Tech Pop
  • Home
  • My Facebook
  • Contact Me

Wednesday, March 23, 2016

iPhone 6 ကို ဝယ်ဖို့ စိတ်ကူးရှိနေသေးရင်

 Paw Oo     6:12 PM     Apple, Review     No comments   



အစကတော့ မရေးတော့ပါဘူးလေဆိုပြီး တေးထားလိုက်တာ။ ဒါပေမယ့် မအောင့်နိုင်တော့ဘူး :P ကိုလည်း iPhone 6 လေး ကိုင်ထားတာဆိုတော့လည်း ဘယ်ခံနိုင်ပါတော့မလည်းဗျာ။ ဟိုဆိုဒ်လေး ဖတ်လိုက်ပြန်တော့လည်း Review က မကောင်း ဒီဆိုဒ်လေး ဖတ်လို်က်ပြန်တော့လည်း Review က မကောင်းဆိုတော့လည်း .... 

အခုဆို Apple Special ပွဲလေးလည်းပြီးသွားခဲ့ပြီဆိုတော့ အားလုံးမြင်နေတွေ့နေရပြီဖြစ်တဲ့ iPhone SE ဟာ ဆိုရင် iPhone 6s လိုပဲစွမ်းဆောင်ရည်တွေရှိနေပြီး iPhone 6 ကို အပြတ်အသတ် ကန်ထုတ်လိုက်သလိုများ ဖြစ်သွားသလားဆိုတာ စဉ်းစားစရာပါ။ လက်ရှိမှာပြောရရင် iPhone 6s ထက် iPhone 6 သုံးနေတဲ့သူတွေများနေလိမ့်ဉီးမယ်လို့ကျနော်ထင်တာပဲ။

အကယ်၍ သင်လည်း စားသုံးသူတစ်ယောက်အနေနှင့်ကြည့်မယ်ဆိုရင် ၄ လက်မသာရှိတဲ့ iPhone SE ဟာဈေးနှုန်းမှာဆိုရင်လည်း $399 နှင့်စတင်ရောင်းချမှာဖြစ်တဲ့အတွက် iPhone 6s Budget Version လို့ဆိုနိုင်ပါတယ်။ သင်ဟာ လက်ရှိသုံးနေတဲ့ အလည်အလတ်တန်းစား ဖုန်းတစ်လုံး(ဒါမှမဟုတ်) iPhone 4, 4s, 5, 5s တို့ကနေ ပြောင်းသုံးဖို့စဉ်းစားနေတဲ့ သူတစ်ယောက်ဆိုရင်တော့ သေချာတာကတော့ iPhone SE လိုစွဲဆောင်မှုရှိပြီး စျေးနှုန်းလည်း သင့်တဲ့အပြင် ​Apple လေးကိုလည်း ကြွားကြွားလေး ကိုင်သုံးရမယ်ဆိုရင်တော့ လုံးဝကို စဉ်းစားရွေးချယ်သင့်တဲ့ ရွေးချယ်မှု တစ်ခုလည်းဖြစ်ပါတယ်။ ဒီတော့ ပြောချင်တာက iPhone 6s လို စွမ်းဆောင်ရည်မြင့်မြင့်နှင့် iPhone SE ဟာ iPhone 6 ကို အစတုံးလိုက်ပြီလားပေါ့နော်။ ဒါဒါကတော့ဒါပေါ့လေ SE က Hardware မှာလည်း အသာကြီးကိုဗျ။ အောက်မှာ ကျနော် ဆက်ရေးထားတာလေးတွေတစ်ချက်ကြည့်ပြီး ကိုယ်တိုင်ပဲ ဆုံးဖြတ်ကြည့်လိုက်ပါဗျာ။

ထင်သာမြင်သာရှိမယ့် အချက်တွေပေါ့ဗျာ လူပိန်းနားလည်းမယ့် အချက်လေးတွေအရင် ပြချင်ပါတယ်။
4 inch iPhone SE , 16 GB ကို ဒေါ်လာ ၄၀၀ က စတယ် ၆၄ GB ကို ဒေါ်လာ ၅၀၀ ပါ။ 4.7 inch ရှိတဲ့ iPhone 6 ပေါ့နော် SE အောက်လည်း Hardware/Specs တွေလည်းနိမ်တဲ့ ဖုန်းက 16 GB ကို ဒေါ်လာ ၅၅၀ နှင့် 64 GB ကို ဒေါ်လာ ၆၅၀ ဖြစ်ပါတယ်။ နောက်ထပ် 4.7 inch iPhone 6s ပေါ့နော် iPhone SE နှင့် Specs တွေအတူတူပါပဲ သူကတော့ 16 GB ကို ဒေါ်လာ ၆၅၀ နှင့် 64 GB ကို ဒေါ်လာ ၇၅၀ ဖြစ်ပါတယ်။

