တစ်ချိန်တုန်းကတော့ Huawei ဆိုတာ Smartphones တွေ SmartWatch တွေနှင့် Tablets တွေထုတ်ခဲ့တာပေါ့ အခုတော့ သူ့ရဲ့ Products List ထဲကို Laptop ကိုပါ ထည့်လို့ရပါပြီ။
Matebook X နှင့် Matebook D တို့ အပြင် ၂၀၁၆ ခုနှစ်က မိတ်ဆက်ခဲ့တဲ့ Matebook E Tablet ကိုလည်း ပြန်လည် ဆန်းသစ်ထားပြီး ၂၀၁၇ မှာ Huawei က မှတ်ကျောက်တစ်ခု ဖန်တီးခဲ့ပြန်ပါပြီ။
ဒီတော့ လက်ရှိ လူအများစိတ်ဝင်စားမှုကို အများဆုံး ရနေတဲ့ MateBook X ကနေ စပြီး ကြည့်လိုက်ရအောင်။
MateBook X Laptop
ပိုမိုကောင်းမွန်တဲ့ Speakers တွေပါဝင်ပြီး Macbook တစ်လုံးနှင့် မခြား ဒီဇိုင်းပြုတည်ဆောက်ထားတဲ့ Huawei ရဲ့ ပထမဦးဆုံးသော Laptop တစ်လုံးပဲဖြစ်ပါတယ်။ ပါးလွှာပြီး သေးငယ်တယ်ဆိုပေမယ့် အမြင့်ဆုံး Macbook Pro တစ်လုံးရဲ့ Specifications နီးပါး စွမ်းဆောင်မှုရှိတဲ့ Laptop တစ်လုံးဖြစ်ပါတယ်။ Matebook X ဟာ Windows 10 ပါဝင်မှာဖြစ်ပြီး Cooling Fan လုံးဝမပါဝင်တဲ့ ၁၃ လက်မ Model မှာတော့ Intel U Series Processors ကိုအသုံးပြုထားပါတယ်။ အလူမီနီယံ ကိုထည် အသုံးပြုထားပြီးတော့ ရွှေရောင်၊ မီးခိုးရောင် အပြင် မိန်းခလေးတွေအကြိုက် ပန်းရောင်ကိုလည်း ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ ၁၂.၅ မီလီမီတာ အထူသာရှိပြီးတော့ ၂.၃၁ ပေါင် အလေးချိန်ရှိပါတယ်။ MacBook Pro ထက်တော့ ပိုပါးပြီး ပိုမို ပေါ့ပါးတာကတော့ အမှန်ပဲဗျ။ ဒါ့အပြင် MateBook X Laptops တွေမှာဆိုရင် ပါဝါခလုတ်မှာ Fingerprint Sensor ကိုလည်း ထည့်သွင်းပေးထားပါသေးတယ်။ ဒီ Fingerprint Sensor ဟာဆိုရင် Windows Hello နှင့်လည်း အသုံးပြုနိုင်မယ်လို့ သိရပါတယ်။
MateBook X Laptop ဟာဆိုရင် ပထမဦးဆုံးသော Dolby's Atmos အသံစနစ်အသုံးပြုထားတဲ့ Software ရော Hardware ပိုင်းကိုပါ တည်ဆောက်ထားတဲ့အတွက် တကယ့်ကို ပြီးပြည့်စုံပြီး ကောင်းမွန်တဲ့ အသံအရည်အသွေးကို ရရှိခံစားနိုင်မှာဖြစ်ပါတယ်။ Huawei ဟာဆိုရင် MateBook X ကီးဘုတ်ရဲ့ အပေါ်နားမှာတည်ရှိတဲ့ စပီကာတွေအတွက်တည်ဆောက်မှုကို Dolby အတူ ပူးပေါင်းပြီး စနစ်တကျ အကောင်းဆုံးဖြစ်အောင် ဖန်တီးတည်ဆောက်ထားပါတယ်။ ဒါ့အပြင် Laptop မှာပါရှိတဲ့ Software စနစ်ကလည်း အသံအရည်အသွေးကို မိမိစိတ်တိုင်းကျ သီချင်းနားဆင်နိုင်ဖို့၊ ဂိမ်းကစားဖို့အပြင် ၊ ရုပ်ရှင်ကြည့်တဲ့အခါတွေမှာလည်း ထိန်းညှိပေးနိုင်မှာဖြစ်ပါတယ်။ တကယ့် အမှန်တကယ်ပြင်ပမှာ မိမိပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေသည့်အလား ရုပ်ရှင်အသံအရည်သွေးကို ရရှိနိုင်မယ်လို့လည်း Huawei က ကတိပြုထားပါတယ်။
သာမန် Laptop တွေမှာပါတဲ့ Software နှင့်သာ ထိန်းညှိပေးထားတဲ့ နည်းပညာထက် MateBook X ရဲ့ အသံအရည်အသွေးဟာ များစွာ သာလွန်ကောင်းမွန်နေတာကိုလည်း နှိုင်းယှဥ်ပြထားပါသေးတယ်။ အသံအရည်သွေးကိုကြည့်ပဲ ပြောနေလို့လည် မပြီးသေးဘူး။ ဘယ်လောက်အသံကောင်းကောင်း ရုပ်ထွက်မှ မလှရင် ဘယ်ကြည့်ကောင်းမလဲပေါ့နော်။
