Google ကတော့ နောက်လာမယ့် OS အသစ်တစ်ခုကို Google I/O developer's conference မှာ ထပ်မံ မိတ်ဆက်လိုက်ပြန်ပါပြီ။ လောလောဆယ်တော့ Developer Preview ပဲရှိပါသေးတယ်။ နောက်ပြီး ထပ်မံဖြည့်စွက်ထားတဲ့ လုပ်ဆောင်ချက်တွေအပြင် အဓိက အားသာချက်အနေနှင့်ကတော့ Java Script ကို Native အသုံးပြုလာနိုင်ပါတယ်။ လက်ရှိ အသုံးပြုနိုင်တဲ့ Devics တွေကတော့ Nexus 5X, Nexus 6P, Nexus Player, Pixel C, Pixel and Pixel XL တို့ဖြစ်ပါတယ်။ ဒီ Devices တွေကို အသုံးပြုနေကြတဲ့ သူတွေအနေနှင့်လည်း Update ထဲမှာ အလွယ်တစ်ခု ရှာဖွေပြီး install ပြုလုပ်လို့ရမှာမဟုတ်ပါဘူး။ သီးသန့် Download ပြုလုပ်ပြီးတော့မှသာ မိမိကိုယ်တိုင် Manually Install ပြုလုပ်ရမှာဖြစ်ပါတယ်။
Download ပြုလုပ်ရန် - https://developer.android.com/preview/download.html
Android N Final Version ကိုတော့ မနှစ်က သြဂုတ်လ မှာ အသုံးပြုခွင့်ရခဲ့ကြတာဖြစ်ပြီး။ မနှစ်ကအတိုင်း Time Frame အရဆိုရင်တော့ လာမယ့် ၁၇ မေလ Conference မှာ အနည်းအကျဉ်းလောက် သိရမယ်လို့ထင်တယ်။
အခု အသစ်ထွက်ရှိလာမယ့် OS နာမည်ကိုတော့ O အို ဆိုပြီးတော့ပဲ သိရှိထားရပါသေးတယ်။ နာမည်နှင့်ပတ်သက်ပြီး အတိအကျကိုတော့ မသိရသေးပါဘူး။ နည်းပညာရပ်ဝန်းက လူတွေပြောနေတာကတော့ နာမည်ကြီး မုန့်ဖြစ်တဲ့ Oreo ဟာ ရေပန်းအစားဆုံးဖြစ်နေပါတယ်။
ဪဒါနှင့် လက်ရှိမှာရေပန်းစားနေတဲ့ wireless audio ပိုင်းနှင့်ပတ်သက်ပြီးတော့လည်း အဆင့်မြှင့်တင်မှုတွေအများကြီး ပြုလုပ်ထားသေးတယ်လို့ သိရပါတယ်ဗျာ
0 comments:
Post a Comment