iPad Pro ဟာဆိုရင် မနေ့ကပဲ တရားဝင်စတင်ရောင်းချနေပြီဖြစ်ပါတယ်။ နောက်ပြီး App Store မှာဆိုရင်လည်း Apple ဟာ အနည်းငယ် ပြင်ဆင်မှုတွေနှင့် အသစ်ထပ်မံပါဝင်လာတဲ့ Features တွေကို ကိုလည်း ထည့်သွင်းခဲ့ပါတယ်။ အဓိကအားဖြင့်တော့ ၁၂.၉ လက်မရှိတဲ့ Retina Display ပါဝင်တဲ့ iPad Pro အတွက်ဖြစ်ပါတယ်။
ပထမဦးဆုံး feature ကတော့ iPad Pro အတွက် အကောင်းဆုံးပြုလုပ်ထားတဲ့ Games တွေပဲဖြစ်ပါတယ်။ Apple ဟာ ဒီလိုပြုလုပ်လိုက်ခြင်းအားဖြင့် သူ့ရဲ့ အဆင့်မြှင့်တင်ထားတဲ့ iPad Pro ရောင်းအားကို သိသိသာသာ တက်လာစေဖို့ရည်ရွယ်ထားပုံရပါတယ်။ ဒီ Feature မှာဆိုရင် နာမည် ကြီး Apps တွေဖြစ်တဲ့ Shadowmatic, Geometry Wars, Broken Age, Smash Hit, Lumino City, Horizon Chase, နဲ့ နောက်ပြီး အခြား ဂိမ်းတွေလည်း အများအပြားပါဝင်ပါတယ်။ Apple က သူ့ရဲ့ iPad Pro ရဲ့ ဂိမ်းကစားနိုင်စွမ်းကို အခုလိုပြောပါတယ် -
အရယ်အစားနှင့် စွမ်းဆောင်နိုင်စွမ်း မြင့်မားမှုဟာ သင့်ကို စိတ်ချမ်းသာမှု အပြည့်နှင့် ဂိမ်းများကို ကစားနိုင်စေမှာပါ။ ရင်သက်ရှုမောဖွယ် ရုပ်ထွက်စွမ်းရည်နှင့် ထင်မှတ် မထားရ လောက်တဲ့ သူ့ရဲ့ စွမ်းဆောင်ရည်ဟာ သင့်ကို လက်မလွတ်တမ်း စွဲလမ်းစေမှာပါ။
ဒုတိယအချက်အနေနှင့် iPad Pro အတွက် အထူးပြုလုပ်ထားတဲ့ ဂိမ်းမဟုတ်တဲ့ အခြား အသုံးဝင်မယ့် application တွေဖြစ်ပါတယ်။ ဒီမှာဆိုရင် Apple Pencil အတွက် အကောင်းဆုံးပြု လုပ်ထားတဲ့ uMake, Evernote, Paper by 53, Notability နှင့် အခြားသော App များလည်း ပါဝင်ပါတယ်။ Apple ကတော့ Desktop-Class app လို့ လည်း ဆိုပါတယ်။ သူ့ရဲ့ ကိုယ်ပိုင် apps တွေဖြစ်တဲ့ Numbers, Pages နှင့် Keynote အပါအဝင် Microsofts ရဲ့ Word, Excel နှင့် PowerPoint စတဲ့ app တွေလည်း ပါဝင်ပါတယ်။ အခြားသော နာမည်ကြီးလူသုံးများတဲ့ AutoCad 360, Pixelmatr နှင့် OmniFocus 2 တွေဟာဆိုရင်လည်း ထပ်မံထည့်သွင်းသွားမယ်လို့လည်း သိရပါတယ်။
စိတ်ဝင်စားစရာကောင်းတာက ဒီ Features အသစ်ထပ်မံထည့်သွင်းထားတာတွေထဲမှာမှ တချို့ app တွေဟာ iPad Pro အတွက် မဟုတ်သေးတာပါပဲ။ ထည့်သွင်းအသုံးပြုမယ်ဆိုရင်လည်း အဆင်ပြေပြေ သုံးလို့ရမှာဖြစ်ပါတယ်။ မနေ့ကပဲ iPad Pro ကို oline ရော Retail Stores တွေမှာပါ စတင်ရောင်းချနေပြီဖြစ်ပါတယ်။ တချို့သော review တွေမှာတော့ Apple ရဲ့ iPad Pro ဟာ Laptop တွေအတွက် အစားထိုးမဖြစ်နိုင်ဘူးလို့ ပြောဆိုနေတာတွေကိုလည်း မြင်တွေ့နေရပါတယ်။
ref : 9to5mac.com
0 comments:
Post a Comment