လက်ရှိ ဂိမ်မာတွေအနေနဲ့ကတော့ မျှော်လင့်ထားခဲ့ရတဲ့ အရာတစ်ခုဖြစ်လာပြီလို့ပြောလို့ရမယ့် နည်းပညာတစ်ခုဖြစ်မှာပါ။ ပြောရရင် နည်းပညာဟာ လုံးဝအသစ်ကြီးမဟုတ်ပါဘူး။ လက်ရှိ Thunderbolt 3.0 ပါရှိတဲ့ Laptop တိုင်းနီးပါးမှာ အလုပ်လုပ်မယ့် နည်းပညာလို့ဆိုရမှာပါ။
Thunderbolt 3.0 ဟာဆိုရင် PCIe လောက် မြန်နှုန်းမရှိပေမယ့်လည်း လက်ရှိ USB 3.0 ထက်တော့ အဆများစွာသာတဲ့ မြန်နှုန်းမြင့် Port တစ်ခုဖြစ်ပါတယ်။ PCIe 2.0 ဟာဆိုရင် သီအိုရီအရ မြန်နှုန်း 5GT/s ရှိပြီး 3.0 ဟာဆိုရင် ၂ ဆအမြန်နှုန်းနီးပါးရှိပါတယ်။ Thunderbolt 3.0 ဒီအမြန်နှုန်းကို မမှီဘူးဆိုပေမယ့်လည်း 40 Gbps နီးပါးအမြန်နှုန်းရှိတဲ့ port တစ်ခုဖြစ်ပါတယ်။ အခုဆိုရင် ဒီနည်းပညာကို အသုံးချပြီး ဂိမ်းလောကစျေးကွက်မှာ ကီးဘုတ်တွေ မောက်စ်တွေအပြင်အခြား အသုံးအဆောင်ပစ္စည်းတွေနှင့် နာမည်ရနေတဲ့ Razer Blade က Razer Core ဆိုတဲ့ Gadget တစ်ခုကို ဖန်တီးလိုက်တာဖြစ်ပါတယ်။
ရှေ့လက CES 2016 မှာပြသခဲ့တဲ့ Razer Blade Stealth Laptop အကြောင်းကတော့ လူသိလည်းများခဲ့ပြီး Razer Blade သက်တမ်းတစ်လျောက်မှာ ဈေးအသင့်အတင့်နှင့် အကောင်းဆုံးပစ္စည်းတစ်ခုလို့တောင် လူတွေက ပြောစမတ်တွင်ခဲ့ရပါတယ်။ အဲ့ဒီ လက်တော့ဟာဆိုရင် သိတဲ့အတိုင်းပဲ Razer Blade ဟာ Game နဲ့ပတ်သက်တဲ့ နယ်ပယ်မှာပဲ ကျင်လည်ခဲ့တာဆိုတော့ ဂိမ်းမာ တွေအကြိုက် ထုတ်ခဲ့တာပါပဲ။ ထူးခြားတာတစ်ခုက ဒီ လက်တော့မှာက Graphic ကဒ် Dedicated မပါလာတာပါ။ ဂိမ်မာတွေအတွက် အရေးကြီးတဲ့ ဒီ Graphic ကိုမှ ကွက်ချန်ထားပြီး အခြားနည်းပညာတွေဖြစ်တဲ့ Touch Screen တွေ၊ Keypad မှာ Back light တွေအပြင်၊ UHD/4k Display တွေသာပါလာခဲ့ပါတယ်။ ပြောရရင် Apple Device တစ်ခုဖြစ်တဲ့ iPhone တစ်လုံးဟာ App Store မပါလာတာနဲ့တူပါတယ်။ ဂိမ်းလို့ပြောလိုက်တာနဲ့ မြန်နှုန်းမြင့် တွက်ချက်လုပ်ဆောင်နိုင်တဲ့ GPU တစ်ခုကိုလိုအပ်တယ်ဆိုတာ ဂိမ်မာတိုင်းအသိပါ။ နောက်ပြီး ဂိမ်းလက်တော့တွေ တော်တော်များများမှာက ဈေးကြီးပေးဝယ်ရပြီး တခဏလေးအတွင်းတန်ဖိုးကျသွားရတဲ့ပြဿနာထက် ဂိမ်းတစ်ခုရဲ့ လိုအပ်ချက်တွေက မြင့်မားလာပြီး လက်တော့က ခဏလေးအတွင်း