Apple CEO တင်ကွတ်နှင့် FBI တို့ကြားက တိုက်ပွဲအစ
လူပေါင်းများစွာ အသက်စတေးခဲ့ရတဲ့ San Bernardino, Calif မှာ Syed Rizwan Farook နှင့် Tashfee Malik တို့သတ်ဖြတ်ခဲ့တာဟာဆိုရင် လူပေါင်း ၁၄ ယောက်သေဆုံးခဲ့ရပြီး ၂၂ ယောက်ပျင်းထန်စွာဒဏ်ရာရခဲ့ပါတယ်။
FBI ရဲ့ရုတ်ချည်းရှာဖွေခဲ့ရသမျှကတော့ ပိုက်နှင့်ပြုလုပ်ထားတဲ့ ဗုံး ၁၂ လုံး၊ ကာလီဘာ လက်နတ်မျိုးစုံနှင့် ဆဲလ်ဖုန်း သုံးလုံးမှာတော့ ( အမှိုက်ပုံးကြီးများထဲမှ ၂ လုံးဖြစ်ပြီး၊ တစ်လုံးကတော့ ကားပါကင်မှာရပ်ထားတဲ့ Lexus IS 300 ကားအမည်းတစ်စီးထဲကနေဖြစ်ပါတယ်။) အမှိုက်တွေကြားထဲက တွေ့ရတဲ့ ဖုန်း ၂ လုံးစလုံးကတော့ တိုက်ခိုက်သူတွေကြောင့် ကွဲကြေနေပြီဖြစ်ပေမယ့် လည်း အသေအချာရသမျှဒေတာတွေကိုလည်း ရှာဖွေခဲ့ပါတယ်။ ဒီကြားထဲမှာ သုံးလုံးမြောက်ဖုန်းကတော့ တကယ်ကို အမွှေပါ။ Orange County Regional Computer Forensics ရဲ့ Lab ခန်းထဲမှာထိန်းသိမ်းထားတာဖြစ်ပါတယ်။ စုံစမ်းသူတွေဟာ ဖုန်းကို ပထမဉီးဆုံး Boot လုပ်တဲ့အချိန်မှာစတာပါပဲ။ အဲ့ဒီဖုန်းကတော့ သိကြတဲ့အတိုင်း တကယ်ကို အမွှေစိန်ဖြစ်လာတဲ့ iOS 9 အသုံးပြုထားတဲ့ iPhone 5C ၊ဖြစ်ပါတယ်။ Network ကတော့ Verizon ကို သုံးထားပြီး Serial Number ကတော့ FFMNQ3MTG2DJ ဖြစ်ပါတယ်။ ဖုန်းက ဖွင့်ဖွင့်ချင်းပဲ Pass Code ၄ လုံးတောင်းနေပါတယ်။
ဒီတော့ ဆက်လုပ်စရာရှိတာက ကလေးတွေဂိမ်းကစားသလိုပဲ ကံဆိုး-ကံကောင်း ကစားရမလိုပေါ့။ ကံဆိုးစွာနှင့်ပဲ passcode ကိုက ဘယ်သူမှမသိကြဘူးဗျ။ သိတဲ့သူကလည်း သေနေပြီလေ။ ရဲတွေနှင့် နာရီအနည်းငယ်အကြာ အပြန်အလှန်ပစ်ကြခတ်ကြရင်းက မာလစ်ခ် Malik ကော ဖာရွတ် Farook ပါ ကွိသွားကြတာရောလား။ စုံစမ်းရေတွေအားလုံးလည်း တတ်နိုင်သလောက်တော့ ခန့်မှန်းပြီးဖွင့်ခဲ့ကြလေရဲ့ ဒါပေမယ့်လည်း ခက်နေတာက passcode ၁၀ ခါမှားတာနှင့် ဖုန်းက အလိုလျောက် ဒေတာတွေဖျက်ပစ်မှာလေ။ ကံကောင်းတာတစ်ခုက အဲဒီ အိုင်ဖုန်းဟာ Farook ဖာရွတ် ရဲ့ အလုပ်ကဖုန်းဖြစ်နေပါတယ်။ ဒီတော့ ပြောရရင် အလုပ်နှင့်ဆိုင်တဲ့ဖုန်းပေါ့နော်၊ ဒါပေမယ့်လည်း ကံဆိုးစွာနှင့် အလုပ်ကလူတွေကလည်း ဒီ passcode ကိုလည်း မသိပြန်ဘူး။ နောက်ပြီး iCloud ချိတ်ထားတယ်မချိတ်ထားဘူးဆိုတာလည်း ဘယ်သူမှမသိကြပြန်ပါဘူး။ ဒီတော့ Apple ရဲ့ လုံခြုံမှုဘယ်လောက်ကောင်းကြောင်းနှင့် စတွေ့တော့တာပေါ့ဗျာ။
