Tech Pop
  • Home
  • My Facebook
  • Contact Me

Tuesday, April 18, 2017

Bluetooth 5.0 နှင့် Samsung Galaxy S8/S8 Plus

 Paw Oo     10:34 PM     Android, Samsung     No comments   


Samsung Galaxy S8/S8 Plus မှာ အတော်များများ သတိမထားမိသေးတဲ့ အရာတစ်ခုကတော့ Bluetooth 5.0 ဖြစ်ပါတယ်။ အခုချိန်မှာက အားလုံးသိကြတဲ့အတိုင်း တစ်ခုခု Share တော့မယ်ဆိုရင် Zapya ပဲသိကြတော့တဲ့ခေတ်ကိုး။ တစ်ချိန်တုံးကလို Bluetooth ဖွင့် ဖိုင်ပို့တဲ့ ခေတ်က ကုန်သွားပြီလေ။ ဒါပေမယ့်လည်း နည်းပညာတိုးတက်မှုတွေအရတော့ တစ်ခုပြီး နောက်တစ်ခုက အဆင့်မြင့်လာမှာဆိုတော့ အခုလည်း Bluetooth ကို အဆင့်မြှင့်လာလိုက်တာ 5.0 တောင်ဖြစ်လာခဲ့ပါပြီ။ နောက်ပြီး လက်ရှိ Bluetooth 5.0 သုံးထားတာကလည်း Samsung Galaxy S8/S8 Plus  က ကမ္ဘာ့ပထမဦးဆုံးဖြစ်ပါတယ်။
အဓိကအားဖြင့်တော့ လက်ရှိခေတ်ကာလမှာ Bluetooth ဆိုတာကို နားကျပ်နှင့် ချိတ်ဆက်တာအပြင် အခြားသော Bluetooth ပါဝင်တဲ့ ပစ္စည်းတွေနှင့် ချိတ်ဆက်တာမှာသာ အသုံးပြုလာကြပါတယ်။ အခု နောက်ဆုံး ဗားရှင်းဖြစ်တဲ့ Bluetooth 5.0 ရဲ့ ထူးခြားချက်တွေကတော့ Bluetooth Speakers တွေနှင့်ချိတ်ဆက်ပြီး အသုံးပြုတဲ့အခါ အသံပိုင်းအရည်အသွေးတွေ ပိုမိုကောင်းမွန်လာမှာဖြစ်ပြီး၊ ၂ ဆအထိ လျင်မြန်စွာချိတ်ဆက် ဆောင်ရွက်နိုင်တဲ့အပြင် ယခင် ဗားရှင်းတွေထက်ကို လေးဆ ပိုမို ဝေးလံစွာ ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပါတယ် (အတိအကျအားဖြင့် မီတာ ၂၄၀ ( ပေ ၈၀၀ ) အထိ ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ( အကွာအဝေးနှင့် အရည်အသွေးကတော့ ပတ်ဝန်းကျင်နှင့် Block ဖြစ်နိုင်တဲ့ အခြေအနေတွေအပေါ်မှာ မူတည်ပြီး ကွာခြားပါလိမ့်မယ်။ ) Wifi လိုမှ မဟုတ်ပဲကိုး !!!
 ပိုမိုပြီး ထူးခြားတာကတော့ လက်ရှိ ကမ္ဘာ့ပထမဦးဆုံး Bluetooth 5.0 အသုံးပြုထားတဲ့ Galaxy S8/S8 Plus ဟာဆိုရင် တစ်ချိန်တည်းမှာပဲ Wireless Headphones (ဒါမှမဟုတ်) Bluetooth Speakers နှစ်လုံးကို ချိတ်ဆက် ပြီး သွားလေရာမှာ သံစုံတီးဝိုင်းထောင်လို့ရမှာဖြစ်ပါတယ်။ အရင်ကလို Stereo Bluetooth SONOS ကို ဆေးကြီးပေးဝယ်စရာမလိုတော့ပဲ ကိုယ်နှစ်သက်ရာ Brand တွေနှင့် စိတ်ကြိုက် ချိတ်ဆက်ပြီး ရောက်လေရာမှာ Party ကောင်းကောင်းပေးလို့ ရပြီပေါ့ဗျာ။

MKBHD က YouTube Video Review လေးကိုလည်း အောက်မှာမျှဝေပေးလိုက်ပါတယ်။


  • Share This:  
  •  Facebook
  •  Twitter
  •  Google+
  •  Stumble
  •  Digg
Email ThisBlogThis!Share to XShare to Facebook
Newer Post Older Post Home