Date Out သွားရတဲ့ပြဿနာကအကြီးဆုံးပါ။ ဒါကို Razerblade က ပါးနပ်စွာနှင့်ဖန်တီးလိုက်တဲ့ Razer Blade Stealth Laptop အပြင် Razer Core System ဆိုတဲ့ Desktop Level Graphic ကို ဂိမ်း လက်တော့မဟုတ်တဲ့ အခြားလက်တော့တွေနှင့်ပါ တွဲဖက်ပြီး အသုံးပြုနိုင်တဲ့ အရာတစ်ခုကို ဖတ်တီးပေးလိုက်တာပဲဖြစ်ပါတယ်။
လက်ရှိအချိ်န်မှာတော့ CES 2016 မှာ လူပြောများပြီး Hot ဖြစ်နေတာကလည်း Razer Blade Stealth Laptop နှင့် Razer Core လို့ဆိုရင်လည်းမမှားပါဘူး။ လက်ရှိမှာတော့ Razer Balde Stealth Laptop ဟာ $ 999.9 ကနေစပြီး ရောင်းချမှာဖြစ်ပြီးတော့၊ Razer Core ကိုဆိုရင်တော့ $499 နှင့် Preorder လုပ်ပြီး ဝယ်ယူရမှာဖြစ်ပါတယ်။ တစ်ခုရှိတာက Razer Core ကတော့ နည်းနည်းဈေးများတယ်ဆိုရမယ်။ ဘာလို့လည်းဆိုတော့ Aliean Ware ကလုပ်တဲ့ Graphic Amplifier ဟာဆိုရင် $ 300 ဝန်းကျင်ပဲရှိပြီး Nvidia Titan ထိတောင် အလုပ်လုပ်နိုင်တယ်ဆိုပဲ။ ထားပါလေ ဒါပေမယ့်လည်း Razer Blade Core ကတော့ Thunder Bolt 3.0 ပါတဲ့ လက်တော့တိုင်းနှင့်အလုပ်လုပ်မယ့် ပုံပဲ။ နောက်ပြီး Razer Core ကို ချိတ်ဆက်လိုက်တိုင်းမှာ Computer ကိုတောင် Reboot လုပ်စရာမလိုဘူးတဲ့။ တစ်ခုရှိတာက Razer Core ဈေးအပြင် ကိုယ်သုံးမယ့် Graphic Card ဖိုးကိုလည်း ထည့်တွက်ဖို့မမေ့နဲ့ဉီးဗျို့။ လတ်တလော့တော့ CES 2016 မှာ ဒါလေး ကြိုက်တာတွေ့လို့ ကိုယ့် ဘလော့ကနေ ချဲလိုက်တာ။
လက်ရှိ Razer Core နှင့် အလုပ်လုပ်နိုင်တဲ့ Graphic Cards တွေကိုလည်း အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ Razer Stealth Laptop နှင့် Razer Core Video လေးကိုတော့ အောက်မှာ ကြည့်ပေးဉီးဗျာ
- AMD Radeon R9 Fury
- AMD Radeon R9 Nano
- AMD Radeon R9 300 Series
- AMD Radeon R9 290X
- AMD Radeon R9 290
- AMD Radeon R9 280
- Nvidia GeForce GTX Titan X
- Nvidia GeForce GTX 980 Ti
- Nvidia GeForce GTX 980
- Nvidia GeForce GTX 970
- Nvidia GeForce GTX 960
- Nvidia GeForce GTX 950
- Nvidia GeForce GTX 750 Ti
- Nvidia GeForce GTX 750
0 comments:
Post a Comment