Tech Pop
  • Home
  • My Facebook
  • Contact Me

Thursday, June 23, 2016

Apple Design Awards 2016

 Paw Oo     7:57 AM     Apple, iOS App     No comments   


Apple ကတော့အပတ် June WWDC 2016 မှာ စိတ်လှုပ်ရှားစရာအသစ်တွေနှင့် မိတ်ဆက်ခဲ့တာကိုတော်တော်များများလည်း ကြည့်ပြီးသိပြီးသွားပြီထင်ပါတယ်။ လောလောဆယ်ထိတော့ မျှော်လင့်ထားသလို iPhone 7 လည်း မပါလာသေးသလို Mac User အတွက်လည်း စိတ်လှုပ်ရှားစရာ Hardware အသစ်တွေကို မတွေ့ခဲ့ရသေးပါဘူး။ ဒီတော့ နှစ်ကုန်လာမယ့် ပွဲမှာတော့ ဒီဟာတွေကို Focus လုပ်ပြီး ဘယ်လိုစိတ်လှုပ်ရှားစရာတွေတွေ့ရဦးမလည်းဆိုတာစောင့်ကြည့်ရမှာပါ။ ဒါပေမယ့်လည်း အခုပြီးခဲ့အပတ်က ပြုလုပ်ခဲ့တဲ့ Apple ရဲ့ WWDC မှာဆိုရင် Developer တွေအတွက်တော့ တယ့်ကိုအကြီးအကျယ်စိတ်လှုပ်ရှားစရာတွေ ကြုံခဲ့ရတာပါပဲ။ ဘာလို့လည်းဆို အခုဆိုရင် အရင်က Developer တွေ ထိတွေ့ခွင့်မရခဲ့တဲ့ Apple ရဲ့ Stock App တွေဖြစ်တဲ့ Maps၊ Message၊ Seri စတာတွေကို အခုဆိုရင် မိမိရဲ့ Project တွေထဲမှာရယူ သုံးစွဲနိုင်တော့မှာဖြစ်ပါတယ်။ နောက်ပြီး Developers တွေနှင့် သူတို့တွေလုပ်ခဲ့တဲ့ အရာတွေအတွက်ကိုလည်း Apple Design Awards များနှင့် ဆုတွေချီးမြှင့်ခဲ့ပါသေးတယ်။ ဆုပေးပွဲဟာဆိုရင် ထူးခြားပြီးအများနှင့်မတူတဲ့ စိတ်ကူးတွေ iDea တွေနှင့် ပြုလုပ်ထားတဲ့ App တွေကို ရွေးချယ်ပြီး ဆုပေးတာဖြစ်ပါတယ်။

Student Winners


Linum – Free Puzzle Game (iOS)

Linum ဟာဆိုရင် Puzzle ဂိမ်းအမျိုးအစားဖြစ်ပြီး ဥာဏ်စမ်းကစားရတာကိုနှစ်သက်တဲ့သူတွေအတွက်တော့ Challange ဖြစ်မယ့် ဂိမ်းတစ်မျိုးပဲဖြစ်ပါတယ်။ ရိုးရှင်းတဲ့ပုံစံနှင့်တည်ဆောက်ထားတာဖြစ်ပြီး အမှတ်လေးတွေကို တစ်နေရာမှ တစ်နေရာထိ အောက်ခြေကိုရောက်တဲ့ထိ ဆက်သွယ်ပြီး ကစားရတာဖြစ်ပါတယ်။

တစ်ဆင့်ပြီးတစ်ဆင့်နှင့် နောက်ဆုံး သုည ရောက်တဲ့ထိ ဆက်ပေးရမှာပါ။ တချို့သောပွိုင့်တွေဟာဆိုရင် တစ်ခါပဲလုပ်ပြီး ပြီးသွားမှာဖြစ်ပါတယ်။ အခက်ခဲဆုံး အဆင့်အနေနှင့်က ပွိုင် ၅ ခုလိုအပ်တာဖြစ်ပါတယ်။



Nodes တွေကိုတစ်ခုနှင့်တစ်ခု ဆက်ပြီး သွားရမှာဖြစ်ပြီး ဆက်တဲ့အခါမှာ လိုင်းတွေကိုရွေ့ရမှာပါ။ နောက်ပြီး လိုင်းတစ်ခုဆီမှာ Nodes ၂ ခုရှိတယ်ဆိုတာလည်း မမေ့နှင့်နော်။

လိုင်းတွေဟာဆိုရင် Nodes တွေကြားထဲမှာရှိပြီး တစ်ခုနှင့်တစ်ခုကိုဆက်သွယ်ထားပါတယ်။ ဒီတော့ တစ်ခုခုကိုရွေ့ပြီဆိုတာနှင့် Nodes တွေကိုလိုအပ်မှာဖြစ်ပါတယ်။


