Tech Pop
  • Home
  • My Facebook
  • Contact Me

Sunday, July 3, 2016

iOS 10 ရဲ့ ပြောင်းလဲမှုတစ်ခု

 Paw Oo     10:00 AM     Apple, iOS App     No comments   

ပြောင်းလဲမှုဆိုလို့ iOS မှာပြောစရာ Lock Screen လို့ပဲဆိုရမလား။ iOS 10 ကို Update လုပ်လုပ်ပြီးချင်း သင်ပထမဦးဆုံးတွေ့မြင်ရမယ့်အရာဖြစ်ပါတယ်။ အောက်မှာရှိတဲ့ Video Walkthrough လေးကို ပြန် Share ပေးလိုက်ပါတယ်။

Bolder font

စာလုံးတွေပိုပြီးထင်ရှားနေတယ် (Bold) ဖြစ်နေတာကိုသတိထားမိမှာပါ။ နောက်ပြီး အခြားသော app တွေဖြစ်တဲ့ Music app တွေမှာဆိုရင်လည်း fonts တွေက ပိုပြီးထူနေတာကိုသတိထားမိမှာပါ နောက်ပြီး Lock Screen က နာရီမှာနှင့် ရက်စွဲမှာလည်း ပိုထင်းပြီး ထူနေတဲ့ fonts တွေကိုမြင်တွေ့ရမှာပါ။

Slide To Unlock

iOS သုံးလာတဲ့သူတိုင်း သိထားတဲ့ Slide To Unlock ဟာဆိုရင် ၂၀၀၇ ခုနှစ် Macworld ရဲ့ စင်ပေါ်မှာ Steve Jobs ကိုယ်တိုင် စတင်မိတ်ဆက်ခဲ့တဲ့ iPhone တည်းကိုက တွဲလျက် အခုချိန်ထိမပြောင်းလဲပဲ သုံးလာလိုက်ကြတာ။ အခုထွက်ရှိတော့မယ့် iOS 10 မှာတော့ မပါတော့ပါဘူး။ အဲဒီအစားကို iOS 10 မှာတော့ Press Home To Unlock ဖြစ်သွားပါတယ်။ ပြောချင်တာက သင်မှာ Touch ID ပါတယ်နောက်ပြီး လက်ဗွေဖတ်စနစ်ကိုလည်း ဖွင့်ထားမယ်ဆိုရင်တော့ တခါတည်း passcode ကိုကျော်ပြီး ပွင့်သွားမှာဖြစ်ပါတယ်။ အဲ့လိုမှမဟုတ်ပဲ လက်ဗွေဖတ်စနစ်ကို မလုပ်ထားဘူးဆိုရင်တော့ Home Button ကို နှိပ်လိုက်ရင် passcode screen ကိုရောက်သွားမှာဖြစ်ပါတယ်။

Video Work Through



Subscribe to YouTube channel for more in-depth video coverage


Lock Screen ရဲ့ ထိပ်မှာဆိရင် Status ဘားရှိမှဦဖြစ်ပြီး လက်ရှိအချိန်မှာ သင့်ဖုန်းဟာ Lock ဖြစ်နေတယ်ဆိုတဲ့ လက်ရှိအခြေအနေကို ပြနေတဲ့ Lock icon လေးကို မြင်ရမှာဖြစ်ပါတယ်။ Lock icon ရှိနေတယ်ဆိုရင်တော့ သင့်ရဲ့ Device ဟာ ပထဦးဆုံး unlock ပြုလုပ်ရမယ်လို့ဆိုလိုပါတယ်။ Lock icon ရှိမနေဘူးဆိုရင်တော့ အဓိပ္ပါယ်က သင့်ရဲ့ဖုန်းကို Home Button ကိုနှိပ်လိုက်တာနှင့် ပွင့်သွားမယ်လို့ဆိုလိုတာပါ။ Slide To Unlock ဆိုတာ iOS 10 ရဲ့ တစ်စိတ်တစ်ပိုင်းမဟုတ်တော့ပေမယ့် ဒီထက်ကောင်းတဲ့ Features လေးတွေကို သင် Video Workthrough ကြည့်ရင်တွေ့မှာပါ။