အတွင်းပိုင်းသုံးထားတဲ့ အစိတ်အပိုင်းတွေမှာ အဓိက ကျပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ A9 Processor ကို SE မှာလည်း သုံးထားပါတယ်။ ဈေးလေး လျော့ထားရလို့လားတော့မသိပါဘူး နည်းနည်းလေးတော့ 6s ထက်စာရင် စွမ်းဆောင်ရည် လျော့ပါတယ်။ နောက်ပြီးတော့ Motion Processor M9 ကိုပဲ သုံးထားပြီးတော့ “Hey, Siri” ဆိုပြီး အချိန်မရွေး ခေါ်ပြီးခိုင်းလို့ရမယ့် Siri Always On Feature တွေလည်း လုပ်ဆောင်နိုင်ပါတယ်။ Accelerometer ကလည်း အတူတူပဲသုံးထားပါတယ်။ ဒီတော့ တွေးကြည့်လိုက်တာနှင့်တင်ပဲ SE ဟာ လုပ်ဆောင်မှုပိုင်းမှာလည်း iPhone 6 ရဲ့ A8 Processor ထက် မြန်မှာဖြစ်တဲ့အပြင် အခြားအရေးကြီးတဲ့ RAM မှာဆိုရင်လည်း SE က 6 ထက် သာသွားပြန်ပါတယ် ( 2 GB Vs 1 GB ) ပေါ့နော်။ ထူးထူးခြားခြား ဈေးနှုန်းကျပြန်တော့လည်း ထင်ထားတာထက်တောင် သူက သက်သာနေပြန်တယ်။ ဟိုးအရင်ကဆိုရင်လည်း Apple ဟာ ဈေးသက်သာတဲ့ update လေးတွေပြုလုပ်ခဲ့ဖူးပါတယ်။ ဉပမာ iPad Models တွေဆိုရင်ပေါ့။


ကင်မရာပိုင်းမှာဆိုရင်လည်း iPhone SE ရဲ့ အနောက်မှာဆိုရင် 12-Megapixel iSight ကိုအသုံးပြုထားတာဖြစ်ပြီး iPhone 6s နှင့်အတူတူပါပဲ။ ဒါ့အပြင် 4K video ၊ Live Photos နှင့် Facetime HD Camera နှင့် Retina Screen Flash တို့လည်း ပါဝင်ပါတယ်။ ပြောရရင် ဒီ ဈေးနှုန်းဝန်းကျင်မှာ Apple ဟာ ဒီလို ကင်မရာအရည်အသွေးရှိရှိထည့်ပေးထားတယ်ဆိုတာပြောရရင် တကယ်ရောဟုတ်ပါ့မလားလို့ ထင်မိပါသေးတယ်။ ထပ်ပြောရဉီးမယ်ဆိုရင် ဈေးလည်းကြီးပြီး 8 Mp သာရှိတဲ့ iPhone 6 အတွက်တော လည်မျို အနင်းခံရသလိုပဲဗျာ။
Read More
  • Share This:  
  •  Facebook
  •  Twitter
  •  Google+
  •  Stumble
  •  Digg

Saturday, March 19, 2016

Human Rights Depend on Encryption လို့ ပြောလာနေတဲ့

 Paw Oo     11:37 AM     Apple     No comments   

Apple CEO တင်ကွတ်နှင့် FBI တို့ကြားက တိုက်ပွဲအစ



လူပေါင်းများစွာ အသက်စတေးခဲ့ရတဲ့ San Bernardino, Calif မှာ Syed Rizwan Farook နှင့် Tashfee Malik တို့သတ်ဖြတ်ခဲ့တာဟာဆိုရင် လူပေါင်း ၁၄ ယောက်သေဆုံးခဲ့ရပြီး ၂၂ ယောက်ပျင်းထန်စွာဒဏ်ရာရခဲ့ပါတယ်။

