Tech Pop
  • Home
  • My Facebook
  • Contact Me

Wednesday, April 12, 2017

အမျိုးမျိုး အထွေထွေသော ဂိမ်မာများ (SEA SERVER)

 Paw Oo     9:16 AM     Dota2, Games     No comments   


1. CopyCats:

များသောအားဖြင့် ဒီလိုဂိမ်မာမျိုးတွေဟာ ကျန​ော်တို့ အာရှဆာဗာဘက်က သူတွေမှာပဲတွေ့ရတယ်။ ဒီလို ဂိမ်မာတွေဟာ Youtube ဒါမှမဟုတ် Streaming Channels တွေက ပရို ကစားသမားတွေကိုကြည့်ပြီးလိုက်တုပကစားကြတာဖြစ်တယ်။ ဒါပေမယ့် သူတို့တွေမှာ လုံလောက်တဲ့ အရည်အချင်းမရှိတဲ့အတွက် ပရိုတွေလို လိုက်ကစားတာဟာ ပွဲတစ်ခုလုံးကို စုတ်ပြတ်သတ်နေအောင်ရှုံးတော့တာပါပဲ။
ဥပမာအားဖြင့် ပြောရရင် - Medusa ကို Phase Boots, MoM နှင့် Divine Rapier တို့ ထည့်ကစားခြင်းမျိုးပေါ့ဗျာ။ န​ောက်ပြီးရင် သူတို့ Divine ကြီးပြုတ်ကျပြီး တစ်ဖက်ရန်သူ Ember Spirit တို့ကရသွားပြီး ကိုယ့်ဘက်ကို ပြန်အကျုံးခံရတာမျိုးပေါ့။ သေချာတာကတော့ သူများ ပရို ပွဲတွေကြည့်ပြီး လိုက်တုကစားတာပဲဖြစ်ရမယ်။

2. False Leaders :

တခါတလေတွေ့ဖူးမှာပါ ဂိမ်းကမစသေးဘူး ဘယ်သူဘာယူဆိုပြီး ရှိရှိသမျှလူ လိုက် အမိန့်ပေးနေတတ်တဲ့သူမျိုးတွေ။ များသောအားဖြင့် သူလိုလူမျိုးတွေပြောတတ်ကြတာက ဘယ်သူဘာလုပ် ရင် ပိုကောင်းမယ်ဆိုတာမျိုးပေါ့ ဒါပေမယ့်လည်း ဘယ်သူမှသူ့စကားနားမထောင်ကြပါဘူး သူပြောသမျှက တော်တော်အာရုံနောက်ဖို့ကောင်းတာကိုး။ ဂိမ်းကစားတာ ရှုံးလာပြီ ဆိုလို့ကတော့ တစ်ပွဲလုံးတွေ့တဲ့သူ လိုက် အပြစ်တင်နေတော့တာပဲ ပွဲပြီးသွားရင်တောင် ရသမျှ report ထုသွားသေးဗျာ။

3. Those you Fuc**d Your Mom Last Night :

တစ်ခါတစ်လေ ဂိမ်းကစားနေရင်းနှင့် စကားများကြဖူးမှာပါ။ စကားများနေရင်းကနေ ဆဲဆိုပြီး အပြင်မှာတွေ့ ထိုးမယ်ဆိုတဲ့သူမျိုးတွေလည်း များသား။ အဲ့ထဲမှာ တကယ့် အသက်အရွယ်လည်းရှိကြပြီဖြစ်တဲ့ သူတွေကတော့ ခဏတဖြုတ်ပဲ ပြီးရင် ကိုယ့် ဂိမ်းမှာပဲ အာရုဏ်စိုက်ကစားကြတာပါ။ ဒါပေမယ့်လည်း တချို့သော ကလေကဝ နှင့် ကလ​ေးပ​ေါက်စ များသောအားဖြင့် ၁၀ နှစ်အောက်လေးတွေကတော့ သိကြတဲ့အတိုင်း open mic ကြီးဖွင့်ပြီး ပြောချင်တာဆက်ပြောနေကြတော့တာပါပဲ။ နောက်ပြီး ဒီကြားထဲ သူ့အမေက ထထဆူနေတဲ့အသံကြီးပါကြားနေရသေး။ ပြောနေတဲ့ စကားတွေကလည်း သူကပဲ Na'Vi' Dendi သင်ပေးထားသလိုလို က ပါသေးတယ်။ အကောင်းဆုံးကတော့ အဲ့လို မျိုးလူ ပါလာခဲ့ရင်တော့ Mute သာ လုပ်ထားလိုက်တော့ .....

