Tech Pop
  • Home
  • My Facebook
  • Contact Me

Wednesday, March 23, 2016

iPhone 6 ကို ဝယ်ဖို့ စိတ်ကူးရှိနေသေးရင်

 Paw Oo     6:12 PM     Apple, Review     No comments   



အစကတော့ မရေးတော့ပါဘူးလေဆိုပြီး တေးထားလိုက်တာ။ ဒါပေမယ့် မအောင့်နိုင်တော့ဘူး :P ကိုလည်း iPhone 6 လေး ကိုင်ထားတာဆိုတော့လည်း ဘယ်ခံနိုင်ပါတော့မလည်းဗျာ။ ဟိုဆိုဒ်လေး ဖတ်လိုက်ပြန်တော့လည်း Review က မကောင်း ဒီဆိုဒ်လေး ဖတ်လို်က်ပြန်တော့လည်း Review က မကောင်းဆိုတော့လည်း .... 

အခုဆို Apple Special ပွဲလေးလည်းပြီးသွားခဲ့ပြီဆိုတော့ အားလုံးမြင်နေတွေ့နေရပြီဖြစ်တဲ့ iPhone SE ဟာ ဆိုရင် iPhone 6s လိုပဲစွမ်းဆောင်ရည်တွေရှိနေပြီး iPhone 6 ကို အပြတ်အသတ် ကန်ထုတ်လိုက်သလိုများ ဖြစ်သွားသလားဆိုတာ စဉ်းစားစရာပါ။ လက်ရှိမှာပြောရရင် iPhone 6s ထက် iPhone 6 သုံးနေတဲ့သူတွေများနေလိမ့်ဉီးမယ်လို့ကျနော်ထင်တာပဲ။

အကယ်၍ သင်လည်း စားသုံးသူတစ်ယောက်အနေနှင့်ကြည့်မယ်ဆိုရင် ၄ လက်မသာရှိတဲ့ iPhone SE ဟာဈေးနှုန်းမှာဆိုရင်လည်း $399 နှင့်စတင်ရောင်းချမှာဖြစ်တဲ့အတွက် iPhone 6s Budget Version လို့ဆိုနိုင်ပါတယ်။ သင်ဟာ လက်ရှိသုံးနေတဲ့ အလည်အလတ်တန်းစား ဖုန်းတစ်လုံး(ဒါမှမဟုတ်) iPhone 4, 4s, 5, 5s တို့ကနေ ပြောင်းသုံးဖို့စဉ်းစားနေတဲ့ သူတစ်ယောက်ဆိုရင်တော့ သေချာတာကတော့ iPhone SE လိုစွဲဆောင်မှုရှိပြီး စျေးနှုန်းလည်း သင့်တဲ့အပြင် ​Apple လေးကိုလည်း ကြွားကြွားလေး ကိုင်သုံးရမယ်ဆိုရင်တော့ လုံးဝကို စဉ်းစားရွေးချယ်သင့်တဲ့ ရွေးချယ်မှု တစ်ခုလည်းဖြစ်ပါတယ်။ ဒီတော့ ပြောချင်တာက iPhone 6s လို စွမ်းဆောင်ရည်မြင့်မြင့်နှင့် iPhone SE ဟာ iPhone 6 ကို အစတုံးလိုက်ပြီလားပေါ့နော်။ ဒါဒါကတော့ဒါပေါ့လေ SE က Hardware မှာလည်း အသာကြီးကိုဗျ။ အောက်မှာ ကျနော် ဆက်ရေးထားတာလေးတွေတစ်ချက်ကြည့်ပြီး ကိုယ်တိုင်ပဲ ဆုံးဖြတ်ကြည့်လိုက်ပါဗျာ။

