တရုတ်အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Xiaomi ဟာဆိုရင် မကြာခင်အချိန်မှာပဲ ပထမဦးဆုံး Drone မိတ်ဆက်တော့မယ်ဆိုတဲ့အကြောင်း ကိုယ်ပိုင် Forum မှာ တစွန်းတစ ကြားသိခဲ့ရပါတယ်။ ပုံမှန် Android Devices တွေထက် Quad-Copter ဈေးကွက်ကို ပထမဦးဆုံးခြေလှမ်းစခြင်းပဲဖြစ်ပါတယ်။
Xiaomi ဟာဆိုရင် သိပ်ကိုစိတ်ဓါတ်ပြင်းပြတဲ့ ကုမ္ပဏီတစ်ခုပါ။ အခုဆိုရင် အဓိကအားဖြင့် Smartphone ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုအနေနှင့် လူတိုင်းသိနေကြပြီဖြစ်ပါတယ်။ အကောင်းဆုံးသော စွမ်းဆောင်ရည်မြင့် ဖုန်းတွေကို ဈေးသက်သက်သာသာနှင့် ထုတ်လုပ်ရောင်းချပေးနေတာလည်းဖြစ်ပါတယ်။ လတ်တလောလေးကထွက်ရှိထားတဲ့ Mi Max Phablet လို ဟာမျိုးကိုကြည့်ရင်ပဲ စွမ်းဆောင်ရည်ကောင်းပြီး ဈေးလည်းသက်သာတယ်ဆိုတာရှင်းရှင်းလေးပါ။
ဒီလို နည်းပညာတွေအပြင် ကောင်းမွန်တဲ့ ဈေးကွက်ထိုးဖောက်မှုစနစ်ကြောင့်လည်း တရုတ်နိုင်ငံရဲ့ အကြီးဆုံး ကုမ္ပဏီတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်နေတာပေါ့ဗျာ။ အခုဆိုတော့ Xiaomi ဟာ နိုင်ငံတကာက လေထဲပျံနေတဲ့ ဈေးကွက်ထဲ အခုဆိုရင် ခြေစလှမ်းတော့မှာဖြစ်ပါတယ်။ ကုမ္ပဏီဟာဆိုရင် သူ့ရဲ့ ပထမဦးဆုံး Drone ကို ၂၅ ရက်နေ့ တရုတ်စံတော်ချိန် ည ၇ နာရီမှာ ထုတ်ဖော်ပြသသွားမည်ဆိုပြီး မထင်မခြားပုံရိပ်ကလေးတွေနှင့်အတူ မျော်လင့်ချက်ကလေးတွေတော့ ပေးသွားပါတယ်။
Xiaomi ချစ်သူတွေအတွက်ကတော့ တစုံတစ်ခုသော စောင့်စားနေရတဲ့အရာတစ်ခုဟာကျွနု်ပ်တို့ဆီကို မကြာခင်ပျံဝဲလို့လာတော့မှာဖြစ်ပါတယ်။ဝါးလေယာဥ်ကလေးများ ဖြစ်နေမလားပေါ့ဗျာ။ 😋 တရုတ်မှာတော့ ဒီပစ္စည်းကလေးဟာ အတောင်ပံလေးတွေပါပြီး အစောဆုံး ပျံသန်းနိုင်တဲ့ တုတ်ချောင်းကလေးတစ်ချောင်း နောက်ပြီး လက်ထဲမှာလည်နေပြီး လွှတ်လိုက်တဲ့အခါ လေထဲကို လှလှပပ ပျံတက်သွားမည့် ကစားစရာလေးများ လား . . .?
၂၀၁၆ ဟာဆိုရင် တရုတ် ကုမ္ပဏီတွေအတွက် အတော့်ကို အလုပ်များတဲ့ နှစ်ပဲဗျ။ ပထမဦးဆုံးအနေနှင့်ပေါ့ဗျာ Xiaomi ဟာဆိုရင် သူ့ရဲ့ Mi 5 ကို တရုတ်နိုင်ငံရဲ့ ပြင်ပ ဘာစီလိုနာ မှာ ဖေဖော်ဝါရီလက မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ဒါထက်ကို ပြီးခဲ့တဲ့ Google’s I/O မှာလည်း Xiaomi က Google ရဲ့ Daydream VR နည်းပညာကို ထောက်ပံ့ထားတဲ့ Android TV Box ကိုလည်း မိတ်ဆက်ပြသခဲ့ပါသေးတယ်။
Ref: 9to5google
0 comments:
Post a Comment