Tech Pop
  • Home
  • My Facebook
  • Contact Me

Thursday, March 30, 2017

Galaxy S8 ကို ဝယ်သင့်သလား ဆိုတာ ? (Launch_review)

 Paw Oo     3:12 PM     Android, Samsung     No comments   


မျက်နှာပြင်တစ်ခုလုံး အစမှအဆုံး ကျယ်ပြောလှပြီး အရောင်အသွေးစုံလှတဲ့ HDR Display နှင့်အတူ Galaxy S8 ကတော့ ပွဲထွက်လှသွားခဲ့ပါပြီ။ ရှေ့ဘက် မျက်နှာစာမှာဆိုရင် 8 megapixel selfie camera နှင့် အတူ iris Scanner ကိုပါ အသုံးပြုနိုင်မယ့် sensors တွေ ပါဝင်တာကို တွေ့ရမှာပါ။ ဒါ့အပြင် လျင်မြန်တဲ့ Connection Speed ကိုပေးစွမ်းနိုင်မယ့် Gigabit LTE-Ready Proessor ကိုအသုံးပြုထားတဲ့အတွက် အတော်လေး အင်တာနက်သုံးလို့ကောင်းမယ့်ဖုန်းတစ်လုံးပါ။ Display တစ်ခုံးလုံး ဖုန်းအုပ်ထားတဲ့ Galaxy S8 မှာဆိုရင် ပုံမှန်ပါနေကျ Home Button လေးကိုတောင် Pressure Sensitive/ 3D Touch ကိုအသုံးပြုထားပြီး Display ရဲ့နောက်ကွယ်မှာ Soft Key တစ်ခုအနေနှင့် ပြောင်းလဲသွားခဲ့ပါပြီ။
အခုလို အသစ်အသစ်တွေနှင့် လှပတဲ့ Display တွေကို ဘေးခဏချိတ်လိုက်ပြီး သင့်အတွက် Update ပြုလုပ်ဖို့ ထိုက်တန်တဲ့ ဖုန်းတစ်လုံးဟုတ်မဟုတ်ဆိုတာကို အားနည်းချက်လေးတွေနှင့် လေ့လာကြည့်လိုက်ရအောင်။

၁။ ပထမဦးဆုံးအချက်က ကင်မရာ

အကယ်၍ သင်ဟာ ခရီးသွားတတ်တဲ့သူတစ်ယောက်၊ နောက်ပြီး ကိုယ်ရောက်ခဲ့တဲ့နေရာတွေကို သူငယ်ချင်းမိတ်ဆွေတွေကိုလည်း ပြန်လည်မျှဝေချင်တဲ့အခါမှာတော့ ဖုန်းတစ်လုံးရဲ့ ကင်မရာဘယ်လောက်ကောင်းသလဲဆိုတာကို အဓိက မြင်မိမှာပါပဲ။ Galaxy S8 နှင့် S8 Plus နှစ်မျိုးစလုံးမှာ သင်မျှော်လင့်ထားသလိုဖြစ်မလာခဲ့တဲ့ ဖုန်းတစ်လုံးလို့ ဆိုရမှာပါ။ အခြားသော ဖုန်းအမျိုးမျိုးဟာ အကောင်းတကာ့အကောင်းဆုံးဆိုတဲ့ ကင်မရာတွေနှင့် megapixel တွေကိုလည်း အမြင့်တကာ့အမြင့်ဆုံးတွေ ထုတ်လုပ်နေချိန်မှာ S8 နှင့် S8 Plus မှာတော့ ယခင် Galaxy S7 တုံးက အသုံးပြုထားတဲ့ 12-megapixel sensor နှင့် f/1.7 ကိုသာ ပြန်လည်အသုံးပြုထားပြီးတော့ အနည်းငယ် အဆင့်မြှင့်တင်မှုတွေကိုသာပြုလုပ်ထားပါတယ်။
သေချာတာကတော့ Samsung ဟာ ပိုမိုကောင်းမွန်တဲ့ image processing ဖြစ်အောင် အဆင့်မြှင့်ထားပါတယ် ဆိုပေမယ့်လည်း၊ iPhone 7 plus နှင့် LG G6 တို့လို Dual-camera တွေနှင့်တော့ ယှဥ်ပြိုင်နိုင်မှာမဟုတ်ပါဘူး။