Raise to wake
iPhone 6s နှင့် iPhone 6s Plus တွေမှာ Touch ID 2 နှင့်ပတ်သက်ပြီး Complaints အတက်ဆုံးဖြစ်တဲ့  Home Key ဟာနှိပ်လိုက်တာနှင့် အရမ်းကိုမြန်လွန်းပြီး Passcode ကို Unlock လုပ်ကာ ပွင့်သွားတယ်ဆိုတဲ့အချက်ကို မေ့လိုက်လို့ရပါပြီ။ အကြောင်းက Phone ရဲ့ Home Button ပေါ်မှာ တကယ့်ကို ဖြေးဖြေးလေး ထိလိုက်ရင်တောင် unlock ဖြစ်ဖြစ်သွားတော့ မဖွင့်ချင်ပဲလည်း ပွင်နေရသလိုဖြစ်ဖြစ်နေတယ်ပေါ့။ ပုံမှန်အားဖြင့်တော့ မြန်တယ်ဆိုတာ ကောင်းတာပေါ့ ဒါပေမယ့် Lock Screen မှာ Notifications တွေ ပေါ်နေတာကို ကြည့်ဖို့ကျပြန်တော့ အခုလို မြန်မြန်ကြီး ပွင့်ပွင့်သွားတဲ့အခါ တချို့ Noti တွေဆိုရင် မသိလိုက်ဖူးဖြစ်သွားပါတယ်။

အခု လာမယ့် iOS 10 မှာတော့ ဖုန်းကို ကိုင်ပြီး မြောက်လိုက်တာနှင့် Screen ပွင့်လာမယ်ဆိုတော့ ဒီလိုပြဿနာနောက်မဖြစ်တော့ဘူးပေါ့ဗျာ။ နာမည်နှင့်လည်း လိုက်ပါတယ် ဖုန်းကို တကယ်ပဲ အသာလေး မြောက်လိုက်ရင်တောင် Display က ပွင့်လာပြီး Lock Screen မှာ Notification တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီလိုဆိုတော့လည်း ဖုန်းကို ဖွင့်ချင်ရင်ပဲဖြစ်ဖြစ် Noti တွေကို သိချင်တာပဲဖြစ်ဖြစ် နောက်ဆို ခလုတ်နှိပ်စရာမလိုတော့ဘူးပေါ့ဗျာ။

Camera shortcut

နောက်တစ်ခု ထူးခြားတာက Camera ကို အရင်ကဆို ညာဘက်ထောင့်နား အောက်ကနေ အပေါ်ကို ဆွဲတင်လို်ကရင်ပဲ Camera ထဲကို Lock screen မှာတင်ပဲ ဝင်ရောက်အသုံးပြုနိုင်ပါတယ်။ iOS 10 မှာတော့ Lock Screen ကို ဘယ်ဘက်က ပွတ်ဆွဲလိုက်တာနှင့် Camera ကို အသုံးပြုနိုင်ပါလိမ့်မယ်။ Camera ကနေပြန်ထွက်ဖို့ကတော့ home button ကို ပြန်နှိပ်လိုက်ယုံပါပဲ။

Continuity app shortcuts work the same

နောက်တစ်ခုကတော့ iDevices တွေတစ်ခုနှင့်တစ်ခု ပြောင်းလဲအသုံးပြုတဲ့အခါ ကိုယ်လုပ်နေတဲ့ အလုပ်မပြတ်သွားစေတဲ့ Continuity feature ကိုသုံးရမယ့် app Shourt ကတော့ iOS 10 မှာ မပြောင်းလည်းပဲအရင်ကလို ဘယ်ဘက် အောက်နားလေးမှာပဲရှိနေတာဖြစ်ပါတယ်။

