ပထမဦးဆုံးသော Mac Ransomware တစ်ခုကို ဒီ နှစ် အစောပိုင်းမှာ Bitdfender Labs ကနေ တွေ့ရှိခဲ့ပြီး နောက်တစ်ကြိမ် ထပ်မံတွေ့ရှိရတဲ့ ဒုတိယမြောက် Backdoor.MAC.Elanor ကိုတော့ Public ကို ချပြခဲ့ပါတယ်။ Malware Application ဟာဆိုရင် လူသုံးများကြတဲ့ MacUpdate လိုဆိုဒ်မျိုးမှာတောင် တွေ့နိုင်ပါတယ်။
ဒီ Backdoor ဟာဆိုရင် Converter အတု အနေနှင့် သင့်ရဲ့ Mac ထဲမှာ ရှိနေနိုင်ပြီဂတော့ Online မှနေပြီး ပြင်ပ Download Sites တွေကနေ ဝင်ရောက်နိုင်တာဖြစ်ပါတယ်။ ဒီ EasyDoc Converter.app လိုခေါ်တဲ့ App ဟာဆိုရင် Drag and Drop File Converter တစ်ခုဖြစ်ပြီး တကယ်တမ်းဘာအလုပ်မှမလုပ်တဲ့ App တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် နောက်ကွယ်မှာတော့ အန္တရာယ်တွေရှိတဲ့ ထိန်းချုပ်မှုတွေကို ပြုလုပ်နိုင်အောင် လိုအပ်တဲ့ အရာတွေကို လုပ်ဆောင်ပါတယ်။ ဒါဟာဆိုရင် သင့်ရဲ့ ဒေတာအချက်အလက်တွေအပြင် ပြင်ပမှ သင့်ရဲ့ Mac ကိုလည်း ထိန်းချုပ်လို့ရစေပါတယ်။ နောက်ပြီး Webcam အပြင် အခြားသော အရာများစွာကိုလည်း လုပ်ဆောင်နိုင်စေပါတယ်။
Bitdefender ကတော့ သူတို့ရှိတွေ့ခဲ့တဲ့ EasyDoc Converter ဆိုတဲ့ App ဟာဆိုရင် နောက်ကွယ်မှာ Tor hidden Service တွေကို လုပ်ဆောင်စေပြီး ဒီ Backdoor က လုပ်ဆောင်နိုင်တဲ့အရာတွေဟာဆိုရင် အကန့်အသတ်မရှိဘူးလို့တောင် ဆိုပါတယ်။
နောက်ပြီး အခုလို Malware မျိုးဟာ ရှာဖွေတွေ့ရှိဖို့ခက်ခဲပြီး အလွန်ကိုအန္တရာယ်များကြောင်းနှင့် မိမိ Mac ကို တိုက်ခိုက်သမှ အလုံးစုံ ထိန်းချုပ်မှုများပြုလုပ်နိုင်ကြောင်းလဲ သိရပါတယ်။ ဥပမာအားဖြင့် - သင့်ကို System အတွင်းမှ Lock out လုပ်ပစ်နိုင်ခြင်း၊ သင့်အား ခြိမ်းခြောက်သော Blackmail များ ပို့ခြင်းအပြင် သင့်ရဲ့ Mac ကိုအသုံးချပြီး အခြားအရာတွေကို ပါ တိုက်ခိုက်နိုင်တဲ့ Botnet အဖြစ်လည်းပြောင်းလဲလိုက်နိုင်ပါတယ်။ ဖြစ်နိုင်ခြေတွေကိုပြောရရင်တော့ ဆုံးမှာကိုမဟုတ်တော့ပါဘူး။
ဒီကြားတဲ့ သတင်းကောင်းတစ်ခုက ဒီ App ဟာ Apple Developer ID နှင့် Sign မလုပ်ထားတဲ့အတွက် သင်ဟာ Mac Store က App တွေကိုပဲသုံးနေသ၍ကတော့ လုံခြုံစိတ်ချစွာအသုံးပြုနိုင်ပါတယ်။ နောက်ပြီး Unknown Developers App တွေကို Block လုပ်ထားသင့်ပါတယ်။ နောက်ပြီး လိုအပ်လို့ ပြင်ပ ဆိုဒ်တွေကနေ Download ဆွဲအသုံးပြုမယ်ဆိုရင်လည်း သတိထားပြီး သုံးစွဲဖို့အကြံပြုလိုက်ပပါတယ်ဗျာ။ ကိုယ့် Mac လေးတွေကို ကိုယ်ဂရုစိုက်ကြပါလို့။ အသေးစိတ်အစီရင်ခံစာ ကတော့ Bitdefender မှာ ဖတ်ကြည့်နိုင်ပါတယ်။ လင့်ကတော့ Bitdefender ဒီမှာပါ။
0 comments:
Post a Comment