4. Retard Supports :

ဒီလို ဂိမ်မာတွေ SEA မှာ အများဆုံးလို့ ပြောရမလားပေါ့နော်။ သူတို့တွေ အယူများတဲ့အကောင်တွေက Dazzle နှင့် Omni Knight တို့ဖြစ်ပြီးတော့ အစပိုင်းတော့ ခင်ဗျားထင်မှာပေါ့ အိုး ငါတော့ Support ကောင်းကောင်းရပြီဆိုပြီးတော့။ ဒါပေမယ့်လည်း မကြာပါဘူး သူတို့ရဲ့ item build ကို ကြည့်ပြီး ခင်ဗျား Shock တောင်ရသွားဦးမယ်။ ခင်ဗျား မေးလိုက်ရင် သူတို့ပြန်ဖြေတာက ကိုယ့်ဘက်က Carries တွေအသုံးမကျလို့ သူလို(noob support) က Carry ကစားဖို့အတွက် Farm ရမယ်ဆိုပဲ .... 😅😅

5. Regular Players:

SEA မှာ တွေ့ရခဲတဲ့ ဂိမ်မာတွေပါ (ကျနော်လည်းပါတယ်) 😄😄။ MMR 0-3000 ကြားရှိတဲ့ သူတို့ရဲ့ Screen Shot တွေကို Social Network တွေမှာတင်လေ့ရှိပြီးတော့ အများဆုံးကတော့ ၁၀ ကောင်မှာ ၉ ကောင်လောက်က Carries တွေကိုင်ကြပါတယ်။ အဲ့လိုလူမျိုးတွေကတော့ သေချာတယ် ပုံမှန် ဂိမ်းကစားတဲ့သူတွေပဲ။

6. Stupid Random-ers :

အတော်လေးတော့ ရှားတယ်ဗျ။ ဒါပေမယ့်လည်း ခုချိန်ထိ တွေ့နေရတုန်းပဲ။ ဒီလို ကစားသမားတွေက ဘာလုပ်လည်းဆိုတော့ ပွဲစလို့ Hero ရွေးရင် Random လုပ်လိုက်တယ်။ ပွဲလည်းစရော သူတို့လိုချင်တဲ့ Hero မရဘူးဆိုပြီးတော့ One on One Swap ခိုင်းတယ်။ စတာနှင့် ဆေးတန်းထိုးပြီးတော့ မကြာပါဘူး ကိုယ့် ဘက်က အသုံးမကျဘူးဆိုပြီး တစ်ဖက်ကိုသွားသွားပြီး ထိုးကျွေးကြတာပဲ။ ပြောလိုက်ရင်တော့ အမြဲတမ်း ကိုယ့် Team အသုံးမကျဘူးဆိုတာပဲ။ တကယ်တော့ သူက စတည်းက ဆေးအကြီးကြီး ထိုးလာတာ။

7. Smurf-ers :

တစ်ချို့ကျတော့လည်း တော်တယ်ဒါပေမယ့် ကောင်းကောင်းမကစားဘူး တခြားသူငယ်ချင်းတစ်ယောက်ကို MMR တင်ပေးနေတာမျိုးလည်း ရှိတယ်။ သူတို့တွေရဲ့ Game Sense ဟာကောင်းပြီးတော့ ပွဲတစ်ခုလုံးကို Funny လုပ်ပြီးတောင်ကစားနိုင်တယ်။ သူတို့ကို ပြန် kill ဖို့ဆိုတာ တော်တော်မလွယ်တာ။ ဒီလို ကစားသမားမျိုးတွေ့ခဲ့ရင် ကျတော့ ကိုယ့်ဘက်ကနေ သူ့ကို ဆေးနည်းနည်းထိုးလိုက်ပြီးရင် အသားနားခံလိုက်တာနှင့် နိုင်ဖို့ သေချာသွားပြီ။