ထင်သာမြင်သာရှိမယ့် အချက်တွေပေါ့ဗျာ လူပိန်းနားလည်းမယ့် အချက်လေးတွေအရင် ပြချင်ပါတယ်။
4 inch iPhone SE , 16 GB ကို ဒေါ်လာ ၄၀၀ က စတယ် ၆၄ GB ကို ဒေါ်လာ ၅၀၀ ပါ။ 4.7 inch ရှိတဲ့ iPhone 6 ပေါ့နော် SE အောက်လည်း Hardware/Specs တွေလည်းနိမ်တဲ့ ဖုန်းက 16 GB ကို ဒေါ်လာ ၅၅၀ နှင့် 64 GB ကို ဒေါ်လာ ၆၅၀ ဖြစ်ပါတယ်။ နောက်ထပ် 4.7 inch iPhone 6s ပေါ့နော် iPhone SE နှင့် Specs တွေအတူတူပါပဲ သူကတော့ 16 GB ကို ဒေါ်လာ ၆၅၀ နှင့် 64 GB ကို ဒေါ်လာ ၇၅၀ ဖြစ်ပါတယ်။

အတွင်းပိုင်းသုံးထားတဲ့ အစိတ်အပိုင်းတွေမှာ အဓိက ကျပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ A9 Processor ကို SE မှာလည်း သုံးထားပါတယ်။ ဈေးလေး လျော့ထားရလို့လားတော့မသိပါဘူး နည်းနည်းလေးတော့ 6s ထက်စာရင် စွမ်းဆောင်ရည် လျော့ပါတယ်။ နောက်ပြီးတော့ Motion Processor M9 ကိုပဲ သုံးထားပြီးတော့ “Hey, Siri” ဆိုပြီး အချိန်မရွေး ခေါ်ပြီးခိုင်းလို့ရမယ့် Siri Always On Feature တွေလည်း လုပ်ဆောင်နိုင်ပါတယ်။ Accelerometer ကလည်း အတူတူပဲသုံးထားပါတယ်။ ဒီတော့ တွေးကြည့်လိုက်တာနှင့်တင်ပဲ SE ဟာ လုပ်ဆောင်မှုပိုင်းမှာလည်း iPhone 6 ရဲ့ A8 Processor ထက် မြန်မှာဖြစ်တဲ့အပြင် အခြားအရေးကြီးတဲ့ RAM မှာဆိုရင်လည်း SE က 6 ထက် သာသွားပြန်ပါတယ် ( 2 GB Vs 1 GB ) ပေါ့နော်။ ထူးထူးခြားခြား ဈေးနှုန်းကျပြန်တော့လည်း ထင်ထားတာထက်တောင် သူက သက်သာနေပြန်တယ်။ ဟိုးအရင်ကဆိုရင်လည်း Apple ဟာ ဈေးသက်သာတဲ့ update လေးတွေပြုလုပ်ခဲ့ဖူးပါတယ်။ ဉပမာ iPad Models တွေဆိုရင်ပေါ့။


ကင်မရာပိုင်းမှာဆိုရင်လည်း iPhone SE ရဲ့ အနောက်မှာဆိုရင် 12-Megapixel iSight ကိုအသုံးပြုထားတာဖြစ်ပြီး iPhone 6s နှင့်အတူတူပါပဲ။ ဒါ့အပြင် 4K video ၊ Live Photos နှင့် Facetime HD Camera နှင့် Retina Screen Flash တို့လည်း ပါဝင်ပါတယ်။ ပြောရရင် ဒီ ဈေးနှုန်းဝန်းကျင်မှာ Apple ဟာ ဒီလို ကင်မရာအရည်အသွေးရှိရှိထည့်ပေးထားတယ်ဆိုတာပြောရရင် တကယ်ရောဟုတ်ပါ့မလားလို့ ထင်မိပါသေးတယ်။ ထပ်ပြောရဉီးမယ်ဆိုရင် ဈေးလည်းကြီးပြီး 8 Mp သာရှိတဲ့ iPhone 6 အတွက်တော လည်မျို အနင်းခံရသလိုပဲဗျာ။
  • Share This:  
  •  Facebook
  •  Twitter
  •  Google+
  •  Stumble
  •  Digg
Email ThisBlogThis!Share to XShare to Facebook
Newer Post Older Post Home

0 comments:

