ဒီကနေ့ကစပြီး ထူးခြားတဲ့ အစီအစဥ်တစ်ခုရှိတယ်ဗျ။ ဒါနဲ့စာဖတ်သူရော ဖုန်းပြောရင်း ကားကံစမ်းနိုင်မယ်ဆိုရင် စိတ်မဝင်စားဘူးလား။ နောက်ပြီး ကံစမ်းရမှာက ဆုမဲပေါင်း ၇ သောင်းကျော် တောင်မှနော်။ အပတ်စဥ် ဒီဇင်ဘာလ ၅ ရက်နေ့ကနေပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့အထိ စနေနေ့တိုင်း ဆုမဲ ၁ သောင်းစီကို ရွေးချယ်ပေးသွားမှာဆိုပဲ။ ဆုမဲပေါင်း ၇ သောင်းထဲမှာမှ စိတ်ဝင် စားစရာအကောင်းဆုံး ဆုမဲကြီးတစ်ခုက တိုယိုတာ လန်ခရူဇာကား တစ် စီးပါ။ နောက်ပြီး တိုယိုတာ ကိုရိုလာ ကား ၅ စီးအပြင်၊ အခြား ဆုမဲတွေအနေနှင့် လူတိုင်း စွဲလမ်းနှစ်ခြိုက်စွာအသုံးပြုနေကြတဲ့ အိုင်ဖုန်း 6s အလုံး ၂၀ ၊ iPad Air 2 အလုံး ၂၀ ၊ လက်မ ၄၀ ဆိုနီ တီဗွီ ၂၅ လုံး နှင့် ၅ ထောင်တန် MPT ငွေဖြည့်ကတ်ပေါင်း ၆၉၉၀၉ ခုကို လည်း ပါဝင်ကံစမ်းနိုင်မှာဖြစ်ပါတယ်။
အိုး - ဒါနှင့် နေပါဦး MPT လို့ ပြောလိုက်သလားလို့ ? ဟုတ်ပါတယ် MPT မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း MPT မှ MPT ပါ။ ဘယ်သူ့ ဘယ်သူမှ မလုပ်သေးတဲ့ ကံထူးရှင်ရွေးချယ်ပွဲ အရမ်းကို Amazing ပါပဲ။ ဒီကံစမ်းခွင့်တွေကို ဘယ်လို ရရှိနိုင်တယ်ဆိုတာ စိတ်ဝင်စားနေပြီထင်ပါတယ်။ ကျနော် အားလုံးကို ရှင်းပြသွားမှာပါဗျာ။ ကျနော်ကိုတိုင်လည်း ပါဝင်ကံစမ်းနေပြီဖြစ်သလို။ ကျနော့်ရဲ့ စာဖတ်သူတွေနှင့် ဘော်ဒါတွေ သူငယ်ချင်းတွေလည်း အိုင်ဖုန်းလေးကိုင် ကားလေးစီးပြီး နှစ်သစ်လေး ကူးရအောင် သတင်းပေးလိုက်ရပါတယ်ဗျာ။ အောက်မှာတော့ ဘယ်လို ကံထူးနိုင်တယ်ဆိုတာလေးကို အသေးစိတ် ကျနော်ပြောပေးထားပါတယ် - - -
ကံထူးရှင်ဖြစ်ဖို့ရာအတွက် အခွင့်အလမ်း ( ၃ ) ခုရှိပါတယ်။
၁။ MPT ဖုန်း ငွေဖြည့်ကတ် အသုံးပြုသူတွေနှင့် E-Topup အသုံးပြုသူတွေ အနေနှင့် ငွေတစ်ခါဖြည့်လျင် ကျပ် ၃ ထောင်နှင့် အထက် တစ်ခါဖြည့်သွင်းတိုင်း ကံထူးရှင်အခွင့်အလမ်းများ ရရှိနိုင်မှာဖြစ်ပါတယ်။ ငွေဘယ်လောက်ဖြည့်ရင် ဘယ်လောက် အခွင့်အလမ်းတွေ ရှိတယ်ဆိုတာကိုတော့ အောက်မှာ ဇယားလေးနှင့် ပြထားပါတယ်။
ဖြည့်သွင်းရမည့်ပမာဏ | ရရှိမည့်လက်မှတ် |
၅၀၀ | ၀ |
၁၀၀၀ | ၀ |
၃၀၀၀ | ၃၀ စောင် |
၅၀၀၀ | ၅၀ စောင် |
၁၀၀၀၀ | ၁၀၀ စောင် |
၂၀၀၀၀ | ၂၀၀ စောင် |
၃၀၀၀၀ | ၃၀၀ စောင် |
၂။ ၁ မိနစ်ထက်ကျော်သော MPT ဖုန်းအချင်းချင်း ဖုန်းခေါ်ပြောဆိုမှုတွေအတွက်ကိုလည်း လက်မှတ် ၁ စောင်စီရရှိမှာဖြစ်ပါတယ်။ ဘယ်လိုရရှိမယ်ဆိုတာကို အသေးစိတ် ဇယားလေးနဲ့ပြထားပါတယ်။
MPT မိုဘိုင်း အချင်းချင်း သို့ခေါ်ဆိုသောကြာချိန် | ရရှိမည့်လက်မှတ်စောင်ရေ |
၁ မိနစ်အောက် | ၀ |
၁ မိနစ် ၁ မိနစ် ၅၉ စက္ကန့် | ၁ စောင် |
၂ မိနစ် ၂ မိနစ် ၅၉ စက္ကန့် | ၂ စောင် |
၃ မိနစ် ၃ မိနစ် ၅၉ စက္ကန့် | ၃ စောင် |
၄ မိနစ် ၄ မိနစ် ၅၉ စက္ကန့် | ၄ စောင် |
