Samsung ရဲ့ Flagship Devices S Series ဟာဆိုရင် မကြာခင်မှာပဲ S8 ထိ မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ ဖုန်းကို မိတ်ဆက်မယ့် ရက်ပိုင်းအလိုမှာဆိုရင်လည်း များစွာသော TechBloggers တွေဟာ ဒီဖုန်းအကြောင်းကိုပဲစိတ်ဝင်တစားနှင့် စောင့်ကြည့်နေကြပါတယ်။ ဒီအထဲမှာမှ Leaks တွေနှင့် နာမည်ကြီး WinFuture ဆိုတဲ့ Techblog မှာဆိုရင်တော့ Galaxy S8 အကြောင်းကို တော်တော်လေး အသေးစိတ်ကျကျ တင်ဆက်ထားတာကို တွေ့ရပါတယ်။ ဒါနှင့် ကျနော်လည်း ကျနော့်ရဲ့ မရေးဖြစ်တာကြာပြီဖြစ်တဲ့ Blog လေးကို S8 Leak လေးနှင့် ထပ်မံအသက်သွင်းလိုက်ပါတယ်ဗျာ။
S8 နှင့် S8 Plus ဆိုပြီး နှစ်မျိုးဖြစ်နိုင်ပါတယ်။ ဖုန်းနှစ်လုံးစလုံးရဲ့ မျက်နှာပြင် အနားစောင်းနှစ်ဖက်လုံးဟာ Curve ဖြစ်နေပါမယ် နောက်ပြီး Screen Resolutions အနေနှင့်ကတော့ 22960 x 1440 pixel ဖြစ်ပြီးတော့ 18:9 အချိုးဖြစ်တဲ့ LG G6 လို မျက်နှာပြင်ကြီးကြီး ဖုန်း တွေဖြစ်မှာပါ။ ဖုန်းနှစ်လုံးရဲ့ အဓိက ကွာခြားချက်အနေနှင့်ကတော့ မျက်နှာပြင်အရွယ်အစား ဖြစ်ပြီး 5.8 နှင့် 6.2 အသီးသီးရှိပါတယ်။ ဖုန်းနှစ်လုံးစလုံးဟာ အချိုးကျ တူညီတဲ့ ဒီဇိုင်းအသွင်အပြင်နှင့်မြင်တွေ့ရမှာဖြစ်ပါတယ်။ Galaxy S8 မှာအဓိက ပြောင်းလဲသွားတဲ့ Home Button ကြောင့် မျက်နှာပြင်တစ်ခုံးဟာကို အပြည့်အဝ အသုံးချနိုင်မှာဖြစ်ပါတယ်။
Qualcomm's ရဲ့ နောက်ဆုံးထွက် Snapdragon Chip ဒါမှမဟုတ် Samsung ရဲ့ ကိုယ်ပိုင် Exynos 8895 Processor တွေကို အသုံးပြုထားမယ်လို့ ထင်ရပါတယ်။ နှစ်မျိုးစလုံးနှင့်လည်း ဖြစ်နိုင်ပြီးတော့ ဈေးကွက်နှင့် နေရာဒေသပေါ်မူတည်ပြီး ကွဲပြားနိုင်ပါလိမ့်မယ်။ ဘာလို့လည်းဆိုတော့ အရင် တချို့ဖုန်းတွေတုံးကလည်း ဒီလိုပဲ လုပ်ခဲ့တာကိုး။ အခြား Specs တွေအနေနှင့်ကတော့ RAM 4GB ၊ 64 GB UFS 2.0 Storage နှင့် SD Card Slot ကိုလည်း ထပ်မံထည့်သွင်းထားပါတယ်။ နောက်ပြီး Wi-Fi,LTE, GPS, Bluetooth 4.2 , Instant Sharing နှင့် Samsung Pay တို့အသုံးပြုနိုင်ဖို့ရာ NFC အပြင် USB ကိုတော့ Type-C Connector ကိုအသုံးပြုထားပါတယ်။
ဖုန်းတစ်လုံးအကြောင်းပြောရင်တော့ မပြောမဖြစ်တဲ့ Battery ကတော့ 3000mAh ကိုအသုံးပြုထားပါတယ်။Galaxy S8 Plus ကတော့ အနည်းငယ်ပိုကြီးတဲ့ 3,500mAh ကိုအသုံးပြုထားပါတယ်။ နောက်ပြီးတော့ Phone နှစ်လုံးစလုံးဟာ wireless charging ပါဝင်လာမယ့်အပြင် လျင်လျင်မြန်မြန်အားပြန်လည်ဖြည့်တင်းနိုင်မယ့် Features တွေကိုလည်း ထည့်သွင်းတည်ဆောက်ထားတယ်လို့သိရပါတယ်။
ဓါတ်ပုံ ကင်မရာပိုင်းအနေနှင့်ကတော့ ယခင် Galaxy S7 မှာမြင်တွေ့ခဲ့ရတဲ့ 12 megapixel f/1.7 ကိုပဲ အသုံးပြုထားပြီးတော့ အဆင့်မြှင့်တင်ထားတဲ့ Autofocus ကိုသုံးပြီးတော့ အလျင်အမြန်နှင့် ဓါတ်ပုံတွေကို အမိအရဖမ်းဆုပ်နိုင်မှာဖြစ်ပါတယ်။ Front Camera ကိုတော့ 8-megapixels f/1.7 Aperture ကို အသုံးပြုထားပါတယ်။ ဒီ Front Camera ကိုပဲအသုံးပြုပြီးတော့ iris scanner (မျက်ကြည်လွှာဖတ်) တဲ့ စနစ်ကိုလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။
အရောင်တွေအနေနှင့်ကတော့ အမည်း၊ အပြာ၊ ရွှေရောင်၊ သစ်ခွမီးခိုးရောင် အပြင် ငွေရောင် စတဲ့ အရောင်တွေကို ရွေးချယ်နိုင်မှာဖြစ်ပြီး ဈေးနှုန်းတွေအနေနှင့်ကတော့ €799 နှင့် €899 ဆိုပြီးတော့ ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။
Samsung အနေနှင့်ကတော့ တရားဝင်မိတ်ဆက်မယ့်ရက်ဟာ လာမယ့် မတ်လ ၂၉ ရက်နေ့ ဗုဒ္ဓဟူးနေ့မှာ ဖြစ်ပြီး။ လန်ဒန် နှင့် နယူးယော့ မြို့တို့မှာ စတင်မိတ်ဆက်သွားမှာဖြစ်တဲ့အကြောင်းလေးလည်း သတင်းကောင်းပါးလိုက်ရပါတယ်။
အွန်လိုင်း မှာကြည့်ရှုချင်တဲ့သူတွေအတွက် ကျနော် ဒီ Post လေးမှာပဲ ထပ်မံ တင်ပေးသွားပါမယ်လို့ . . . အောက်မှာတင်ပေးထားပါပြီ ဝင်ကြည့်လို့ရပါပြီ
စာဖတ်သူတွေအနေနှင့်ရော ဘယ်လိုအသစ်အသစ်တွေကို တွေ့မြင်ချင်လည်း ဆိုတာကို အောက်မှာ Comments လေးတွေပေးပြီး ရေးသွားလို့ရပါတယ်ဗျာ . ..
Watch Event Below
Watch Event Below
0 comments:
Post a Comment