မျက်နှာပြင်တစ်ခုလုံး အစမှအဆုံး ကျယ်ပြောလှပြီး အရောင်အသွေးစုံလှတဲ့ HDR Display နှင့်အတူ Galaxy S8 ကတော့ ပွဲထွက်လှသွားခဲ့ပါပြီ။ ရှေ့ဘက် မျက်နှာစာမှာဆိုရင် 8 megapixel selfie camera နှင့် အတူ iris Scanner ကိုပါ အသုံးပြုနိုင်မယ့် sensors တွေ ပါဝင်တာကို တွေ့ရမှာပါ။ ဒါ့အပြင် လျင်မြန်တဲ့ Connection Speed ကိုပေးစွမ်းနိုင်မယ့် Gigabit LTE-Ready Proessor ကိုအသုံးပြုထားတဲ့အတွက် အတော်လေး အင်တာနက်သုံးလို့ကောင်းမယ့်ဖုန်းတစ်လုံးပါ။ Display တစ်ခုံးလုံး ဖုန်းအုပ်ထားတဲ့ Galaxy S8 မှာဆိုရင် ပုံမှန်ပါနေကျ Home Button လေးကိုတောင် Pressure Sensitive/ 3D Touch ကိုအသုံးပြုထားပြီး Display ရဲ့နောက်ကွယ်မှာ Soft Key တစ်ခုအနေနှင့် ပြောင်းလဲသွားခဲ့ပါပြီ။
အခုလို အသစ်အသစ်တွေနှင့် လှပတဲ့ Display တွေကို ဘေးခဏချိတ်လိုက်ပြီး သင့်အတွက် Update ပြုလုပ်ဖို့ ထိုက်တန်တဲ့ ဖုန်းတစ်လုံးဟုတ်မဟုတ်ဆိုတာကို အားနည်းချက်လေးတွေနှင့် လေ့လာကြည့်လိုက်ရအောင်။
၁။ ပထမဦးဆုံးအချက်က ကင်မရာ
အကယ်၍ သင်ဟာ ခရီးသွားတတ်တဲ့သူတစ်ယောက်၊ နောက်ပြီး ကိုယ်ရောက်ခဲ့တဲ့နေရာတွေကို သူငယ်ချင်းမိတ်ဆွေတွေကိုလည်း ပြန်လည်မျှဝေချင်တဲ့အခါမှာတော့ ဖုန်းတစ်လုံးရဲ့ ကင်မရာဘယ်လောက်ကောင်းသလဲဆိုတာကို အဓိက မြင်မိမှာပါပဲ။ Galaxy S8 နှင့် S8 Plus နှစ်မျိုးစလုံးမှာ သင်မျှော်လင့်ထားသလိုဖြစ်မလာခဲ့တဲ့ ဖုန်းတစ်လုံးလို့ ဆိုရမှာပါ။ အခြားသော ဖုန်းအမျိုးမျိုးဟာ အကောင်းတကာ့အကောင်းဆုံးဆိုတဲ့ ကင်မရာတွေနှင့် megapixel တွေကိုလည်း အမြင့်တကာ့အမြင့်ဆုံးတွေ ထုတ်လုပ်နေချိန်မှာ S8 နှင့် S8 Plus မှာတော့ ယခင် Galaxy S7 တုံးက အသုံးပြုထားတဲ့ 12-megapixel sensor နှင့် f/1.7 ကိုသာ ပြန်လည်အသုံးပြုထားပြီးတော့ အနည်းငယ် အဆင့်မြှင့်တင်မှုတွေကိုသာပြုလုပ်ထားပါတယ်။
သေချာတာကတော့ Samsung ဟာ ပိုမိုကောင်းမွန်တဲ့ image processing ဖြစ်အောင် အဆင့်မြှင့်ထားပါတယ် ဆိုပေမယ့်လည်း၊ iPhone 7 plus နှင့် LG G6 တို့လို Dual-camera တွေနှင့်တော့ ယှဥ်ပြိုင်နိုင်မှာမဟုတ်ပါဘူး။
၂။ ဒုတိယအရေးအကြီးဆုံး Battery