MateBook X ရဲ့ Display က 4K မဟုတ်ပါဘူး။ 2K ပဲ ရှိပေမယ့် တကယ့်ကို ထင်ရှားပြတ်သားတဲ့ ပုံရိပ်အရည်အသွေးကို ပါးလွှာတဲ့ ဘေးဘောင်တွေကြားမှာ ကျယ်ကျယ် ပြန့်ပြန် ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။ ကျနော်တစ်ချက် စိတ်တိုင်းမကျတာက Screen Ratio ဟာ Microsoft Surface တွေလို 3:1 ဖြစ်နေလို့ပါ။ သူ့ရဲ့ အဓိက ဦးတည်ချက်က ကျောင်းသုံးနှင့် ရုံးသုံးအတွက် ပိုမိုအဆင်ပြေအောင် တည်ဆောက်ထားတယ်လို့တော့ ကျွန်တော်ထင်ပါတယ်။ Wide Screen Movies တွေကြည့်ရင်တော့ အပေါ်အောက် Screen မှာတော့ အမည်းလေးတွေ တန်းနေမယ်ပေါ့ဗျာ။
Huawei Matebook X specs
- 2,160x1,440-pixel resolution screen (non-touch)
- Intel Core i5 or i7 CPU
- 8GB RAM
- 256GB/512GB SSD
- Full-size Chiclet backlit keyboard
- Two USB-C ports
- Includes multiport adapter
- Estimated 10-hour battery life
လက်ရှိမှာတော့ Matebook D ကို မမြင်တွေ့ရသေးပဲ Specification တွေကိုသာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ MateBook D ဟာဆိုရင် MateBook X ထက်ပိုပြီးကြီးမားတဲ့ Display နှင့် ဂိမ်းကစားဖို့ရာအတွက် Nvidia Geforce 930MX ပါဝင်မှာဖြစ်ပါတယ်။
MateBook D specs
- 15.6-inch 1,920x1,080-pixel resolution (non-touch) ( resolution ကျသွားတယ်ဗျ )
- 7th gen Intel i5 or i7 CPU
- Estimated 8.5 hour battery life
- Dolby Atmos sound system
- Up to 1TB HDD
- Full USB, USB-C and HDMI ports
2016 ခုနှစ် ဗားရှင်းကို Upgrade ပြုလုပ်ထားပါတယ်။ Intel Core i5 နှင့် 2K resolution အထိ ဝယ်ယူနိုင်တော့မှာဖြစ်ပါတယ်။ ၁၂ လက်မ သားရေသားနှင့်ပြုလုပ်ထားတဲ့ ကီးဘုတ် ကာဗာကိုတော့ သီးခြား ဝယ်ယူအသုံးပြုရမှာဖြစ်ပါတယ်။ ipad လို ကိုယ်ထည်နှင့် တည်ဆောက်ထားတာဖြစ်တဲ့ MateBook E Tablet ဟာဆိုရင် Apple Products တွေလိုပဲ တကယ့်ကို ပရီမီယံ ကျကျ စမတ်ကျကျ အသုံးပြုနိုင်တဲ့အတွက်လည်း လူကြိုက်များလှပါတယ်။
USB C Port ပါဝင်ပြီး အားသွင်းခြင်းနှင့် ဒတာ အကူးပြောင်းလုပ်တဲ့ အခါမှာ အသုံးပြုနိုင်ပြီး ပါဝါ ခလုတ်မှာလည်း Fingerprint Sensor ကို ထည့်သွင်းတည်ဆောက်ထားပါသေးတယ်။
MateBook E Tablet specs
- 2,160x1,440-pixel resolution touchscreen
- Intel M3 or i5 CPU
- 4GB/8GB RAM (8GB only in US)
- 128GB/256GB/512GB internal storage
- USB-C port
- Estimated 9-hour battery life
လက်ရှိအချိန်ထိတော့ ဈေးနှုန်းအတိအကျကို ထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူး။ MateBook X ကိုတော့ MacBook Pro အစား ပရီမီယံကျကျရှိလှတဲ့ Laptop တစ်လုံးအနေနှင့် တော့ မြင်မိတယ်ဗျ။ လက်ရှိအချိန်ထိတော့ ဈေးနှုန်းမသိရသေးသော်လည်း ဒီလောက်များပြားလှတဲ့ အမျိုးအမည်တွေကြားမှာ Stand Out ဖြစ်ဖို့ရာကတော့ ဆက်လက် စောင့်ကြည့်ရဦးမှာဖြစ်တဲ့အပြင် Huawei ဟာ Laptop Line Up မှာတော့ အစိမ်းသက်သက် ဖြစ်နေသေးတယ်လို့တော့ ကျွန်တော်မြင်ပါတယ်။
credit & ref : cnet.com
0 comments:
Post a Comment