Apple ရဲ့အချိန်ကို ကျရောက်လို့လာပါပြီ။ ၂၁ ရက် မတ်လ ၂၀၁၆ ဖြစ်ပါတယ်။ မြန်မာ စံတော်ချိန် ၁၁ နာရီ ခွဲဖြစ်ပါတယ်။
လာမယ့် တနင်္လာနေ့ဟာဆိုရင် Apple ရဲ့ ထုတ်ကုန်အသစ်တစ်ခုကို မိတ်ဆက်မယ့် အချိန်လို့ C Net ကတော့ ဆိုလိုက်ပါပြီ။ ပြီးခဲ့တဲ့ နှစ်ကဆိုရင် Apple ဟာ နာရီအကြောင်းတွေချည်းပဲ ထပ်နေခဲ့တယ်လို့ဆိုရမှာဖြစ်ပြီး iPad Pro တောင်မှ သိပ်ပြီး အရေးစိုက်ခဲ့ပုံမပေါ်ပါဘူး။ အခုနှစ်မှာဆိုရင်တော့ Apple ဟာဆိုရင် သူ့ရဲ့ အဓိက ထုတ်ကုန်တွေဖြစ်တဲ့ iPad နှင့် iPhone တွေအပေါ်မှာ ပိုပြီး အားစိုက်နေလိမ့်မယ်လို့ ထင်ရပါတယ်။ နောက်ပြီး အခု iPhone ထက် သေးငယ်တဲ့ဒီဇိုင်းနှင့် အခုလက်ရှိ iPad Pro ထက် သေးငယ်တဲ့ ထုတ်ကုန်မျိုး ဖြစ်လိမ့်မယ်လို့တော့ ထင်ရပြီး Apple Watch အသစ်အတွက်တော့ မျှော်လင့်ရဉီးမယ့် အချိန်ကောင်း မဟုတ်လောက်သေးဘူးထင်ပါတယ်။
အခုနှစ်ဟာဆိုရင် Apple အတွက် ပထမဉီးဆုံးအကြိမ် တစ်နှစ်တည်းမှာ မတူညီတဲ့ iPhone နှစ်မျိုး မိတ်ဆက်မယ့် နှစ်လို့ပြောရမှာပါ။ မျှော်လင့်ထားတာကတော့ အခု အစပိုင်းမှာ iPhone 7 နှင့် အတူ မထူးမခြား နောက်တစ်မျိုးကို မိတ်ဆက်မယ်လို့ မျှော်လင့်မိပါတယ်။ ပြောရင် 6 နှင့် 6s လိုပါ။ လက်ရှိ ကောလဟာလတွေအရတော့ ၄ လက်မရှိတဲ့ iphone SE ဆိုပြီး ပြောနေကြပါတယ်။ Apple သမိုင်းတစ်လျောက်မှာလည်း စျေးသက်သာဆုံးဖြစ်လိမ့်မယ်လို့လည်း ပြောနေကြပါတယ်။
ခန့်မှန်းရသလောက်ကတော့ ဖြစ်နိုင်ရင် 5s နှင့် 6s ကို ပေါင်းထားပြီး သေးငယ်တဲ့ မျက်နှာပြင်နှင့် ဖြစ်ဖို့များပါတယ်။ နောက်ပြီး လုပ်ဆောင်နိုင်စွမ်းတွေမှာတော့ မြင့်မားလိမ့်မယ့်လို့ ထင်ပါတယ်။ လက်ရှိ အထူး စိတ်ဝင်စားနေကြတာကတော့ iPhone SE ရဲ့ ဈေးနှုန်းဖြစ်ပါတယ်။ တစ်ချို့ ပညာရှင်တွေကတော့ $ 350 ဝန်းကျင်ဖြစ်လိမ့်မယ် ပြောနေကြပြီး တစ်ချို့ကတော့ $450 ဝန်းကျင် ဖြစ်လိမ့်မယ်လို့ထင်ပါတယ် ( လက်ရှိ iPhone 5s ဈေးဖြစ်ပါတယ်။ )
နောက်ပြီး Apple ရဲ့ ရောင်းအားဟာ မှန်းထားသလောက် မတက်လာဘူးလို့လည်းပြောနေကြပြီး လက်ရှိ လေ့လာရသလောက်ကတော့ 5.7 ရာခိုင်နှုန်း ၁.၅ ဘီလီယံ တက်လာမယ်လို့ဆိုပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်ကထက်စာရင်တော့ ၂၈ ရာခိုင်နှုန်း ကျသွားတာဖြစ်ပါတယ်။
ထင်ကြေးတွေပေးပြီး။ အများကြီးတော့လည်း မပွားတော့ပါဘူး။ Apple Fun အားလုံးလည်း လာမယ့် တနင်္လာနေ့မှာ အချိန်လေးရအောင်ပေးပြီး ကြည့်ဖြစ်အောင်ကြည့်လိုက်ကြဉီးနော်။
0 comments:
Post a Comment