FBI ရဲ့ရုတ်ချည်းရှာဖွေခဲ့ရသမျှကတော့ ပိုက်နှင့်ပြုလုပ်ထားတဲ့ ဗုံး ၁၂ လုံး၊ ကာလီဘာ လက်နတ်မျိုးစုံနှင့် ဆဲလ်ဖုန်း သုံးလုံးမှာတော့ ( အမှိုက်ပုံးကြီးများထဲမှ ၂ လုံးဖြစ်ပြီး၊ တစ်လုံးကတော့ ကားပါကင်မှာရပ်ထားတဲ့ Lexus IS 300 ကားအမည်းတစ်စီးထဲကနေဖြစ်ပါတယ်။) အမှိုက်တွေကြားထဲက တွေ့ရတဲ့ ဖုန်း ၂ လုံးစလုံးကတော့ တိုက်ခိုက်သူတွေကြောင့် ကွဲကြေနေပြီဖြစ်ပေမယ့် လည်း အသေအချာရသမျှဒေတာတွေကိုလည်း ရှာဖွေခဲ့ပါတယ်။ ဒီကြားထဲမှာ သုံးလုံးမြောက်ဖုန်းကတော့ တကယ်ကို အမွှေပါ။ Orange County Regional Computer Forensics ရဲ့ Lab ခန်းထဲမှာထိန်းသိမ်းထားတာဖြစ်ပါတယ်။ စုံစမ်းသူတွေဟာ ဖုန်းကို ပထမဉီးဆုံး Boot လုပ်တဲ့အချိန်မှာစတာပါပဲ။ အဲ့ဒီဖုန်းကတော့ သိကြတဲ့အတိုင်း တကယ်ကို အမွှေစိန်ဖြစ်လာတဲ့ iOS 9 အသုံးပြုထားတဲ့ iPhone 5C ၊ဖြစ်ပါတယ်။ Network ကတော့ Verizon ကို သုံးထားပြီး Serial Number  ကတော့ FFMNQ3MTG2DJ ဖြစ်ပါတယ်။ ဖုန်းက ဖွင့်ဖွင့်ချင်းပဲ Pass Code ၄ လုံးတောင်းနေပါတယ်။

ဒီတော့ ဆက်လုပ်စရာရှိတာက ကလေးတွေဂိမ်းကစားသလိုပဲ ကံဆိုး-ကံကောင်း ကစားရမလိုပေါ့။ ကံဆိုးစွာနှင့်ပဲ passcode ကိုက ဘယ်သူမှမသိကြဘူးဗျ။ သိတဲ့သူကလည်း သေနေပြီလေ။ ရဲတွေနှင့် နာရီအနည်းငယ်အကြာ အပြန်အလှန်ပစ်ကြခတ်ကြရင်းက မာလစ်ခ် Malik ကော ဖာရွတ် Farook ပါ ကွိသွားကြတာရောလား။ စုံစမ်းရေတွေအားလုံးလည်း တတ်နိုင်သလောက်တော့ ခန့်မှန်းပြီးဖွင့်ခဲ့ကြလေရဲ့ ဒါပေမယ့်လည်း ခက်နေတာက passcode ၁၀ ခါမှားတာနှင့် ဖုန်းက အလိုလျောက် ဒေတာတွေဖျက်ပစ်မှာလေ။ ကံကောင်းတာတစ်ခုက အဲဒီ အိုင်ဖုန်းဟာ Farook ဖာရွတ် ရဲ့ အလုပ်ကဖုန်းဖြစ်နေပါတယ်။ ဒီတော့ ပြောရရင် အလုပ်နှင့်ဆိုင်တဲ့ဖုန်းပေါ့နော်၊ ဒါပေမယ့်လည်း ကံဆိုးစွာနှင့် အလုပ်ကလူတွေကလည်း ဒီ passcode ကိုလည်း မသိပြန်ဘူး။ နောက်ပြီး iCloud ချိတ်ထားတယ်မချိတ်ထားဘူးဆိုတာလည်း ဘယ်သူမှမသိကြပြန်ပါဘူး။ ဒီတော့ Apple ရဲ့ လုံခြုံမှုဘယ်လောက်ကောင်းကြောင်းနှင့် စတွေ့တော့တာပေါ့ဗျာ။