၂။ ဒုတိယအရေးအကြီးဆုံး Battery

ဒီဖုန်းအသစ် နှစ်မျိုးလုံးက တစ်နေကုန် စိတ်တိုင်းကျ အသုံးပြုနိုင်မယ့် အမျိုးအစားတွေထဲမှာပါမလာပါဘူး။ S8 နှင့် S8 plus နှစ်မျိုးစလုံးဟာ လက်ရှိ ဖုန်းတွေနှင့် မထူးမခြားနား Battries ပမာဏတွေကိုပဲ အသုံးပြုထားတာဖြစ်ပါတယ်။ ဒါ့ထက် ဆိုးတာကတော့ ရှေ့မျက်နှာစာအပြည့် ရှိနေတဲ့ HDR Display ဟာ Battries မစားပဲနှင့်တော့ နေမှာမဟုတ်ပါဘူး။
ဒါပေမယ့်လည်း လက်ရှိအခြေအနေမှာတော့ Snapdragon 835 Processor ဟာ ဘယ်လောက် ဘတ်ထရီစား သက်သာနိုင်မလည်းဆိုတာကိုပဲ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ အဲ့ဒီချိန် မတိုင်ခင်ထိတော့ လောလောဆယ် Galaxy S8 နှင့် S8 Plus တို့ရဲ့ ဘတ်ထရီ တွေဟာ အားရစရာ မရှိပါဘူး။

၃။ ဖုန်းထဲမှာ အသစ်ပါဝင်လာတဲ့ Samsung ရဲ့ Bixby လက်ထောက်လေးပဲဖြစ်ပါတယ်။

Microsoft မှာ ကော်တာနာ(Cortana), Google မှာ Assistant နှင့် Apple မှာ ဆယ်ရီ/ဆီရီ (Siri), Amazon မှာ Alexa နှင့် အခုဆိုရင်တော့ Samsung မှာ Bixby ဆိုပြီး သင့်အတွက် လက်ထောက်တွေ တိုးပြီးရင်းကို တိုးလာနေပါတယ်။ ဒီတော့ သူတို့ကိုလည်း ခိုင်းဖြစ်အောင်ခိုင်းပြီး ဘယ်လိုအကျိုးရှိလည်းဆိုတာကို စမ်းဖြစ်အောင်စမ်းကြည့်ကြပါလို့ ပြောချင်ပါတယ်။ ဘာလို့လည်းဆိုတော့ နောက်ပိုင်း ခေတ်က Ai Assistant ခေတ်ဖြစ်တော့မှာဆိုတောလေ။
Galaxy S8 မှာ ပါလာတဲ့ Bixby Button ဆိုတာလေးရှိပါတယ်။ ဖုန်းရဲ့ ညာဘက် ဘေးနားလေးမှာပါ။ Bixby ဟာ ဆိုရင် ကင်မရာမှတစ်ဆင့် ရုပ်ပုံတွေကို သိရှိနိုင်ပြီးတော့ ရုပ်ပုံတွေကနေပဲ ဘာသာပြန်တာတွေကို ကူညီပေးနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း တကယ့် လက်တွေ့မှာတော့ သင့်လက်ထဲရောက်လာရင် Deactivate လုပ်ဖို့တစ်ခုတိုးလာတာပဲ အဖတ်တင်မှာပါ။ (Google Assistant က ပိုကောင်းနေတာကိုး။ တကယ်စမ်းကြည့်ရင်သိလာလိမ့်မယ်။ 😜 )
အခုလောလောဆယ်တော့ Samsung Apps တွေနှင့် Settings တွေနှင့် ပတ်သက်ပြီးတော့ ခိုင်းစားလို့ရမှာဖြစ်ပါတယ်။ သူအဓိက မလုပ်နိုင်တာကတော့ Online informations တွေကို ရယူနိုင်စွမ်းမရှိတာပါပဲ။ လက်ရှိမှာတော့ Bixby ဟာ Beta အဆင့်တောင်မရောင်သေးတဲ့ လူမမည် ကလေးတစ်ယောက်သာသာ ပဲရှိသေးပြီးတော့ 2017 မှာ တော့ အတော်လေး ခေတ်နောက်ကျနေတဲ့ Ai လေးတစ်ခုပါဗျာ။
Read More
  • Share This:  
  •  Facebook
  •  Twitter
  •  Google+
  •  Stumble
  •  Digg