Post a Comment

Translate To Your Own Language

Popular Posts

  • Outlast 2 ကိုကစားမယ်ဆိုရင် မသိမဖြစ်တဲ့အချက် ၇ ချက် ( Uni and Zawgyi )
    Outlast ဂိမ်းဟာ ကစားသူတိုင်းအတွက် ဘယ်လောက်တောင် မျှော်လင့်ချက်မဲ့ပြီး သွေးပျက်ထိတ်လန့်ဖွယ်ကောင်းလည်းဆိုတာ အားလုံးနဲ့အထူးတလည်ပ...
  • တကြော့ပြန် Nokia
    ပိုင်ရှင်အသစ်နှင့်အတူ Nokia ဟာ အခုဆိုရင် ပထမဦးဆုံး Android Smart Phone အသစ်တစ်လုံးကို စတင် မိတ်ဆက်လိုက်ပြီဖြစ်ပါယ်။ Nokia ကို Micros...
  • MPT CO-Branded Device M50 နှင့် ခဏတာ Review
    Good - ဖုန်းရဲ့တည်ဆောက်ပုံနှင့် ဒီဇိုင်းအသွင်အပြင်ဟာဆိုရင် လေးထောင့်ကျကျနှင့် Smart ဖြစ်ပါတယ်။ လက်ထဲမှာကိုင်ရတာလည်း အဆင်ပြေပြီး သုံး...
  • 2018 မှာထွက်ရှိလာမယ်လို့ မျှော်လင့်ရတဲ့ Darksiders 3
    Darksiders 1 ရဲ့ဗားရှင်းအသစ်ဖြစ်တဲ့ Darksiders: Warmastered Edition ကို လတ်တလောကမှ PC, PS4 နဲ့ Xbox One အစရှိတဲ့ platform အသီးသီ...
  • ဖုန်းမှန်ဟာ တော်ရုံ မကွဲတဲ့အပြင်၊ ကွဲခဲ့ရင်တောင် သူ့အလိုလို ပြန်ပြင်မယ်ဆိုတဲ့ Motorola
    Motorola ဖုန်းကုမ္ပဏီဟာ ထုတ်လုပ်တဲ့ ဖုန်းတွေရဲ့ မှန်တွေကို တော်ရုံတန်ရုံ မကွဲဘူးဆိုတာလောက်နှင့် မဟုတ်ပဲ ကွဲသွားရင်တောင် သူ့အလိုလို ပ...

About Me

Paw Oo
View my complete profile

Categories

Accessories (1) Acer (1) Alphabet (2) Android (8) Apple (34) Article (3) Comparing (1) Danger (1) Drone (3) Event (1) Facebook (4) Gaming Laptop (3) Get Chance (2) GoPro (1) Google (5) Google Maps (1) How To (1) Knowledge (1) Laptop (4) Mac (8) MacBook (5) MacBook Pro (1) Market (1) Mi Notebook (1) Microsoft (8) Microsoft Surface Studio (1) Mobile Devices (2) Musics (1) Note Series (1) Photography (1) Polls (1) Razer Blade (1) Review (2) Rumours & Leaks (2) Samsung (5) Technology (8) Telenor (1) Windows 10 (3) Windows 7 (1) Windows 8 (1) Workplace (1) Xiaomi (2) iOS App (3) smartphones (2)

Blog Archive

  • ►  2018 (1)
    • ►  August (1)
  • ►  2017 (35)
    • ►  November (1)
    • ►  October (1)
    • ►  September (1)
    • ►  August (3)
    • ►  July (8)
    • ►  June (10)
    • ►  May (3)
    • ►  April (3)
    • ►  March (3)
    • ►  January (2)
  • ▼  2016 (48)
    • ►  November (2)
    • ►  October (5)
    • ►  September (13)
    • ►  August (10)
    • ►  July (3)
    • ►  June (4)
    • ►  May (2)
    • ▼  March (4)
      • iPhone 6 ကို ဝယ်ဖို့ စိတ်ကူးရှိနေသေးရင်
      • Human Rights Depend on Encryption လို့ ပြောလာနေတဲ့
      • iPhone SE လို့ဆိုလာတဲ့ C Net
      • Gamer တွေမျှော်လင့်ခဲ့တဲ့အရာတစ်ခုလို့ပြောရမယ့် Raz...
    • ►  January (5)
  • ►  2015 (24)
    • ►  December (3)
    • ►  November (11)
    • ►  October (9)
    • ►  September (1)

Tech Pops

Copyright © Tech Pop | Powered by Blogger
Design by Hardeep Asrani | Blogger Theme by NewBloggerThemes.com | Distributed By blogger Templates