ဒါပေမယ့်လည်း အကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့မှာက iCloud password ကို reset လုပ်ဖို့ အာဏာရှိတယ်ဆိုရမှာပါ။ iCloud account ကနေပြီးတော့ full unencrypted backups တွေကိုရယူပြီး အချက်အလက်တွေရှာဖို့ ဖန်လာပြန်ပါတယ်။ အဲဒီလိုကျပြန်တော့လည်း ခက်တာက ဖာရွတ် (Farook) ဆိုတဲ့ကောင်ကလည်း သူ့ရဲ့ အိုင်ဖုန်းကို backup မလုပ်ထားတာက အောက်တိုဘာ ၁၉ ရက်တည်းက ဖြစ်နေပြန်တာပါပဲ ဒီတော့ ဒေတာတွေက ရတယ်ဆိုရင်တောင်မှပဲ ဒိတ်အောက်နေပြီဆိုပါတော့ဗျာ။ ကံစိုးစွာနှင့်ပဲ လိုအပ်တဲ့အချက်အလက်တွေဒေတာတွေအချက်အလက်တွေအားလုံးကတော့ ဖုန်းထဲမှာရှိနေဆဲပါ။ ဒါပေမယ့် Passcode ၄ လုံးနှင့်အတူ ပိတ်ထားတာပေါ့ဗျာ။ အဲဒါထက်ကို အံ့သြရတာက ဖုန်းကို ထုတ်လုပ်ခဲ့တဲ့ Apple ကို FBI ကမေးနေခဲ့တာတောင်မှ ရက်အနည်းငယ်ကြာထိကို တင်ကွတ်က ရက်အနည်းငယ်ကြာထိကို အကြောင်းမပြန်တာပါပဲ။ ကျနော်တို့ အကြမ်းဖက်မှု ဖြစ်ပွားပြီး စနေနေ့တည်းက တင်ကွတ်ဆီကို ဆက်သွယ်ထားတာပါ။ နောက်ပိုင်းမှာမှ Warrant နှင့်အတူ ဖုန်းနှင့်ပတ်သက်ပြီး ကူညီပေးဖို့ တင်ကွတ်ဆီကို ရောက်လာခဲ့ပါတယ်။


အသက် ၅၅ နှစ်ရှိပြီဖြစ်တဲ့ တင်ကွတ်က ကို နာမည်ကျော်ကြားလှတဲ့ 1 Infinite Loop လိပ်စာမှာရှိတဲ့ သူ့ရဲ့ ဌာနချုပ်ရုံးခန်းမှာ FBI နှင့် စကားပြောခဲ့ပါတယ်။ အရမ်းကို ခေတ်မှီတဲ့ ရုံးခန်းလေးပါ Askew Trapezoid ပုံစံတည်ဆောက်ထားပြီး ဘောင်လေးတွေနှင့်အတူ Think Different ပိုစတာတစ်ခုက နံရံပေါ်မှာ၊ Apple Stores တွေရဲ့ အနုပညာမြောက် ရိုက်ချက်တွေနှင့် ဓါတ်ပုံလေးတွေ အပြင် သီအိုဒေါ ရူစဘတ် ရဲ့ (The “Daring Greatly” one) Quote တွေရေးသားထားတဲ့ ကြီးမားတဲ့ သစ်သား ပလိပ်ပြားကြီးတခုလည်းရှိနေပါတယ်။ Steve Jobs’ ရဲ့ ရုံးခန်းကတော့ ကပ်လျက် အခန်းမှာဖြစ်ပါတယ်၊ မှောင်မည်းနေပြီး အားလုံးကို ပိတ်လွှာလေးတွေနှင့်ဖုန်းထားပါတယ်။ ဒါပေမယ့် နာမည်ရေးသားထားတာကတော့ ကတော့ ထင်းနေအောင် မြင်နေရတုံးပါ။

MORE: The Full Transcript of TIME’s Interview With Apple CEO Tim Cook
Read More
  • Share This:  
  •  Facebook
  •  Twitter
  •  Google+
  •  Stumble
  •  Digg

Thursday, March 17, 2016

iPhone SE လို့ဆိုလာတဲ့ C Net

 Paw Oo     10:48 PM     Apple, Event     No comments   



Apple ရဲ့အချိန်ကို ကျရောက်လို့လာပါပြီ။ ၂၁ ရက် မတ်လ ၂၀၁၆ ဖြစ်ပါတယ်။ မြန်မာ စံတော်ချိန် ၁၁ နာရီ ခွဲဖြစ်ပါတယ်။

