ဒီနှစ်အစောပိုင်းမှာ Apple က သူ့ရဲ့ Built-in GPU နှင့် Thunderbolt အသစ် ကို ပြုလုပ်ဖို့ကြိုးစားနေတယ်ဆိုပြီး သိထားရပါတယ် လက်ရှိ Thuderbolt မျိုးဆက်တွေနေရာမှာအစားထိုးဖို့အတွက်ဖြစ်နိုင်ပါတယ်။ Apple ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ Thunderbolt Display တွေဟာဆိုရင် Retail ဆိုင်တွေမှာ နောက်ဆုံးလက်ကျန်ကုန်တာနဲ့ မြင်တွေ့ရတော့မှာမဟုတ်ဖူးလို့လည်းပြောလာပါတယ်။ ပြန်လည်ပြီး ထပ်မံထုတ်လုပ်မှာမဟုတ်ဖူးလို့လည်းပြောပါတယ်။ Apple ကတော့ အပြင်ကုပ္မဏီတွေက Mac သုံးသူတွေအတွက် ထောက်ပံ့နေတာကို တွေ့ရလို့ပဲ ထုတ်လုပ်တာကိုရပ်ဆိုင်းတာလား စဥ်စားစရာပါ။
“ကျနော်တို့ဟာ Thundarbolt Display တွေကို ထုတ်လုပ်တာရပ်ဆိုင်းတော့မှာပါ. Thundarbolt Display တွေဟာဆိုရင် Online က Apple.com မှာတော့ လက်ကျန်ပြတ်တဲ့အထိဝယ်လို့ရနေဦးမှာဖြစ်ပါတယ်။ အခြားရွေးချဝယ်သူစရာ အပြင်ကုပ္မဏီတွေလည်းရှိနေပါတယ်" ဆိုပြီး Apple မှ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်ကဆိုပါတယ်။
Apple ရဲ့ Thundarbolt Display ဟာဆိုရင် ၂၀၁၁ ခုနှစ်ကတည်းကနေ အချိန်ထိ ဘာမှ အသစ်ထပ်မံပြင်ဆင်ခြင်းနှင့် update လည်းဖြစ်မလာတဲ့ တစ်ခုတည်းသောစိတ်ပျက်စရာပါပဲ။ တချိန်တည်းမှာပဲ ထင်မြင်ယူဆချက်တွေများစွာထွက်လာတဲ့ထဲကမှ Apple ရဲ့ ပုံမှန်ပြုလုပ်နေကျ လာမယ့် WWDC မှာ MacBook Pro အသစ်တစ်မျိုးကို ထပ်မံမိတ်ဆက်နိုင်တယ်ဆိုတဲ့ သတင်းတွေလည်း ကြားနေရပါတယ်။
0 comments:
Post a Comment