Samsung Galaxy S8/S8 Plus မှာ အတော်များများ သတိမထားမိသေးတဲ့ အရာတစ်ခုကတော့ Bluetooth 5.0 ဖြစ်ပါတယ်။ အခုချိန်မှာက အားလုံးသိကြတဲ့အတိုင်း တစ်ခုခု Share တော့မယ်ဆိုရင် Zapya ပဲသိကြတော့တဲ့ခေတ်ကိုး။ တစ်ချိန်တုံးကလို Bluetooth ဖွင့် ဖိုင်ပို့တဲ့ ခေတ်က ကုန်သွားပြီလေ။ ဒါပေမယ့်လည်း နည်းပညာတိုးတက်မှုတွေအရတော့ တစ်ခုပြီး နောက်တစ်ခုက အဆင့်မြင့်လာမှာဆိုတော့ အခုလည်း Bluetooth ကို အဆင့်မြှင့်လာလိုက်တာ 5.0 တောင်ဖြစ်လာခဲ့ပါပြီ။ နောက်ပြီး လက်ရှိ Bluetooth 5.0 သုံးထားတာကလည်း Samsung Galaxy S8/S8 Plus က ကမ္ဘာ့ပထမဦးဆုံးဖြစ်ပါတယ်။
အဓိကအားဖြင့်တော့ လက်ရှိခေတ်ကာလမှာ Bluetooth ဆိုတာကို နားကျပ်နှင့် ချိတ်ဆက်တာအပြင် အခြားသော Bluetooth ပါဝင်တဲ့ ပစ္စည်းတွေနှင့် ချိတ်ဆက်တာမှာသာ အသုံးပြုလာကြပါတယ်။ အခု နောက်ဆုံး ဗားရှင်းဖြစ်တဲ့ Bluetooth 5.0 ရဲ့ ထူးခြားချက်တွေကတော့ Bluetooth Speakers တွေနှင့်ချိတ်ဆက်ပြီး အသုံးပြုတဲ့အခါ အသံပိုင်းအရည်အသွေးတွေ ပိုမိုကောင်းမွန်လာမှာဖြစ်ပြီး၊ ၂ ဆအထိ လျင်မြန်စွာချိတ်ဆက် ဆောင်ရွက်နိုင်တဲ့အပြင် ယခင် ဗားရှင်းတွေထက်ကို လေးဆ ပိုမို ဝေးလံစွာ ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပါတယ် (အတိအကျအားဖြင့် မီတာ ၂၄၀ ( ပေ ၈၀၀ ) အထိ ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ( အကွာအဝေးနှင့် အရည်အသွေးကတော့ ပတ်ဝန်းကျင်နှင့် Block ဖြစ်နိုင်တဲ့ အခြေအနေတွေအပေါ်မှာ မူတည်ပြီး ကွာခြားပါလိမ့်မယ်။ ) Wifi လိုမှ မဟုတ်ပဲကိုး !!!
ပိုမိုပြီး ထူးခြားတာကတော့ လက်ရှိ ကမ္ဘာ့ပထမဦးဆုံး Bluetooth 5.0 အသုံးပြုထားတဲ့ Galaxy S8/S8 Plus ဟာဆိုရင် တစ်ချိန်တည်းမှာပဲ Wireless Headphones (ဒါမှမဟုတ်) Bluetooth Speakers နှစ်လုံးကို ချိတ်ဆက် ပြီး သွားလေရာမှာ သံစုံတီးဝိုင်းထောင်လို့ရမှာဖြစ်ပါတယ်။ အရင်ကလို Stereo Bluetooth SONOS ကို ဆေးကြီးပေးဝယ်စရာမလိုတော့ပဲ ကိုယ်နှစ်သက်ရာ Brand တွေနှင့် စိတ်ကြိုက် ချိတ်ဆက်ပြီး ရောက်လေရာမှာ Party ကောင်းကောင်းပေးလို့ ရပြီပေါ့ဗျာ။
MKBHD က YouTube Video Review လေးကိုလည်း အောက်မှာမျှဝေပေးလိုက်ပါတယ်။
MKBHD က YouTube Video Review လေးကိုလည်း အောက်မှာမျှဝေပေးလိုက်ပါတယ်။