လာမယ့် တနင်္လာနေ့ဟာဆိုရင် Apple ရဲ့ ထုတ်ကုန်အသစ်တစ်ခုကို မိတ်ဆက်မယ့် အချိန်လို့ C Net ကတော့ ဆိုလိုက်ပါပြီ။ ပြီးခဲ့တဲ့ နှစ်ကဆိုရင် Apple ဟာ နာရီအကြောင်းတွေချည်းပဲ ထပ်နေခဲ့တယ်လို့ဆိုရမှာဖြစ်ပြီး iPad Pro တောင်မှ သိပ်ပြီး အရေးစိုက်ခဲ့ပုံမပေါ်ပါဘူး။ အခုနှစ်မှာဆိုရင်တော့ Apple ဟာဆိုရင် သူ့ရဲ့ အဓိက ထုတ်ကုန်တွေဖြစ်တဲ့ iPad နှင့် iPhone တွေအပေါ်မှာ ပိုပြီး အားစိုက်နေလိမ့်မယ်လို့ ထင်ရပါတယ်။ နောက်ပြီး အခု iPhone ထက် သေးငယ်တဲ့ဒီဇိုင်းနှင့် အခုလက်ရှိ iPad Pro ထက် သေးငယ်တဲ့ ထုတ်ကုန်မျိုး ဖြစ်လိမ့်မယ်လို့တော့ ထင်ရပြီး Apple Watch အသစ်အတွက်တော့ မျှော်လင့်ရဉီးမယ့် အချိန်ကောင်း မဟုတ်လောက်သေးဘူးထင်ပါတယ်။

အခုနှစ်ဟာဆိုရင် Apple အတွက် ပထမဉီးဆုံးအကြိမ် တစ်နှစ်တည်းမှာ မတူညီတဲ့ iPhone နှစ်မျိုး မိတ်ဆက်မယ့် နှစ်လို့ပြောရမှာပါ။ မျှော်လင့်ထားတာကတော့ အခု အစပိုင်းမှာ iPhone 7 နှင့် အတူ မထူးမခြား နောက်တစ်မျိုးကို မိတ်ဆက်မယ်လို့ မျှော်လင့်မိပါတယ်။ ပြောရင် 6 နှင့် 6s လိုပါ။ လက်ရှိ ကောလဟာလတွေအရတော့ ၄ လက်မရှိတဲ့ iphone SE ဆိုပြီး ပြောနေကြပါတယ်။ Apple သမိုင်းတစ်လျောက်မှာလည်း စျေးသက်သာဆုံးဖြစ်လိမ့်မယ်လို့လည်း ပြောနေကြပါတယ်။



ခန့်မှန်းရသလောက်ကတော့ ဖြစ်နိုင်ရင် 5s နှင့် 6s ကို ပေါင်းထားပြီး သေးငယ်တဲ့ မျက်နှာပြင်နှင့် ဖြစ်ဖို့များပါတယ်။ နောက်ပြီး လုပ်ဆောင်နိုင်စွမ်းတွေမှာတော့ မြင့်မားလိမ့်မယ့်လို့ ထင်ပါတယ်။ လက်ရှိ အထူး စိတ်ဝင်စားနေကြတာကတော့ iPhone SE ရဲ့ ဈေးနှုန်းဖြစ်ပါတယ်။ တစ်ချို့ ပညာရှင်တွေကတော့ $ 350 ဝန်းကျင်ဖြစ်လိမ့်မယ် ပြောနေကြပြီး တစ်ချို့ကတော့ $450 ဝန်းကျင် ဖြစ်လိမ့်မယ်လို့ထင်ပါတယ် ( လက်ရှိ iPhone 5s ဈေးဖြစ်ပါတယ်။ )

နောက်ပြီး Apple ရဲ့ ရောင်းအားဟာ မှန်းထားသလောက် မတက်လာဘူးလို့လည်းပြောနေကြပြီး လက်ရှိ လေ့လာရသလောက်ကတော့ 5.7 ရာခိုင်နှုန်း ၁.၅ ဘီလီယံ တက်လာမယ်လို့ဆိုပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်ကထက်စာရင်တော့ ၂၈ ရာခိုင်နှုန်း ကျသွားတာဖြစ်ပါတယ်။

ထင်ကြေးတွေပေးပြီး။ အများကြီးတော့လည်း မပွားတော့ပါဘူး။ Apple Fun အားလုံးလည်း လာမယ့် တနင်္လာနေ့မှာ အချိန်လေးရအောင်ပေးပြီး ကြည့်ဖြစ်အောင်ကြည့်လိုက်ကြဉီးနော်။
Read More
  • Share This:  
  •  Facebook
  •  Twitter
  •  Google+
  •  Stumble
  •  Digg

