Windows 7 နှင့် 8.1 ပါတဲ့ PC တွေကို ဝယ်သုံးဖို့အတွက်စဥ်းစားနေတုံးလား ? တစ်နှစ်တောင်မရှိတော့တဲ့ အချိန်သာ ကျန်ပါတော့တယ်။ အကြောင်းကတော့ Microsoft က သူတို့ ရဲ့ OS နှစ်ခုဖြစ်တဲ့ ဒီ Win 7 နှင့် 8.1 ပါဝင်ပြီးသား PC တွေကို ဆက်လက်ရောင်းချတော့မှာ မဟုတ်တော့လို့ပါ။
အောက်တိုဘာလ နောက်ပိုင်း Microsoft ရဲ့ Windows များရဲ့ သက်တမ်း မှတ်တမ်းထဲမှာ ရေးထားတာက အောက်တိုဘာ 31 ရက် ၂၀၁၆ ဆိုရင် Win 7 နှင့် 8.1 ပါဝင်တဲ့ PC တွေ ရောင်းချမှုကို ရပ်ဆိုင်းတော့မှာဖြစ်ပါတယ်။ ဒီရက်စွဲပိုင်းအချိန်ကျော်သွားပြီဆိုရင်တော့ သုံးစွဲသူတွေ အတွက် Window 10 သာပါဝင်တဲ့ ကွန်ပျူတာအသစ်များကို ဝယ်ယူသုံးစွဲရတော့မှာပဲဖြစ်ပါတယ်။ လုပ်ငန်းသုံးတွေ အတွက်ကတော့ ချွင်းချက်အနေနှင့် ရှိနေမှာဖြစ်ပြီး လိုင်စင် သဘောတူညီချက် များနှင့်အတူ ဘယ် Windows ဗားရှင်းကို လိုချင်လည်းဆိုတာကို ရွေးချယ်ခွင့်ရှိဦးမယ်လို့လည်း သိရပါတယ်။
ဒီ deadline ဟာ Windows 7 နှင့် အသုံးပြုရတာ အဆင်ပြေလွယ်ကူနေပြီး နောက်ထပ် PC အသစ်တစ်လုံးကို OS အသစ်တစ်ခုနှင့် ပြောင်းလဲအသုံပြုဖို့အတွက် အခက်အခဲ ရှိနေသူတွေ အတွက်ကတော့ တကယ့်ကို ဖိအားတစ်ခုလိုပါပဲ။ Microsoft အတွက်ကတော့ သူရဲ့ Windows အတစ်တစ်ခုဖြစ်ပြီး PCs တွေ Tablets တွေနှင့် Mobile ဖုန်းတွေအားလုံးကို apps များ အတူတကွ အသုံးပြုနိုင်မယ့် Windows 10 ကို 1 billion သော အသုံးပြုသူတွေလက်ထဲ ရောက်ရှိဖို့အတွက် တကယ့်ကို အရေးပါတဲ့ ခြေလှမ်းတစ်ခုပဲဖြစ်ပါတယ်။
Windows 7 အသုံးပြုသူတွေကတော့ ဘာလို့ဒီလို လုပ်ရတာလည်းဆိုတာကို သိပ်လည်း နားလည်ပုံ ရမှာမဟုတ်ပါဘူး။ Microsoft ဟာ ပုံမှန်အားဖြင့် Windows ဗားရှင်းအသစ်တစ်ခုကို ထုတ်ပြီးနောက် ၂ နှစ် ဆိုတာနှင့် အရင် အဟောင်းကို ရောင်းချဖို့ ရပ်ဆိုင်းတတ်ပါတယ်။ ဆိုလိုတာက Windows 7 ဟာဆိုရင် သူ့ရဲ့ ရပ်ဆိုင်းမယ့် ရက်စွဲဟာ အောက်တိုဘာ ၂၀၁၄ ဖြစ်ပါတယ်။ ဒါဟာ Windows 8 ထွက်ပြီး နောက် ၂ နှစ် အချိန်ကာလပဲဖြစ်ပါတယ်။ ဒါပေမယ့် သုံးစွဲသူတွေဟာ Windows 8 ထက် Windows 7 ကို ပိုပြီး မျော်လင့်ထားလို့သာ အချိန်ကာလ ကြာနေတာပဲဖြစ်ပါလိမ့်မယ်။
Windows 7 ကိုပဲ ဆက်လက်အသုံးပြုချင်သူတွေအတွက်ကလည်း စိုးရမ်စရာတော့ မရှိကသေးပါဘူး။ အကြောင်းက ဇန်နဝါရီလ ၁၄ ရက် ၂၀၂၀ ခုနှစ်အထိကို နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့တွေပေးနေဦးမှာပါ။ သဘောကတော့ လုံခြုံရေးဆိုင်ရာ အဆင့်မြှင့်ပေးတဲ့ updates တွေနှင့် သုံးစွဲရအဆင်မပြေမှုတွေကို ဖြေရှင်းပေးမယ့် updates တွေကို ရနေဦးမယ်လို့ ဆိုလိုချင်တာပါ။ အဲဒီလိုပဲ Windows 8 အတွက် နည်းပညာထောက်ပံ့မှုတွေကတော့ ဇန်နဝါရီလ ၁၀ ရက် ၂၀၂၃ ခုနှစ်အထိ ပေးနေဦးမှာလည်းဖြစ်ပါတယ်။
ဒါ့အပြင် Windows 7 နှင့် 8.1 ရဲ့ အဆုံးသတ်ရက်စွဲတွေဟာ Microsoft ရဲ့ Windows 10 ကို အသုံး ပြုဖို့ တွန်းအားတစ်ခုဖြစ်နေပါတယ်။
ဇူလိုင်လ ကုန်ခါနည်းမှာ မိတ်ဆက်ပေးခဲ့တဲ့ OS အသစ်တစ်ခုဖြစ်တဲ့ Windows 10 ဟာ လက်ရှိ Windows 7 နှင့် Windows 8.1 အသုံးပြုသူတွေအတွက် အခမဲ့ upgrade ကိုလည်း ပေးခဲ့ပါတယ်။နောက်ပြီး Microsoft ဟာ လက်ရှိ Windows ကူးခွေတွေကို အသုံးပြုနေတဲ့ သူတွေဆီကိုလည်း OS အသစ်ထွက်ရှိကြောင်းနှင့် အခမဲ့ upgrade ရယူအသုံးပြုနိုင်မည့် အကြောင်းကိုလည်း အမြဲလိုလို သတိပေးနေတတ်ပါတယ်။ လက်ရှိမှာတော့ Windows 10 အဆင့်မြှင့်တင်မှုဟာ အပိုဆောင်း Update အနေနှင့်ပဲ ရှိနေမှာဖြစ်ပြီး နောက်နှစ်အတွင်း မတင်မဖြစ် အနေနှင့် အပြင် အကြံပြုချက် တစ်ခုအဖြစ် update ကို ပြောင်းလဲသွားဖို့ အစီအစဥ်ရှီနေကြောင်း Devices Group ရဲ့ Executive Vice President ဖြစ်တဲ့ Terry Myerson က လွန်ခဲ့တဲ့ အပတ်ကပဲ ပြောကြားခဲ့ပါတယ်။
Ref : cnet.com
0 comments:
Post a Comment