Monday, March 27, 2017

Samsung Galaxy S8 အကြို သတင်းလေးတွေ

 Paw Oo     10:33 AM     Android, Samsung     No comments   


Samsung ရဲ့ Flagship Devices S Series ဟာဆိုရင် မကြာခင်မှာပဲ​ S8 ထိ မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ ဖုန်းကို မိတ်ဆက်မယ့် ရက်ပိုင်းအလိုမှာဆိုရင်လည်း များစွာသော TechBloggers တွေဟာ ဒီဖုန်းအကြောင်းကိုပဲစိတ်ဝင်တစားနှင့် စောင့်ကြည့်နေကြပါတယ်။ ဒီအထဲမှာမှ Leaks တွေနှင့် နာမည်ကြီး WinFuture ဆိုတဲ့ Techblog မှာဆိုရင်တော့ Galaxy S8 အကြောင်းကို တော်တော်လေး အသေးစိတ်ကျကျ တင်ဆက်ထားတာကို တွေ့ရပါတယ်။ ဒါနှင့် ကျနော်လည်း ကျနော့်ရဲ့ မရေးဖြစ်တာကြာပြီဖြစ်တဲ့ Blog လေးကို S8 Leak လေးနှင့် ထပ်မံအသက်သွင်းလိုက်ပါတယ်ဗျာ။
S8 နှင့် S8 Plus ဆိုပြီး နှစ်မျိုးဖြစ်နိုင်ပါတယ်။ ဖုန်းနှစ်လုံးစလုံးရဲ့ မျက်နှာပြင် အနားစောင်းနှစ်ဖက်လုံးဟာ Curve ဖြစ်နေပါမယ် နောက်ပြီး Screen Resolutions အနေနှင့်ကတော့ 22960 x 1440 pixel ဖြစ်ပြီးတော့ 18:9 အချိုးဖြစ်တဲ့ LG G6 လို မျက်နှာပြင်ကြီးကြီး ဖုန်း တွေဖြစ်မှာပါ။ ဖုန်းနှစ်လုံးရဲ့ အဓိက ကွာခြားချက်အနေနှင့်ကတော့ မျက်နှာပြင်အရွယ်အစား ဖြစ်ပြီး 5.8 နှင့် 6.2 အသီးသီးရှိပါတယ်။ ဖုန်းနှစ်လုံးစလုံးဟာ အချိုးကျ တူညီတဲ့ ဒီဇိုင်းအသွင်အပြင်နှင့်မြင်တွေ့ရမှာဖြစ်ပါတယ်။ Galaxy S8 မှာအဓိက ပြောင်းလဲသွားတဲ့ Home Button ကြောင့် မျက်နှာပြင်တစ်ခုံးဟာကို အပြည့်အဝ အသုံးချနိုင်မှာဖြစ်ပါတယ်။
Qualcomm's ရဲ့ နောက်ဆုံးထွက် Snapdragon Chip ဒါမှမဟုတ် Samsung ရဲ့ ကိုယ်ပိုင် Exynos 8895 Processor တွေကို အသုံးပြုထားမယ်လို့ ထင်ရပါတယ်။ နှစ်မျိုးစလုံးနှင့်လည်း ဖြစ်နိုင်ပြီးတော့ ဈေးကွက်နှင့် နေရာဒေသပေါ်မူတည်ပြီး ကွဲပြားနိုင်ပါလိမ့်မယ်။ ဘာလို့လည်းဆိုတော့ အရင် တချို့ဖုန်းတွေတုံးကလည်း ဒီလိုပဲ လုပ်ခဲ့တာကိုး။ အခြား Specs တွေအနေနှင့်ကတော့ RAM 4GB ၊ 64 GB UFS 2.0 Storage နှင့် SD Card Slot ကိုလည်း ထပ်မံထည့်သွင်းထားပါတယ်။ နောက်ပြီး Wi-Fi,LTE, GPS, Bluetooth 4.2 , Instant Sharing နှင့် Samsung Pay တို့အသုံးပြုနိုင်ဖို့ရာ NFC အပြင် USB ကိုတော့ Type-C Connector ကိုအသုံးပြုထားပါတယ်။