Gamer တွေမျှော်လင့်ခဲ့တဲ့အရာတစ်ခုလို့ပြောရမယ့် Razer Stealth & Razer Core

 Paw Oo     10:23 PM     Razer Blade     No comments   


လက်ရှိ ဂိမ်မာတွေအနေနဲ့ကတော့ မျှော်လင့်ထားခဲ့ရတဲ့ အရာတစ်ခုဖြစ်လာပြီလို့ပြောလို့ရမယ့် နည်းပညာတစ်ခုဖြစ်မှာပါ။ ပြောရရင် နည်းပညာဟာ လုံးဝအသစ်ကြီးမဟုတ်ပါဘူး။ လက်ရှိ Thunderbolt 3.0 ပါရှိတဲ့ Laptop တိုင်းနီးပါးမှာ အလုပ်လုပ်မယ့် နည်းပညာလို့ဆိုရမှာပါ။



 Thunderbolt 3.0 ဟာဆိုရင် PCIe လောက် မြန်နှုန်းမရှိပေမယ့်လည်း လက်ရှိ USB 3.0 ထက်တော့ အဆများစွာသာတဲ့ မြန်နှုန်းမြင့် Port တစ်ခုဖြစ်ပါတယ်။ PCIe 2.0 ဟာဆိုရင် သီအိုရီအရ မြန်နှုန်း 5GT/s ရှိပြီး 3.0 ဟာဆိုရင် ၂ ဆအမြန်နှုန်းနီးပါးရှိပါတယ်။ Thunderbolt 3.0 ဒီအမြန်နှုန်းကို မမှီဘူးဆိုပေမယ့်လည်း 40 Gbps နီးပါးအမြန်နှုန်းရှိတဲ့ port တစ်ခုဖြစ်ပါတယ်။ အခုဆိုရင် ဒီနည်းပညာကို အသုံးချပြီး ဂိမ်းလောကစျေးကွက်မှာ ကီးဘုတ်တွေ မောက်စ်တွေအပြင်အခြား အသုံးအဆောင်ပစ္စည်းတွေနှင့် နာမည်ရနေတဲ့ Razer Blade က Razer Core ဆိုတဲ့ Gadget တစ်ခုကို ဖန်တီးလိုက်တာဖြစ်ပါတယ်။




ရှေ့လက CES 2016 မှာပြသခဲ့တဲ့ Razer Blade Stealth Laptop အကြောင်းကတော့ လူသိလည်းများခဲ့ပြီး Razer Blade သက်တမ်းတစ်လျောက်မှာ ဈေးအသင့်အတင့်နှင့် အကောင်းဆုံးပစ္စည်းတစ်ခုလို့တောင် လူတွေက ပြောစမတ်တွင်ခဲ့ရပါတယ်။ အဲ့ဒီ လက်တော့ဟာဆိုရင် သိတဲ့အတိုင်းပဲ Razer Blade ဟာ Game နဲ့ပတ်သက်တဲ့ နယ်ပယ်မှာပဲ ကျင်လည်ခဲ့တာဆိုတော့ ဂိမ်းမာ တွေအကြိုက် ထုတ်ခဲ့တာပါပဲ။ ထူးခြားတာတစ်ခုက ဒီ လက်တော့မှာက Graphic ကဒ် Dedicated မပါလာတာပါ။ ဂိမ်မာတွေအတွက် အရေးကြီးတဲ့ ဒီ Graphic ကိုမှ ကွက်ချန်ထားပြီး အခြားနည်းပညာတွေဖြစ်တဲ့ Touch Screen တွေ၊ Keypad မှာ ​Back light တွေအပြင်၊ UHD/4k Display တွေသာပါလာခဲ့ပါတယ်။ ပြောရရင် Apple Device တစ်ခုဖြစ်တဲ့ iPhone တစ်လုံးဟာ App Store မပါလာတာနဲ့တူပါတယ်။ ဂိမ်းလို့ပြောလိုက်တာနဲ့ မြန်နှုန်းမြင့် တွက်ချက်လုပ်ဆောင်နိုင်တဲ့ GPU တစ်ခုကိုလိုအပ်တယ်ဆိုတာ ဂိမ်မာတိုင်းအသိပါ။ နောက်ပြီး ဂိမ်းလက်တော့တွေ တော်တော်များများမှာက ဈေးကြီးပေးဝယ်ရပြီး တခဏလေးအတွင်းတန်ဖိုးကျသွားရတဲ့ပြဿနာထက် ဂိမ်းတစ်ခုရဲ့ လိုအပ်ချက်တွေက မြင့်မားလာပြီး လက်တော့က ခဏလေးအတွင်း Date Out သွားရတဲ့ပြဿနာကအကြီးဆုံးပါ။ ဒါကို Razerblade က ပါးနပ်စွာနှင့်ဖန်တီးလိုက်တဲ့ Razer Blade Stealth Laptop အပြင် Razer Core System ဆိုတဲ့ Desktop Level Graphic ကို ဂိမ်း လက်တော့မဟုတ်တဲ့ အခြားလက်တော့တွေနှင့်ပါ တွဲဖက်ပြီး အသုံးပြုနိုင်တဲ့ အရာတစ်ခုကို ဖတ်တီးပေးလိုက်တာပဲဖြစ်ပါတယ်။




