အသစ်ထွက်ရှိလာတဲ့ X-Series CPU တွေဟာဆိုရင် Kaby Lake-X Family တွေဖြစ်တဲ့ Quad-Code i7-7740 နှင့် i5-7640 ကလွဲရင် ကျန် X-Series CPU တွေအားလုံးဟာ Skylake-X Family တွေဖြစ်ကြပါတယ်။ နောက်ပြီး ဒီ CPU တွေကိုအသုံးပြုဖို့ရာအတွက် အသစ်မိတ်ဆက်လိုက်တဲ့ X299 Chipset အသုံးပြုထားတဲ့ LGA 2066 Socket Motherboards တွေကို လိုအပ်မှာဖြစ်ပါတယ်။ X-Series CPUs တွေအားလုံးဟာ Overclocking ကိုကောင်းကောင်းကြီးပြုလုပ် သုံးစွဲနိုင်မှာဖြစ်ပြီးတော့ Overclocking ကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ CPU Failures တွေကိုလည်း ကာကွယ်ပေးထားတယ်လို့ သိရပါတယ်။
intel ရဲ့ X-Series တွေဟာဆိုရင် တကယ့်ကို Heavy Load အပြည့်သုံးစွဲကြမယ့် PC အသုံးပြုသူတွေအတွက်ကို အဓိက ထားပြီး ထုပ်လုပ်ထားတာဖြစ်ပါတယ်။ Heavy ဂိမ်မာတွေ နှင့် Video Content Creators တွေ ဆိုရင် တစ်ဖက် Monitor မှာ ဂိမ်းကစားနေရင်းနှင့် တစ်ချိန်တည်းမှာပဲ တစ်ဖက်မှာ ကိုယ့်ရဲ့ Streaming ပရိတ်သတ်တွေနှင့် Chatting ပြောနေတာမျိုးတွေ၊ နောက်ပြီး Video Contents တွေကို Create ပြုလုပ်ပြီး rendering ကို ၂ ခု ၃ ခု အပြိုင် ပြုလုပ်နိုင်မယ့် HEDT (High-End Desktop) တွေအတွက်ဖြစ်ပါတယ်။
အသစ်ထပ်မံ မိတ်ဆက်ထားပြီး အမြင့်ဆုံး CPU ဖြစ်တဲ့ Core i9 Extreme ဟာဆိုရင် $1,999 ရှိပြီးတော့ 18-core နှင့် 36-threads ကို ပထမဦးဆုံးအသုံးပြုထားတဲ့ intel ရဲ့ consumer high-end desktop precessor တစ်လုံးဖြစ်ပါတယ်။
Professional တွေနှင့် Pro-Consumer တွေအတွက်ကတော့ တကယ့်ကို စွမ်းဆောင်ရည်မြင့်မားတဲ့ CPU တွေဖြစ်ပြီး မိမိရဲ့ အလုပ်တွေကို တစ်ချိန်တည်းတစ်ပြိုင်တည်းမှာ 4K Resolution နဲ့တောင်မှ စိတ်တိုင်းကျ မြန်မြန်ဆန်ဆန် လုပ်ကိုင် ဆောင်ရွက်ပေးနိုင်မယ့် X-Series CPU တွေပဲဖြစ်ပါတယ်။ ဒါ့အပြင် VR Game တွေကိုလည်း အထစ်အငေါ့မရှိ ကစားနိုင်မှာလည်း ဖြစ်ပါတယ်။
X-Series နှင့်အတူ တပ်ဆင်အသုံးပြုနိုင်မယ့် x299 Chipset ပါဝင်တဲ့ Motherboard တွေကို မကြာခင်မှာ ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ အခြားသတင်းတစ်ခုအနေနှင့်ကတော့ intel ရဲ့ အဓိက Line up တစ်ခုအနေနှင့်ထပ်မံ မိတ်ဆက်မယ့် CPU ရဲ့ Code Name ဟာ Coffee Lake လို့ သိရပြီး လက်ရှိ အမြင့်ဆုံး Kaby Lake ထက် ၃၀ ရာခိုင်နှုန်း ပိုမိုလျင်မြန်မယ်လို့လည်း သိရပါတယ်။