ဖုန်းတစ်လုံးအကြောင်းပြောရင်တော့ မပြောမဖြစ်တဲ့ Battery ကတော့ 3000mAh ကိုအသုံးပြုထားပါတယ်။Galaxy S8 Plus ကတော့ အနည်းငယ်ပိုကြီးတဲ့ 3,500mAh ကိုအသုံးပြုထားပါတယ်။ နောက်ပြီးတော့ Phone နှစ်လုံးစလုံးဟာ wireless charging ပါဝင်လာမယ့်အပြင် လျင်လျင်မြန်မြန်အားပြန်လည်ဖြည့်တင်းနိုင်မယ့် Features တွေကိုလည်း ထည့်သွင်းတည်ဆောက်ထားတယ်လို့သိရပါတယ်။



ဓါတ်ပုံ ကင်မရာပိုင်းအနေနှင့်ကတော့ ယခင် Galaxy S7 မှာမြင်တွေ့ခဲ့ရတဲ့ 12 megapixel f/1.7 ကိုပဲ အသုံးပြုထားပြီးတော့ အဆင့်မြှင့်တင်ထားတဲ့ Autofocus ကိုသုံးပြီးတော့ အလျင်အမြန်နှင့် ဓါတ်ပုံတွေကို အမိအရဖမ်းဆုပ်နိုင်မှာဖြစ်ပါတယ်။ Front Camera ကိုတော့  8-megapixels f/1.7 Aperture ကို အသုံးပြုထားပါတယ်။ ဒီ Front Camera ကိုပဲအသုံးပြုပြီးတော့ iris scanner (မျက်ကြည်လွှာဖတ်) တဲ့ စနစ်ကိုလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။
အရောင်တွေအနေနှင့်ကတော့ အမည်း၊ အပြာ၊ ရွှေရောင်၊ သစ်ခွမီးခိုးရောင် အပြင် ငွေရောင် စတဲ့ အရောင်တွေကို ရွေးချယ်နိုင်မှာဖြစ်ပြီး ဈေးနှုန်းတွေအနေနှင့်ကတော့ €799 နှင့် €899 ဆိုပြီးတော့ ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။

Samsung အနေနှင့်ကတော့ တရားဝင်မိတ်ဆက်မယ့်ရက်ဟာ လာမယ့် မတ်လ ၂၉ ရက်နေ့ ဗုဒ္ဓဟူးနေ့မှာ ဖြစ်ပြီး။ လန်ဒန် နှင့် နယူးယော့ မြို့တို့မှာ စတင်မိတ်ဆက်သွားမှာဖြစ်တဲ့အကြောင်းလေးလည်း သတင်းကောင်းပါးလိုက်ရပါတယ်။
အွန်လိုင်း မှာကြည့်ရှုချင်တဲ့သူတွေအတွက် ကျနော် ဒီ Post လေးမှာပဲ ထပ်မံ တင်ပေးသွားပါမယ်လို့ . . . အောက်မှာတင်ပေးထားပါပြီ ဝင်ကြည့်လို့ရပါပြီ
စာဖတ်သူတွေအနေနှင့်ရော ဘယ်လိုအသစ်အသစ်တွေကို တွေ့မြင်ချင်လည်း ဆိုတာကို အောက်မှာ Comments လေးတွေပေးပြီး ရေးသွားလို့ရပါတယ်ဗျာ . ..