လက်ရှိအချိ်န်မှာတော့ CES 2016 မှာ လူပြောများပြီး Hot ဖြစ်နေတာကလည်း Razer Blade Stealth Laptop နှင့် Razer Core လို့ဆိုရင်လည်းမမှားပါဘူး။ လက်ရှိမှာတော့ Razer Balde Stealth Laptop ဟာ $ 999.9 ကနေစပြီး ရောင်းချမှာဖြစ်ပြီးတော့၊ Razer Core ကိုဆိုရင်တော့ $499 နှင့် Preorder လုပ်ပြီး ဝယ်ယူရမှာဖြစ်ပါတယ်။ တစ်ခုရှိတာက Razer Core ကတော့ နည်းနည်းဈေးများတယ်ဆိုရမယ်။ ဘာလို့လည်းဆိုတော့ Aliean Ware ကလုပ်တဲ့ Graphic Amplifier ဟာဆိုရင် $ 300 ဝန်းကျင်ပဲရှိပြီး Nvidia Titan ထိတောင် အလုပ်လုပ်နိုင်တယ်ဆိုပဲ။ ထားပါလေ ဒါပေမယ့်လည်း Razer Blade Core ကတော့ Thunder Bolt 3.0 ပါတဲ့ လက်တော့တိုင်းနှင့်အလုပ်လုပ်မယ့် ပုံပဲ။ နောက်ပြီး Razer Core ကို ချိတ်ဆက်လိုက်တိုင်းမှာ Computer ကိုတောင် Reboot လုပ်စရာမလိုဘူးတဲ့။ တစ်ခုရှိတာက Razer Core ဈေးအပြင် ကိုယ်သုံးမယ့် Graphic Card ဖိုးကိုလည်း ထည့်တွက်ဖို့မမေ့နဲ့ဉီးဗျို့။ လတ်တလော့တော့ CES 2016 မှာ ဒါလေး ကြိုက်တာတွေ့လို့ ကိုယ့် ဘလော့ကနေ ချဲလိုက်တာ။

လက်ရှိ Razer Core နှင့် အလုပ်လုပ်နိုင်တဲ့ Graphic Cards တွေကိုလည်း အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ Razer Stealth Laptop နှင့် Razer Core Video လေးကိုတော့ အောက်မှာ ကြည့်ပေးဉီးဗျာ





  1. AMD Radeon R9 Fury
  2. AMD Radeon R9 Nano
  3. AMD Radeon R9 300 Series
  4. AMD Radeon R9 290X
  5. AMD Radeon R9 290
  6. AMD Radeon R9 280
  7. Nvidia GeForce GTX Titan X
  8. Nvidia GeForce GTX 980 Ti
  9. Nvidia GeForce GTX 980
  10. Nvidia GeForce GTX 970
  11. Nvidia GeForce GTX 960
  12. Nvidia GeForce GTX 950
  13. Nvidia GeForce GTX 750 Ti
  14. Nvidia GeForce GTX 750
Read More
  • Share This:  
  •  Facebook
  •  Twitter
  •  Google+
  •  Stumble
  •  Digg
Newer Posts Older Posts Home