ဒါပေမယ့်လည်း အကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့မှာက iCloud password ကို reset လုပ်ဖို့ အာဏာရှိတယ်ဆိုရမှာပါ။ iCloud account ကနေပြီးတော့ full unencrypted backups တွေကိုရယူပြီး အချက်အလက်တွေရှာဖို့ ဖန်လာပြန်ပါတယ်။ အဲဒီလိုကျပြန်တော့လည်း ခက်တာက ဖာရွတ် (Farook) ဆိုတဲ့ကောင်ကလည်း သူ့ရဲ့ အိုင်ဖုန်းကို backup မလုပ်ထားတာက အောက်တိုဘာ ၁၉ ရက်တည်းက ဖြစ်နေပြန်တာပါပဲ ဒီတော့ ဒေတာတွေက ရတယ်ဆိုရင်တောင်မှပဲ ဒိတ်အောက်နေပြီဆိုပါတော့ဗျာ။ ကံစိုးစွာနှင့်ပဲ လိုအပ်တဲ့အချက်အလက်တွေဒေတာတွေအချက်အလက်တွေအားလုံးကတော့ ဖုန်းထဲမှာရှိနေဆဲပါ။ ဒါပေမယ့် Passcode ၄ လုံးနှင့်အတူ ပိတ်ထားတာပေါ့ဗျာ။ အဲဒါထက်ကို အံ့သြရတာက ဖုန်းကို ထုတ်လုပ်ခဲ့တဲ့ Apple ကို FBI ကမေးနေခဲ့တာတောင်မှ ရက်အနည်းငယ်ကြာထိကို တင်ကွတ်က ရက်အနည်းငယ်ကြာထိကို အကြောင်းမပြန်တာပါပဲ။ ကျနော်တို့ အကြမ်းဖက်မှု ဖြစ်ပွားပြီး စနေနေ့တည်းက တင်ကွတ်ဆီကို ဆက်သွယ်ထားတာပါ။ နောက်ပိုင်းမှာမှ Warrant နှင့်အတူ ဖုန်းနှင့်ပတ်သက်ပြီး ကူညီပေးဖို့ တင်ကွတ်ဆီကို ရောက်လာခဲ့ပါတယ်။
အသက် ၅၅ နှစ်ရှိပြီဖြစ်တဲ့ တင်ကွတ်က ကို နာမည်ကျော်ကြားလှတဲ့ 1 Infinite Loop လိပ်စာမှာရှိတဲ့ သူ့ရဲ့ ဌာနချုပ်ရုံးခန်းမှာ FBI နှင့် စကားပြောခဲ့ပါတယ်။ အရမ်းကို ခေတ်မှီတဲ့ ရုံးခန်းလေးပါ Askew Trapezoid ပုံစံတည်ဆောက်ထားပြီး ဘောင်လေးတွေနှင့်အတူ Think Different ပိုစတာတစ်ခုက နံရံပေါ်မှာ၊ Apple Stores တွေရဲ့ အနုပညာမြောက် ရိုက်ချက်တွေနှင့် ဓါတ်ပုံလေးတွေ အပြင် သီအိုဒေါ ရူစဘတ် ရဲ့ (The “Daring Greatly” one) Quote တွေရေးသားထားတဲ့ ကြီးမားတဲ့ သစ်သား ပလိပ်ပြားကြီးတခုလည်းရှိနေပါတယ်။ Steve Jobs’ ရဲ့ ရုံးခန်းကတော့ ကပ်လျက် အခန်းမှာဖြစ်ပါတယ်၊ မှောင်မည်းနေပြီး အားလုံးကို ပိတ်လွှာလေးတွေနှင့်ဖုန်းထားပါတယ်။ ဒါပေမယ့် နာမည်ရေးသားထားတာကတော့ ကတော့ ထင်းနေအောင် မြင်နေရတုံးပါ။
0 comments:
Post a Comment