Watch Event Below



Read More
  • Share This:  
  •  Facebook
  •  Twitter
  •  Google+
  •  Stumble
  •  Digg

Wednesday, March 22, 2017

Google Android O

 Paw Oo     8:11 PM     Android, Google     No comments   



Google ကတော့ နောက်လာမယ့် OS အသစ်တစ်ခုကို Google I/O developer's conference မှာ ထပ်မံ မိတ်ဆက်လိုက်ပြန်ပါပြီ။ လောလောဆယ်တော့ Developer Preview ပဲရှိပါသေးတယ်။ နောက်ပြီး ထပ်မံဖြည့်စွက်ထားတဲ့ လုပ်ဆောင်ချက်တွေအပြင် အဓိက အားသာချက်အနေနှင့်ကတော့ Java Script ကို Native အသုံးပြုလာနိုင်ပါတယ်။ လက်ရှိ အသုံးပြုနိုင်တဲ့ Devics တွေကတော့ Nexus 5X, Nexus 6P, Nexus Player, Pixel C, Pixel and Pixel XL တို့ဖြစ်ပါတယ်။ ဒီ Devices တွေကို အသုံးပြုနေကြတဲ့ သူတွေအနေနှင့်လည်း Update ထဲမှာ အလွယ်တစ်ခု ရှာဖွေပြီး install ပြုလုပ်လို့ရမှာမဟုတ်ပါဘူး။ သီးသန့် Download ပြုလုပ်ပြီးတော့မှသာ မိမိကိုယ်တိုင် Manually Install ပြုလုပ်ရမှာဖြစ်ပါတယ်။

Download ပြုလုပ်ရန် - https://developer.android.com/preview/download.html

Android N Final Version ကိုတော့ မနှစ်က သြဂုတ်လ မှာ အသုံးပြုခွင့်ရခဲ့ကြတာဖြစ်ပြီး။ မနှစ်ကအတိုင်း Time Frame အရဆိုရင်တော့ လာမယ့် ၁၇ မေလ Conference မှာ အနည်းအကျဉ်းလောက် သိရမယ်လို့ထင်တယ်။

အခု အသစ်ထွက်ရှိလာမယ့် OS နာမည်ကိုတော့ O အို ဆိုပြီးတော့ပဲ သိရှိထားရပါသေးတယ်။ နာမည်နှင့်ပတ်သက်ပြီး အတိအကျကိုတော့ မသိရသေးပါဘူး။ နည်းပညာရပ်ဝန်းက လူတွေပြောနေတာကတော့ နာမည်ကြီး မုန့်ဖြစ်တဲ့ Oreo ဟာ ရေပန်းအစားဆုံးဖြစ်နေပါတယ်။

ဪဒါနှင့် လက်ရှိမှာရေပန်းစားနေတဲ့ wireless audio ပိုင်းနှင့်ပတ်သက်ပြီးတော့လည်း အဆင့်မြှင့်တင်မှုတွေအများကြီး ပြုလုပ်ထားသေးတယ်လို့ သိရပါတယ်ဗျာ
Read More
  • Share This:  
  •  Facebook
  •  Twitter
  •  Google+
  •  Stumble
  •  Digg
Newer Posts Older Posts Home

