Youtube ရဲ့ Interface အသစ်အဆန်းနှင့် အပြောင်းအလဲမဖြစ်တာ အတော်ကြာပါပြီ။ တချို့လည်း ပျင်းနေလောက်ရောပေါ့။
မကြာခင်ကပဲ Youtube ဟာ သူရဲ့ ပြောင်းလဲထားတဲ့ အသွင်အပြင် အသစ်တွေကို Preview အဖြစ် ရယူ သုံးစွဲနိုင်နေပြီဆိုတာကို ကြေငြာခဲ့ပါတယ်။ ဒီတော့ ဘာတွေပြောင်းလဲထားလဲဆိုတာရယ် ဘယ်လို ရယူနိုင်မလည်းဆိုတာကို ကြည့်လိုက်ရအောင်။
Google ဟာ Android အောင်မြင်လာပြီးနောက်ပိုင်းမှာ သူ့ရဲ့ ကိုယ်ပိုင်ဟန်နှင့်အတူ Material Design ဆိုတာကို မိတ်ဆက်ခဲ့ပါတယ်။ အခုတစ်ခါလည်း Material ဒီဇိုင်းနှင့်အတူ Youtube ကို ပြန်လည်ဆန်းသစ်ဖို့ လုပ်နေပါပြီ။ Polymer Framework ကိုသုံးပြီးတည်ဆောက်ထားတဲ့ ဒီဇိုင်း အသွင်အပြင်အသစ်မှာဆိုရင် သပ်ရပ်သန့်ရှင်းပြီး ကိုယ်ကြည့်ချင်တဲ့ Video တွေကို အလွယ်တကူ လျင်လျင်မြန်မြန် နှင့် ရှာဖွေကြည့်ရှုနိုင်အောင် မြန်ဆန်လှပါတယ်။
Youtube Official Blog မှာဆိုရင်တော့ သူ့ရဲ့ ဒီဇိုင်း သွင်ပြင် ပြောင်းလဲတည်ဆောက်မှုကို အခုလို ဖော်ပြထားပါတယ်။
- Simplicity: ရိုးရှင်းမှုနှင့်အတူ မိမိကြည့်ချင်တဲ့ Video တွေကို လွတ်လပ်ပေါ့ပါးစွာကြည့်ရှုနိုင်ပါတယ်။
- Consistency: အသစ်တည်ဆောက်ထားတဲ့ ဒီဇိုင်းအသွင်အပြင်အသစ်ဟာ Google Platforms တွေအားလုံးနှင့် လိုက်လျောညီထွေမှုရှိပြီး ယခင်အတိုင်း Features ပေါင်းများစွာနှင့်အတူ ဆက်လက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။
- Beauty: လှပတဲ့ အသွင်အပြင်နှင့်တည် ဆောက်ထားတဲ့အပြင် မြန်ဆန်တဲ့ Browsing ကို ရရှိမှာဖြစ်ပါတယ်။
သူများတွေထက် အရင်ဆုံး ရယူအသုံးပြုလိုတယ်ဆိုရင်တော့ youtube.com/new ကိုသွားပြီးတော့ Try Button ကိုနှိပ်ပြီး ရယူနိုင်မှာဖြစ်ပါတယ်။ ယခင် အဟောင်းကို ပြန်လည်ရယူလိုတယ်ဆိုရင်တော့ အကောင့် icon ကိုနှိပ်ပြီးတော့ Restore Classic ကိုနှိပ်ပြီး ပြန်လည်ရယူနိုင်ပါတယ်။
0 comments:
Post a Comment