0 comments:

Post a Comment

Translate To Your Own Language

Popular Posts

  • Outlast 2 ကိုကစားမယ်ဆိုရင် မသိမဖြစ်တဲ့အချက် ၇ ချက် ( Uni and Zawgyi )
    Outlast ဂိမ်းဟာ ကစားသူတိုင်းအတွက် ဘယ်လောက်တောင် မျှော်လင့်ချက်မဲ့ပြီး သွေးပျက်ထိတ်လန့်ဖွယ်ကောင်းလည်းဆိုတာ အားလုံးနဲ့အထူးတလည်ပ...
  • တကြော့ပြန် Nokia
    ပိုင်ရှင်အသစ်နှင့်အတူ Nokia ဟာ အခုဆိုရင် ပထမဦးဆုံး Android Smart Phone အသစ်တစ်လုံးကို စတင် မိတ်ဆက်လိုက်ပြီဖြစ်ပါယ်။ Nokia ကို Micros...
  • MPT CO-Branded Device M50 နှင့် ခဏတာ Review
    Good - ဖုန်းရဲ့တည်ဆောက်ပုံနှင့် ဒီဇိုင်းအသွင်အပြင်ဟာဆိုရင် လေးထောင့်ကျကျနှင့် Smart ဖြစ်ပါတယ်။ လက်ထဲမှာကိုင်ရတာလည်း အဆင်ပြေပြီး သုံး...
  • 2018 မှာထွက်ရှိလာမယ်လို့ မျှော်လင့်ရတဲ့ Darksiders 3
    Darksiders 1 ရဲ့ဗားရှင်းအသစ်ဖြစ်တဲ့ Darksiders: Warmastered Edition ကို လတ်တလောကမှ PC, PS4 နဲ့ Xbox One အစရှိတဲ့ platform အသီးသီ...
  • ဖုန်းမှန်ဟာ တော်ရုံ မကွဲတဲ့အပြင်၊ ကွဲခဲ့ရင်တောင် သူ့အလိုလို ပြန်ပြင်မယ်ဆိုတဲ့ Motorola
    Motorola ဖုန်းကုမ္ပဏီဟာ ထုတ်လုပ်တဲ့ ဖုန်းတွေရဲ့ မှန်တွေကို တော်ရုံတန်ရုံ မကွဲဘူးဆိုတာလောက်နှင့် မဟုတ်ပဲ ကွဲသွားရင်တောင် သူ့အလိုလို ပ...

About Me

Paw Oo
View my complete profile

Categories

Accessories (1) Acer (1) Alphabet (2) Android (8) Apple (34) Article (3) Comparing (1) Danger (1) Drone (3) Event (1) Facebook (4) Gaming Laptop (3) Get Chance (2) GoPro (1) Google (5) Google Maps (1) How To (1) Knowledge (1) Laptop (4) Mac (8) MacBook (5) MacBook Pro (1) Market (1) Mi Notebook (1) Microsoft (8) Microsoft Surface Studio (1) Mobile Devices (2) Musics (1) Note Series (1) Photography (1) Polls (1) Razer Blade (1) Review (2) Rumours & Leaks (2) Samsung (5) Technology (8) Telenor (1) Windows 10 (3) Windows 7 (1) Windows 8 (1) Workplace (1) Xiaomi (2) iOS App (3) smartphones (2)

Blog Archive

  • ►  2018 (1)
    • ►  August (1)
  • ▼  2017 (35)
    • ►  November (1)
    • ►  October (1)
    • ►  September (1)
    • ►  August (3)
    • ►  July (8)
    • ►  June (10)
    • ►  May (3)
    • ▼  April (3)
      • Bluetooth 5.0 နှင့် Samsung Galaxy S8/S8 Plus
      • အမျိုးမျိုး အထွေထွေသော ဂိမ်မာများ (SEA SERVER)
      • Windows 10 Upgrade ကို အခမဲ့ ပြုလုပ်နိုင်သေး
    • ►  March (3)
    • ►  January (2)
  • ►  2016 (48)
    • ►  November (2)
    • ►  October (5)
    • ►  September (13)
    • ►  August (10)
    • ►  July (3)
    • ►  June (4)
    • ►  May (2)
    • ►  March (4)
    • ►  January (5)
  • ►  2015 (24)
    • ►  December (3)
    • ►  November (11)
    • ►  October (9)
    • ►  September (1)

Tech Pops

Copyright © Tech Pop | Powered by Blogger
Design by Hardeep Asrani | Blogger Theme by NewBloggerThemes.com | Distributed By blogger Templates