8. Those who Beat Dendi in 1v1 :

ဒီလို ဂိမ်မာတွေကျတော့ သူတို့ပြောတဲ့စကားနှင့်တင် လေပိသေနိုင်လောက်တယ်။ တခါတလေ အဲ့လို ဂိမ်မာတွေက သူတို့ရဲ့ ဂိမ်းကစားပုံကို ကြည့်စရာတောင်မလိုဘူး။ သူတို့ရဲ့ Eng Skill ကို ကြည့်တာနှင့်တင် သေလို့ရတယ်။ အောက်က ပုံကို သာ ကြည့်ကြပေတော့ ....
Those who beat Dendi in 1v1 - Dota 2 gamers

9. Awesome players :

SEA က သူငယ်ချင်းတချို့ကတော့ ပြောကြတယ် အဲ့လို မျိုးတွေ မတွေ့ဖူးပါဘူးတဲ့။ ကျနော်ကပဲ ကံမကောင်းအကြောင်းမလှလို့ ဆုံနေရတာလားတော့မသိဘူးဗျာ။ သေချာတာကတော့ အထက်က ပြောခဲ့တဲ့ ဂိမ်မာတွေ ရှိကိုရှိတယ်။ ဒါပေမယ့်လည်း အခုတလောဆိုရင်တော့ တော်တော်လေးကို ရှားလာပါပြီ။ Uranium ထက်ကို ရှားလာတယ်လို့ကိုဆိုရမှာပါ။ မနေ့ကပဲ တွေ့သေးတယ် တစ်ယောက်။ တကယ်တော့ ဂိမ်းကစားတဲ့အခါမှာ ကိုယ့် ကျရာနေရာကနေ တာဝန်အပြည်အဝယူပြီး Team Work စိတ်ဓါတ် အပြည့်ရှိရှိ ကစားတာက အကောင်းဆုံးပါ။ ကိုယ်တတ်နိုင်သမျှ Support ဆိုလည်း Support အနေနှင့် လိုအပ်တာ လုပ်ပေးပြီးတော့ ကိုယ်က Carry ကစားရင်လည်း ကိုယ့်ကို Support လုပ်ပေးမယ့် ကစားသမားတွေကိုပဲ လိုချင်ကြမှာပါ။ နောက်ပြီး မမှားသောရှ​ေ့နေမသေသော ဆေးသမားလိုပဲ ကိုယ်က မှားခဲ့ရင်လည်း ကိုယ့်ကို နားလည်မှုပေးပြီး သူများမှားခဲ့ရင်လည်း သည်းခံပေးရမှာပါ။ ဒါမှလည်း ဂိမ်းကောင်းကောင်းတစ်ပွဲ ဖြစ်လာမှာလို့ ကျနော်တော့ ယုံကြည်ပါတယ်။ ဒီတော့ Awesome ကစားသမားတွေဖြစ်ပြီးတော့ MMR တွေလည်း ကောင်းကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Ref : http://hotnewgaming.tk/index.php/2017/04/09/9-types-of-dota-2-gamers-youll-find-on-sea-server/
  • Share This:  
  •  Facebook
  •  Twitter
  •  Google+
  •  Stumble
  •  Digg
Email ThisBlogThis!Share to XShare to Facebook
Newer Post Older Post Home

0 comments:

Post a Comment

Translate To Your Own Language

Popular Posts

  • Outlast 2 ကိုကစားမယ်ဆိုရင် မသိမဖြစ်တဲ့အချက် ၇ ချက် ( Uni and Zawgyi )
    Outlast ဂိမ်းဟာ ကစားသူတိုင်းအတွက် ဘယ်လောက်တောင် မျှော်လင့်ချက်မဲ့ပြီး သွေးပျက်ထိတ်လန့်ဖွယ်ကောင်းလည်းဆိုတာ အားလုံးနဲ့အထူးတလည်ပ...
  • တကြော့ပြန် Nokia
    ပိုင်ရှင်အသစ်နှင့်အတူ Nokia ဟာ အခုဆိုရင် ပထမဦးဆုံး Android Smart Phone အသစ်တစ်လုံးကို စတင် မိတ်ဆက်လိုက်ပြီဖြစ်ပါယ်။ Nokia ကို Micros...
  • MPT CO-Branded Device M50 နှင့် ခဏတာ Review
    Good - ဖုန်းရဲ့တည်ဆောက်ပုံနှင့် ဒီဇိုင်းအသွင်အပြင်ဟာဆိုရင် လေးထောင့်ကျကျနှင့် Smart ဖြစ်ပါတယ်။ လက်ထဲမှာကိုင်ရတာလည်း အဆင်ပြေပြီး သုံး...
  • 2018 မှာထွက်ရှိလာမယ်လို့ မျှော်လင့်ရတဲ့ Darksiders 3
    Darksiders 1 ရဲ့ဗားရှင်းအသစ်ဖြစ်တဲ့ Darksiders: Warmastered Edition ကို လတ်တလောကမှ PC, PS4 နဲ့ Xbox One အစရှိတဲ့ platform အသီးသီ...
  • ဖုန်းမှန်ဟာ တော်ရုံ မကွဲတဲ့အပြင်၊ ကွဲခဲ့ရင်တောင် သူ့အလိုလို ပြန်ပြင်မယ်ဆိုတဲ့ Motorola
    Motorola ဖုန်းကုမ္ပဏီဟာ ထုတ်လုပ်တဲ့ ဖုန်းတွေရဲ့ မှန်တွေကို တော်ရုံတန်ရုံ မကွဲဘူးဆိုတာလောက်နှင့် မဟုတ်ပဲ ကွဲသွားရင်တောင် သူ့အလိုလို ပ...

About Me

Paw Oo
View my complete profile

Categories

Accessories (1) Acer (1) Alphabet (2) Android (8) Apple (34) Article (3) Comparing (1) Danger (1) Drone (3) Event (1) Facebook (4) Gaming Laptop (3) Get Chance (2) GoPro (1) Google (5) Google Maps (1) How To (1) Knowledge (1) Laptop (4) Mac (8) MacBook (5) MacBook Pro (1) Market (1) Mi Notebook (1) Microsoft (8) Microsoft Surface Studio (1) Mobile Devices (2) Musics (1) Note Series (1) Photography (1) Polls (1) Razer Blade (1) Review (2) Rumours & Leaks (2) Samsung (5) Technology (8) Telenor (1) Windows 10 (3) Windows 7 (1) Windows 8 (1) Workplace (1) Xiaomi (2) iOS App (3) smartphones (2)

Blog Archive

  • ►  2018 (1)
    • ►  August (1)
  • ▼  2017 (35)
    • ►  November (1)
    • ►  October (1)
    • ►  September (1)
    • ►  August (3)
    • ►  July (8)
    • ►  June (10)
    • ►  May (3)
    • ▼  April (3)
      • Bluetooth 5.0 နှင့် Samsung Galaxy S8/S8 Plus
      • အမျိုးမျိုး အထွေထွေသော ဂိမ်မာများ (SEA SERVER)
      • Windows 10 Upgrade ကို အခမဲ့ ပြုလုပ်နိုင်သေး
    • ►  March (3)
    • ►  January (2)
  • ►  2016 (48)
    • ►  November (2)
    • ►  October (5)
    • ►  September (13)
    • ►  August (10)
    • ►  July (3)
    • ►  June (4)
    • ►  May (2)
    • ►  March (4)
    • ►  January (5)
  • ►  2015 (24)
    • ►  December (3)
    • ►  November (11)
    • ►  October (9)
    • ►  September (1)

Tech Pops

Copyright © Tech Pop | Powered by Blogger
Design by Hardeep Asrani | Blogger Theme by NewBloggerThemes.com | Distributed By blogger Templates