အခုဆို Windows 10 Free Upgrade Offer ဟာ တရားဝင် ပြီးဆုံးသွားခဲ့ပြီဆိုတာ အားလုံးသိကြမှာပါ။ သို့ပေမယ့်လည်း Microsoft ဟာ အခုချိန်ထိ အခွင့်အရေးတစ်ခု ပေးထားတုံးပဲဆိုတာကို ကျနော် အားလုံးကို မျှဝေချင်ပါတယ်။
လွန်ခဲ့တဲ့ ၂ ရက်ကပဲ ကျွန်တော်ကိုယ်တိုင် Windows 7 Sp1 ကနေပြီးတော့ Windows 10 ကို Upgrade ပြုလုပ်ခဲ့ပါတယ်။ Upgrade မလုပ်ခင်မှာ အဓိက လိုအပ်တာတွေကတော့ Computer Hardware လိုအပ်ချက်အပြင် Upgrade ပြုလုပ်မယ့် ကွန်ပျူတာမှာ Windows 7 Sp1 သို့မဟုတ် Windows 8.1 Install ပြုလုပ်ထားမှသာလျင် Windows 10 ကို upgrade ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
Microsoft ဟာ Windows 10 Free Upgrade Offer ကို Assistive Technology သုံးစွဲသူတွေအနေနှင့် အခမဲ့ ရရှိနိုင်သေးတယ်လို့ သူ့ရဲ့ Website လင့်ခ်မှာ ဖော်ပြထားပါတယ်။ Assistive Technology တွေဟာဆိုရင် အများနည်းတူ ကွန်ပျူတာကို အသုံးမချနိုင်သူတွေအတွက် အထောက်အပံ့ပေးမယ့် နည်းပညာတစ်ခုဖြစ်ပြီး Windows 10 မှာဆိုရင် ဒီ နည်းပညာတွေကို အများကြီး အဆင့်မြှင့်တင်ထားတယ်လို့ သိရပါတယ်။ ကျနော် ပုံမှန် အသုံးပြုဖြစ်တာကတော့ On Screen Keyboard ပဲ ။ 👍👍
Windows 7 SP 1 နှင့် Windows 8.1 ရှိသူတွေအနေနှင့်ကတော့ Windows 10 free upgrade for customers who use assistive technologies ကို သွားပြီးတော့ installer ကို Download ပြုလုပ်ကာ Windows 10 Upgrade ကို အခမဲ့ ရယူနိုင်ပါတယ်။
Install ပြုလုပ်ရတာလည်း အလွန်လွယ်ကူရိုးရှင်းပြီး အဆင့်ဆင့် ပေါ်လာတဲ့ instructions တွေအတိုင်းပြုလုပ်ရုံပါပဲ။
Windows 10 Upgrade လုပ်ပြီးသွားရင် Softwares တွေအတော်များများကတော့ ပုံမှန်အတိုင်းပဲ ပြန်လည်အသုံးပြုနိုင်မှာဖြစ်ပြီး။ Drivers တွေအားလုံးကိုတော့ ပြန်ပြီး Update ပြုလုပ်ပေးမှ ကွန်ပျူတာသုံးရတာ ပိုပြီးအ ဆင်ပြေပါလိမ့်မယ်။ Good Luck ✌
0 comments:
Post a Comment