Notification Center

Notification Center ကိုလည်းအရင်ကလိုပဲ Lock Screen မှာပဲ အပေါ်ကနေအောက်ကို ဆွဲချတာနှင့် ကြည့်လို့ရမှာဖြစ်ပါတယ်။ နောက်တစ်ခုက Notification Center မှာ widgets တွေကိုပြတော့မှာမဟုတ်ပေမယ့် သင်ဟာ Lock Screen မှာတင်ပဲ ညာဘက်ကို ပွတ်ဆွဲလိုက်မယ်ဆိုရင်တော့ widgets တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ နောက်ပြီး သင်ဟာ တချို့သော Notification တွေကို Lock Screen မှာ မပေါ်အောင်လုပ်ထားပေမယ့် Touch ID အသုံးပြုပြီး သင်ဟာ Notfication Center ကနေ ကြည့်လို့ရနေမှာဖြစ်ပါတယ်။ ဒီအခါမှာဆိုရင် Hide လုပ်ထားတဲ့ Notifications တွေကိုပါ အလိုလျောက်ပေါ်လာပြီးပြပေးမှာဖြစ်ပါတယ်။

Lock screen widgets
Widgets တွေကို ပိုပြီး အလေးပေးထားတဲ့ Lock Screen မှာဆိုရင် 3D Touch Shortcuts ကို အသုံးပြုပြီး Detail Info တွေကြည့်လို့ရလာပါတယ်။ Lock Screen widgets ကို အသုံးပြုဖို့ဆိုရင် ညာဘက်လေးကို ပွတ်ဆွဲလိုက်ရုံပါပဲ။ iOS အဟောင်းမှ widgets တွေလိုပဲ ကိုယ်ကြိုက်တာ ထပ်ထည့်လို့ရတယ် နောက်ပြီး ဖြုတ်ပစ်လို့ရပါတယ်။ Lock Screen Widgets မှာဆိုရင် အတော်လေးအသုံးဝင်တဲ့ Spotlight Search Bar ကို ရက်စွဲရဲ့ အပေါ်နားလေးမှာ ထည့်သွင်းပေးထားပါသေးတယ်။ နောက်ပြီး Music Widget ဟာဆိုရင်လည်း ပြောင်းလဲမှုအနည်းငယ်ရှိပြီး အားလုံးလိုလိုဟာယခင် iOS အဟောင်မှာထက်စာရင် အနည်းငယ် ကြီးလာပြီး သီချင်းကို ရပ်လိုက်တာကအစ Album Artwork ကိုပါ အကျိုးသက်ရောက်မှုဖြစ်စေမှာဖြစ်ပါတယ်။ ဉပမာ သီချင်းကို ရှပ်လိုက်တဲ့အခါမှာဆိုရင် Artwork က အနည်းငယ်သေးသွားမှာဖြစ်ပြီး သီချင်းကို ပြန်ပြီး Play လိုက်တဲ့အခါမှာဆိုရင် Artwork က အနည်းငယ်ပြန်ကြီးလာမှာဖြစ်ပါတယ်။ နောက်ပြီး Home  Button ကိုနှိပ်လိုက်ခြင်းအားဖြင့် Music Controls တွေကို Lock Screen ကနေ ဖျောက်ထားလို့ရတော့မှာမဟုတ်ပါဘူး။

နောက်ဆုံးအနေနှင့် အားလုံးကို ခြုံပြီးပြောရရင် iOS 10 ဟာ Lock Screen အလုပ်လုပ်ပုံကို လုံးဝ ပြောင်းလဲလိုက်တာဖြစ်ပြီး used to ဖြစ်ဖို့တော့ အနည်းငယ်အချိန်ယူရမှာဖြစ်ပါတယ်။ Lock Screen ကိုအခုလိုပြောင်းလဲမှုတွေပြုလုပ်လိုက်တာကို တချို့တွေကတော့ မနှစ်မျို့ပေမယ့် အတော်များများကတော့ နှစ်သက်ကြပါတယ်။
  • Share This:  
  •  Facebook
  •  Twitter
  •  Google+
  •  Stumble
  •  Digg
Email ThisBlogThis!Share to XShare to Facebook
Newer Post Older Post Home

0 comments:

Post a Comment

Translate To Your Own Language

Popular Posts

  • Outlast 2 ကိုကစားမယ်ဆိုရင် မသိမဖြစ်တဲ့အချက် ၇ ချက် ( Uni and Zawgyi )
    Outlast ဂိမ်းဟာ ကစားသူတိုင်းအတွက် ဘယ်လောက်တောင် မျှော်လင့်ချက်မဲ့ပြီး သွေးပျက်ထိတ်လန့်ဖွယ်ကောင်းလည်းဆိုတာ အားလုံးနဲ့အထူးတလည်ပ...
  • တကြော့ပြန် Nokia
    ပိုင်ရှင်အသစ်နှင့်အတူ Nokia ဟာ အခုဆိုရင် ပထမဦးဆုံး Android Smart Phone အသစ်တစ်လုံးကို စတင် မိတ်ဆက်လိုက်ပြီဖြစ်ပါယ်။ Nokia ကို Micros...
  • MPT CO-Branded Device M50 နှင့် ခဏတာ Review
    Good - ဖုန်းရဲ့တည်ဆောက်ပုံနှင့် ဒီဇိုင်းအသွင်အပြင်ဟာဆိုရင် လေးထောင့်ကျကျနှင့် Smart ဖြစ်ပါတယ်။ လက်ထဲမှာကိုင်ရတာလည်း အဆင်ပြေပြီး သုံး...
  • 2018 မှာထွက်ရှိလာမယ်လို့ မျှော်လင့်ရတဲ့ Darksiders 3
    Darksiders 1 ရဲ့ဗားရှင်းအသစ်ဖြစ်တဲ့ Darksiders: Warmastered Edition ကို လတ်တလောကမှ PC, PS4 နဲ့ Xbox One အစရှိတဲ့ platform အသီးသီ...
  • ဖုန်းမှန်ဟာ တော်ရုံ မကွဲတဲ့အပြင်၊ ကွဲခဲ့ရင်တောင် သူ့အလိုလို ပြန်ပြင်မယ်ဆိုတဲ့ Motorola
    Motorola ဖုန်းကုမ္ပဏီဟာ ထုတ်လုပ်တဲ့ ဖုန်းတွေရဲ့ မှန်တွေကို တော်ရုံတန်ရုံ မကွဲဘူးဆိုတာလောက်နှင့် မဟုတ်ပဲ ကွဲသွားရင်တောင် သူ့အလိုလို ပ...

About Me

Paw Oo
View my complete profile

Categories

Accessories (1) Acer (1) Alphabet (2) Android (8) Apple (34) Article (3) Comparing (1) Danger (1) Drone (3) Event (1) Facebook (4) Gaming Laptop (3) Get Chance (2) GoPro (1) Google (5) Google Maps (1) How To (1) Knowledge (1) Laptop (4) Mac (8) MacBook (5) MacBook Pro (1) Market (1) Mi Notebook (1) Microsoft (8) Microsoft Surface Studio (1) Mobile Devices (2) Musics (1) Note Series (1) Photography (1) Polls (1) Razer Blade (1) Review (2) Rumours & Leaks (2) Samsung (5) Technology (8) Telenor (1) Windows 10 (3) Windows 7 (1) Windows 8 (1) Workplace (1) Xiaomi (2) iOS App (3) smartphones (2)

Blog Archive

  • ►  2018 (1)
    • ►  August (1)
  • ►  2017 (35)
    • ►  November (1)
    • ►  October (1)
    • ►  September (1)
    • ►  August (3)
    • ►  July (8)
    • ►  June (10)
    • ►  May (3)
    • ►  April (3)
    • ►  March (3)
    • ►  January (2)
  • ▼  2016 (48)
    • ►  November (2)
    • ►  October (5)
    • ►  September (13)
    • ►  August (10)
    • ▼  July (3)
      • Xiaomi ရဲ့ ပထမဦးဆုံး laptop $750 Mi Notebook Air
      • Mac သုံးသူတွေ သတိကပ်ဖို့
      • iOS 10 ရဲ့ ပြောင်းလဲမှုတစ်ခု
    • ►  June (4)
    • ►  May (2)
    • ►  March (4)
    • ►  January (5)
  • ►  2015 (24)
    • ►  December (3)
    • ►  November (11)
    • ►  October (9)
    • ►  September (1)

Tech Pops

Copyright © Tech Pop | Powered by Blogger
Design by Hardeep Asrani | Blogger Theme by NewBloggerThemes.com | Distributed By blogger Templates