လက်တော့ စတဲ့ ပစ္စည်းတွေပေါ်မှာကျတော့ cache အနေနှင့် သာ ရှိနေတော့တာ ဖြစ်တဲ့အတွက် Storage(သိုလှောင်မှု) ပမာဏကို စိတ်ပူစရာမလိုတော့ပါဘူး။ ဒေတာသိမ်းဆည်းမှုမှာလည်း မိမိအသုံးပြုတဲ့ ပမာဏကို မူတည်ပြီးတော့ ငွေပေးချေရမှာ ဖြစ်ပါတယ်။
လက်ရှိအသုံးပြုသူတွေ အနေနဲ့ကတော့ ရှည်ရှည်ဝေးဝေးပြောနေစရာမလိုအောင် အကျိုးရလဒ်တွေနှင့် ဆောင်ရန်ရှောင်ရန်တွေကိုလည်း သိကြလိမ့်မယ်ဆိုပေမယ့်၊ အရေးကြီးတစ်ခုအနေနှင့်ကတော့ မိမိရဲ့ အချက်အလက်တွေ လုံခြုံစိတ်ချရမှုရှိအောင် username နှင့် password တွေကို အခြားသူတစ်ဦးတစ်ယောက်ကို မပေးမိစေဖို့တော့ သတိပေးပရစေ။ နောက်ပြီး password ကိုလည်း မှတ်ရလွယ်အောင်ဆိုပြီး အခြားသူက မှန်းလို့ရနိုင်မယ့် ဟာမျိုး မပေးမိစေဖို့လည်း သတိထားပါ။
Cloud Computing ကို အသုံးပြုမယ်ဆိုရင် ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတွေကတော့အများကြီး ရှိတဲ့ အထဲမှာမှ - ကျနော်တို့ မြန်မာနိုင်ငံမှာပထမဦးဆုံး အကြိမ်အဖြစ် မိတ်ဆက်ခဲ့တဲ့ Telenor ရဲ့ Capture App အကြောင်းလေးကို လည်း အနည်းငယ်မျှဝေချင်ပါတယ်ဗျာ။
ဝန်ဆောင်မှုကို စတင်အသုံးပြုတဲ့ မည်သူမဆို 2 GB ရရှိမှာဖြစ်ပြီး အကြမ်းအားဖြင့် ပုံပေါင်း ၁၀၀၀ ကို မှတ်သားထားနိုင်ပါမယ်။ နောက်ပြီး အခြားကိုယ့်ရဲ့ သူငယ်ချင်းများ၊ မိတ်ဆွေများနှင့်လည်း မျှဝေနိုင်ဦးမှာ ဖြစ်ပါတယ်။ ဓါတ်ပုံအယ်ဘမ်များ၊ ဗီဒီယိုများကို စုစည်းပြီး သူငယ်ချင်းမိတ်ဆွေများနှင့် stories ဆိုပြီးတော့ လည်း ဝေမျှနိုင်ပါတယ်။ နောက်ပြီး ကိုယ် ဖိတ်ခေါ်လိုက်တဲ့သူငယ်ချင်း မိတ်ဆွေတွေဟာဆိုရင်လည်း ပုံများ တင်ခြင်းနှင့် မှတ်ချက်(Comments) များပေးချင်းကို လုပ်ဆောင်နိုင်မှာပါ။ ဓါတ်ပုံများ ရိုက်ယူတဲ့အခါမှာ ဆိုရင်လည်း အလိုလျောက် သိမ်းဆည်းပေးနိုင်တဲ့ လုပ်ဆောင်ချက်များလည်း ပါဝင်ပါတယ်။
0 comments:
Post a Comment