Translate To Your Own Language

Popular Posts

  • Outlast 2 ကိုကစားမယ်ဆိုရင် မသိမဖြစ်တဲ့အချက် ၇ ချက် ( Uni and Zawgyi )
    Outlast ဂိမ်းဟာ ကစားသူတိုင်းအတွက် ဘယ်လောက်တောင် မျှော်လင့်ချက်မဲ့ပြီး သွေးပျက်ထိတ်လန့်ဖွယ်ကောင်းလည်းဆိုတာ အားလုံးနဲ့အထူးတလည်ပ...
  • တကြော့ပြန် Nokia
    ပိုင်ရှင်အသစ်နှင့်အတူ Nokia ဟာ အခုဆိုရင် ပထမဦးဆုံး Android Smart Phone အသစ်တစ်လုံးကို စတင် မိတ်ဆက်လိုက်ပြီဖြစ်ပါယ်။ Nokia ကို Micros...
  • MPT CO-Branded Device M50 နှင့် ခဏတာ Review
    Good - ဖုန်းရဲ့တည်ဆောက်ပုံနှင့် ဒီဇိုင်းအသွင်အပြင်ဟာဆိုရင် လေးထောင့်ကျကျနှင့် Smart ဖြစ်ပါတယ်။ လက်ထဲမှာကိုင်ရတာလည်း အဆင်ပြေပြီး သုံး...
  • 2018 မှာထွက်ရှိလာမယ်လို့ မျှော်လင့်ရတဲ့ Darksiders 3
    Darksiders 1 ရဲ့ဗားရှင်းအသစ်ဖြစ်တဲ့ Darksiders: Warmastered Edition ကို လတ်တလောကမှ PC, PS4 နဲ့ Xbox One အစရှိတဲ့ platform အသီးသီ...
  • ဖုန်းမှန်ဟာ တော်ရုံ မကွဲတဲ့အပြင်၊ ကွဲခဲ့ရင်တောင် သူ့အလိုလို ပြန်ပြင်မယ်ဆိုတဲ့ Motorola
    Motorola ဖုန်းကုမ္ပဏီဟာ ထုတ်လုပ်တဲ့ ဖုန်းတွေရဲ့ မှန်တွေကို တော်ရုံတန်ရုံ မကွဲဘူးဆိုတာလောက်နှင့် မဟုတ်ပဲ ကွဲသွားရင်တောင် သူ့အလိုလို ပ...

About Me

Paw Oo
View my complete profile

Categories

Accessories (1) Acer (1) Alphabet (2) Android (8) Apple (34) Article (3) Comparing (1) Danger (1) Drone (3) Event (1) Facebook (4) Gaming Laptop (3) Get Chance (2) GoPro (1) Google (5) Google Maps (1) How To (1) Knowledge (1) Laptop (4) Mac (8) MacBook (5) MacBook Pro (1) Market (1) Mi Notebook (1) Microsoft (8) Microsoft Surface Studio (1) Mobile Devices (2) Musics (1) Note Series (1) Photography (1) Polls (1) Razer Blade (1) Review (2) Rumours & Leaks (2) Samsung (5) Technology (8) Telenor (1) Windows 10 (3) Windows 7 (1) Windows 8 (1) Workplace (1) Xiaomi (2) iOS App (3) smartphones (2)

Blog Archive

  • ►  2018 (1)
    • ►  August (1)
  • ▼  2017 (35)
    • ►  November (1)
    • ►  October (1)
    • ►  September (1)
    • ►  August (3)
    • ►  July (8)
    • ►  June (10)
    • ►  May (3)
    • ►  April (3)
    • ▼  March (3)
      • Galaxy S8 ကို ဝယ်သင့်သလား ဆိုတာ ? (Launch_review)
      • Samsung Galaxy S8 အကြို သတင်းလေးတွေ
      • Google Android O
    • ►  January (2)
  • ►  2016 (48)
    • ►  November (2)
    • ►  October (5)
    • ►  September (13)
    • ►  August (10)
    • ►  July (3)
    • ►  June (4)
    • ►  May (2)
    • ►  March (4)
    • ►  January (5)
  • ►  2015 (24)
    • ►  December (3)
    • ►  November (11)
    • ►  October (9)
    • ►  September (1)

Tech Pops

Copyright © Tech Pop | Powered by Blogger
Design by Hardeep Asrani | Blogger Theme by NewBloggerThemes.com | Distributed By blogger Templates