Translate To Your Own Language

Popular Posts

  • Outlast 2 ကိုကစားမယ်ဆိုရင် မသိမဖြစ်တဲ့အချက် ၇ ချက် ( Uni and Zawgyi )
    Outlast ဂိမ်းဟာ ကစားသူတိုင်းအတွက် ဘယ်လောက်တောင် မျှော်လင့်ချက်မဲ့ပြီး သွေးပျက်ထိတ်လန့်ဖွယ်ကောင်းလည်းဆိုတာ အားလုံးနဲ့အထူးတလည်ပ...
  • တကြော့ပြန် Nokia
    ပိုင်ရှင်အသစ်နှင့်အတူ Nokia ဟာ အခုဆိုရင် ပထမဦးဆုံး Android Smart Phone အသစ်တစ်လုံးကို စတင် မိတ်ဆက်လိုက်ပြီဖြစ်ပါယ်။ Nokia ကို Micros...
  • MPT CO-Branded Device M50 နှင့် ခဏတာ Review
    Good - ဖုန်းရဲ့တည်ဆောက်ပုံနှင့် ဒီဇိုင်းအသွင်အပြင်ဟာဆိုရင် လေးထောင့်ကျကျနှင့် Smart ဖြစ်ပါတယ်။ လက်ထဲမှာကိုင်ရတာလည်း အဆင်ပြေပြီး သုံး...
  • 2018 မှာထွက်ရှိလာမယ်လို့ မျှော်လင့်ရတဲ့ Darksiders 3
    Darksiders 1 ရဲ့ဗားရှင်းအသစ်ဖြစ်တဲ့ Darksiders: Warmastered Edition ကို လတ်တလောကမှ PC, PS4 နဲ့ Xbox One အစရှိတဲ့ platform အသီးသီ...
  • ဖုန်းမှန်ဟာ တော်ရုံ မကွဲတဲ့အပြင်၊ ကွဲခဲ့ရင်တောင် သူ့အလိုလို ပြန်ပြင်မယ်ဆိုတဲ့ Motorola
    Motorola ဖုန်းကုမ္ပဏီဟာ ထုတ်လုပ်တဲ့ ဖုန်းတွေရဲ့ မှန်တွေကို တော်ရုံတန်ရုံ မကွဲဘူးဆိုတာလောက်နှင့် မဟုတ်ပဲ ကွဲသွားရင်တောင် သူ့အလိုလို ပ...

About Me

Paw Oo
View my complete profile

Categories

Accessories (1) Acer (1) Alphabet (2) Android (8) Apple (34) Article (3) Comparing (1) Danger (1) Drone (3) Event (1) Facebook (4) Gaming Laptop (3) Get Chance (2) GoPro (1) Google (5) Google Maps (1) How To (1) Knowledge (1) Laptop (4) Mac (8) MacBook (5) MacBook Pro (1) Market (1) Mi Notebook (1) Microsoft (8) Microsoft Surface Studio (1) Mobile Devices (2) Musics (1) Note Series (1) Photography (1) Polls (1) Razer Blade (1) Review (2) Rumours & Leaks (2) Samsung (5) Technology (8) Telenor (1) Windows 10 (3) Windows 7 (1) Windows 8 (1) Workplace (1) Xiaomi (2) iOS App (3) smartphones (2)

Blog Archive

  • ►  2018 (1)
    • ►  August (1)
  • ►  2017 (35)
    • ►  November (1)
    • ►  October (1)
    • ►  September (1)
    • ►  August (3)
    • ►  July (8)
    • ►  June (10)
    • ►  May (3)
    • ►  April (3)
    • ►  March (3)
    • ►  January (2)
  • ▼  2016 (48)
    • ►  November (2)
    • ►  October (5)
    • ►  September (13)
    • ►  August (10)
    • ►  July (3)
    • ►  June (4)
    • ►  May (2)
    • ▼  March (4)
      • iPhone 6 ကို ဝယ်ဖို့ စိတ်ကူးရှိနေသေးရင်
      • Human Rights Depend on Encryption လို့ ပြောလာနေတဲ့
      • iPhone SE လို့ဆိုလာတဲ့ C Net
      • Gamer တွေမျှော်လင့်ခဲ့တဲ့အရာတစ်ခုလို့ပြောရမယ့် Raz...
    • ►  January (5)
  • ►  2015 (24)
    • ►  December (3)
    • ►  November (11)
    • ►  October (9)
    • ►  September (1)

Tech Pops

Copyright © Tech Pop | Powered by Blogger
Design by Hardeep Asrani | Blogger Theme by NewBloggerThemes.com | Distributed By blogger Templates