ဒီဖုန်းအသစ် နှစ်မျိုးလုံးက တစ်နေကုန် စိတ်တိုင်းကျ အသုံးပြုနိုင်မယ့် အမျိုးအစားတွေထဲမှာပါမလာပါဘူး။ S8 နှင့် S8 plus နှစ်မျိုးစလုံးဟာ လက်ရှိ ဖုန်းတွေနှင့် မထူးမခြားနား Battries ပမာဏတွေကိုပဲ အသုံးပြုထားတာဖြစ်ပါတယ်။ ဒါ့ထက် ဆိုးတာကတော့ ရှေ့မျက်နှာစာအပြည့် ရှိနေတဲ့ HDR Display ဟာ Battries မစားပဲနှင့်တော့ နေမှာမဟုတ်ပါဘူး။
ဒါပေမယ့်လည်း လက်ရှိအခြေအနေမှာတော့ Snapdragon 835 Processor ဟာ ဘယ်လောက် ဘတ်ထရီစား သက်သာနိုင်မလည်းဆိုတာကိုပဲ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ အဲ့ဒီချိန် မတိုင်ခင်ထိတော့ လောလောဆယ် Galaxy S8 နှင့် S8 Plus တို့ရဲ့ ဘတ်ထရီ တွေဟာ အားရစရာ မရှိပါဘူး။
၃။ ဖုန်းထဲမှာ အသစ်ပါဝင်လာတဲ့ Samsung ရဲ့ Bixby လက်ထောက်လေးပဲဖြစ်ပါတယ်။
Microsoft မှာ ကော်တာနာ(Cortana), Google မှာ Assistant နှင့် Apple မှာ ဆယ်ရီ/ဆီရီ (Siri), Amazon မှာ Alexa နှင့် အခုဆိုရင်တော့ Samsung မှာ Bixby ဆိုပြီး သင့်အတွက် လက်ထောက်တွေ တိုးပြီးရင်းကို တိုးလာနေပါတယ်။ ဒီတော့ သူတို့ကိုလည်း ခိုင်းဖြစ်အောင်ခိုင်းပြီး ဘယ်လိုအကျိုးရှိလည်းဆိုတာကို စမ်းဖြစ်အောင်စမ်းကြည့်ကြပါလို့ ပြောချင်ပါတယ်။ ဘာလို့လည်းဆိုတော့ နောက်ပိုင်း ခေတ်က Ai Assistant ခေတ်ဖြစ်တော့မှာဆိုတောလေ။
Galaxy S8 မှာ ပါလာတဲ့ Bixby Button ဆိုတာလေးရှိပါတယ်။ ဖုန်းရဲ့ ညာဘက် ဘေးနားလေးမှာပါ။ Bixby ဟာ ဆိုရင် ကင်မရာမှတစ်ဆင့် ရုပ်ပုံတွေကို သိရှိနိုင်ပြီးတော့ ရုပ်ပုံတွေကနေပဲ ဘာသာပြန်တာတွေကို ကူညီပေးနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း တကယ့် လက်တွေ့မှာတော့ သင့်လက်ထဲရောက်လာရင် Deactivate လုပ်ဖို့တစ်ခုတိုးလာတာပဲ အဖတ်တင်မှာပါ။ (Google Assistant က ပိုကောင်းနေတာကိုး။ တကယ်စမ်းကြည့်ရင်သိလာလိမ့်မယ်။ 😜 )
အခုလောလောဆယ်တော့ Samsung Apps တွေနှင့် Settings တွေနှင့် ပတ်သက်ပြီးတော့ ခိုင်းစားလို့ရမှာဖြစ်ပါတယ်။ သူအဓိက မလုပ်နိုင်တာကတော့ Online informations တွေကို ရယူနိုင်စွမ်းမရှိတာပါပဲ။ လက်ရှိမှာတော့ Bixby ဟာ Beta အဆင့်တောင်မရောင်သေးတဲ့ လူမမည် ကလေးတစ်ယောက်သာသာ ပဲရှိသေးပြီးတော့ 2017 မှာ တော့ အတော်လေး ခေတ်နောက်ကျနေတဲ့ Ai လေးတစ်ခုပါဗျာ။
0 comments:
Post a Comment