၅ မိနစ် ၅ မိနစ် ၅၉ စက္ကန့် | ၅ စောင် |
ထပ်ဆောင်းမိနစ်များ | ကံစမ်းခွင့် လက်မှတ် + ၁ စောင် |
၃။ MPT ကို လက်ရှိမသုံးနေဘူးဆိုရင်လည်း အခုချက်ချင်းပဲ MPT Sim တစ်ကဒ်ကို ပြေးဝယ်လိုက်ပါ နောက်ပြီး ကံထူးရှင်ဖြစ်ဖို့ရာအတွက် လက်မှတ် အစောင် ၃၀ ကို ရရှိနိုင်မှာဖြစ်ပါတယ်။
ဆုမဲပေါက်သူတွေအနေနှင့် အပတ်စဥ် စနေနေ့တိုင်း မနက် ၁၀ နာရီ မှာ ရွေးချယ်ကြေငြာသွားမှာဖြစ်ပြီး ဖုန်းဆက်အကြောင်းကြားခြင်းနှင့် စာတိုပေးပို့ခြင်းများပြုလုပ်၍ ချက်ချင်း ဆက်သွယ်အကြောင်းကြားသွားမှာဖြစ်ပါတယ်။ နောက်ပြီး MPT ရဲ့ တရားဝင် Facebook စာမျက်နှာမှာလည်း ကံထူးရှင်များ၏ ဖုန်းနံပါတ်များကို နောက်ဆုံး နံပါတ် ၃ လုံးကို မဖော်ပြပဲ အကြောင်းကြားသွားပါမယ်။
နောက်ဆုံးကံစမ်းမဲရက်က အပေါ်မှာ ကျနော်ပြောခဲ့သလို ဇန်နဝါရီလ ၉ ရက်နေ့ဖြစ်ပါတယ်။ အဲ့ဒီရက်မှာဆိုရင် ကံစမ်းမဲကာလတစ်လျှောက်လုံးမှာရှိတဲ့ ကံထူးပြီးသူများအပါအဝင် လက်မှတ်များ အားလုံးကို ထည့်သွင်းရတွက်သွားမှာဖြစ်ပြီး ဆုပေါင်း ၂၀၀၀၀ ကို ကံထူးမည့် ကံထူးရှင်များ အားလုံးကို ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
ကံစမ်းမဲပြုလုပ်မည်ဆိုတာကို နိုဝင်ဘာ ၂၄ ရက်နေ့က ဆူးလေ ချန်ဂရီလာ မှာပြုလုပ်ခဲ့တဲ့ သတင်းစာနှင်စာနယ်ဇင်းသမားတွေအားလုံးကို ခေါ်ပြီး ပြောကြားခဲ့ပါတယ်။ နောက်ပြီး ပွဲမှာဆိုရင်လည်း MPT-KSGM Joint Operation ၏ Chief Commercial Officer ဖြစ်သူ Mr.Koichi Kawase က “ ကျနော်တော်တို့ရဲ့ ဝန်ဆောင်မှုကို အသုံးပြုနေတဲ့ အားပေးကြသူ မိဘပြည်သူတွေကို ကျေးဇူးတုံပြန်ချင်ပါတယ်။ ဒါကြောင့်လည်း အခုလိုထူးခြားတဲ့ကံထူးရှင်ရွေးချယ်ပွဲကြီးကို ကျင်းပစီစဥ်ပြီး ဆုမဲတွေအများကြီး ဖောက်ပေးမယ့် ပျော်စရာစိတ်ကူးကို အကောင်အထည်ဖော်ဖြစ်တာပါ။ ကျွန်တောတို့ရဲ့ ဝန်ဆောင်မှု အရည်အသွေးကို ကောင်းသထက်ကောင်းအောင် ကြိုးစားနေတာနှင့်အမျှ သုံးစွဲသူတွေ ပျော်ရွှင်ဖို့ကလည်း ကျွန်တော်တို့ရဲ့ အဓိကရည်မှန်းချက်ဖြစ်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ် ခင်ဗျာ။
ဒီတော့ ကျနော့်ရဲ့ သူငယ်ချင်းတွေ အသိမိတ်ဆွေတွေနှင့် စာဖတ်သူတို့လည်း MPT ရဲ့ ပျော်ရွှင်ကံထူး နှစ်သစ်ကူး အစီအစဥ်ဖြစ်တဲ့ ကံထူးရှင်ရွေးချယ်ပွဲလေးမှာ ပါဝင်ကံစမ်းပြီး MPT ကို အားပေးကြပါဦးစို့လို့ . . .
Writer Note - Ticket သို့ ကံထူးရှင်အခွင့်အရေးများဟာ MPT မှ စက်အတွင်း သိမ်းဆည်းထားမှာဖြစ်ပြီး။ မိမိ အသုံးပြုသော ဖုန်းနံပါတ်တွင် မည်မျှ အခွင့်အရေး သို့ လက်မှတ် ရှိသည်ကို သိရှိလိုပါက 3000 သို့ “lucky” ဟု စာပေးပို့ကာ စစ်ဆေးနိုင်ပြီး။ CDMA အသုံးပြုသူတွေအနေနှင့် SMS နံပါတ် 3001 သို့ “lucky” ဟု စာတိုပေးပို့ကာစစ်ဆေးနိုင်မှာဖြစ်ပါတယ်။