Dividr (iOS)


Dividr ဟာဆို၇င် 2D Arcade ဂိမ်းအမျိုးအစားဖြစ်ပါတယ်။ 2016 RIT iOS app ပြိုင်ပွဲမှာလည်းဆုရရှိထားတဲ့ ဂိမ်းဖြစ်ပြီး နာရီအတော်ကြာ စွဲဆောင်ထားမယ့်ဂိမ်းတစ်မျိုးပါ။ DIVIDR ဂိမ်းကလည်း ရိုးရှင်းပြီး ကစားရတာလွယ်ပါတယ် အဓိက ကတော့ အမှတ်များများရအောင်လုပ်ဖို့ပါပဲ။ တစ်ဘလောက်ကျော်တိုင်း Coin တွေစားတိုင်းမှာ အမှတ်တွေတက်နေမှာဖြစ်ပါတယ်။ နောက်ပြီးထူးခြားတာက ကိုယ့်အကောင့်ကို ၂ ပိုင်း ပိုင်းလိုက်ပြီး တစ်ပြိုင်တည်းမှာ ၂ ခုလုံးကို ထိန်းချုပ်ပြီးကစားလို့ရမှာပါ။ ဘယ်လိုလည်း လုပ်နိုင်မယ်မလား 😜

Design Award Winners


Frame.io (iOS)

frame.io ဟာဆိုရင် ဘမ္ဘာပေါ်မှာ လူသုံးအများဆုံး Media Platform လို့ဆိုရမှာပါ၊ ၁၂၀,၀၀၀ ကျော်ရှိတဲ့ ရုပ်ရှင်ပြုလုပ်သူတွေဟာ သုံးစွဲနေကြတာဖြစ်ပါတယ်။

frame.io ဟာဆိုရင် သင့်ရဲ့ မူရင်း Media ဖိုင်တွေကို Upload လုပ်နိုင်ပြီး လုပ်နေဆဲ edititing တွေ Cut Scene တွေကိုလည်း တင်ထားနိုင်ပါတယ်။ နောက်ပြီးတော့ ဒီဖိုင်တွေအားလုံးကို ကိုယ်တစ်ဦးတည်းအပိုင်(private) လည်းထားနိုင်သလို Team များလည်းဖွဲ့ပြီး လုပ်နိုင်ပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ Client ကိုလည်း လုပ်နေဆဲ clips တွေကို ကြည့်ရှုစေနိုင်ပြီး အကြံဉာဏ်များတောင်းခံနိုင်ပါတယ်။


Chameleon Run (iOS)


တမူထူးခြားပြီး ဘယ်သူနှင့်မှမတူတဲ့ ကာလာစုံ ကမ္ဘာလေးတစ်ခုကို ဖန်တီးပေးထားပြီး မိမိဇာတ်ကောင်ကတော့ အဆုံးအစမရှိပြေးနေတဲ့ Autorunner ဂိမ်းတစ်မျိုးပဲဖြစ်ပါတယ်။ ပြောရရင် Tample Run လိုပေါ့ဗျာ ပြေးနိုင်သလောက်အမှတ်ရမယ်။ တစ်ခါပြေးပြီးတိုင်း နောက်တစ်ခါထပ်ပြေးချင်လာအောင် စိတ်ခေါ်မှုတွေများတဲ့ ဂိမ်းလေးတစ်ခုဖြစ်ပါတယ်။

ကစားတဲ့သူဟာ ပြေးနေယုံတင်မဟုတ်ပဲ ဇာတ်ကောင်အရောင်ကို အောက်မှာရှိတဲ့ အတုံးကအရောင်နှင့် တူညီအောင်လည်း ပြောင်းလဲရမှာဖြစ်ပါတယ်။ လွယ်ပါတယ်ဗျာ ခဏလောက်အချိန်ပေးပြီး Download ဆွဲပြီး ကစားကြည့်လိုက်ရအောင်။

ထူးခြားတာက ဒီဂိမ်းမှာ အဆင့်တွေ့တစ်ဆင့်ပြီးတစ်ဆင့်ပါတယ်ဗျ၊ နောက်ပြီး အဆင့်တစ်ခုစီတိုင်းမှာ Special Objectives ၃ ခုစီရှိပါတယ်။


Auxy Music Creation (iPad only)


ရိုးရှင်းတဲ့ ခေတ်သစ် တေးဂီတ ဖန်တီးတဲ့ App တစ်ခုဖြစ်ပါတယ်။ မိမိကိုယ်တိုင် နှစ်သက်တဲ့ သံစဥ်နှင့် Drum Loops တွေကို ဖန်တီးနိုင်ပါတယ်။သံစဥ်လေးတွေဖန်တီးပြီး သူငယ်ချင်းတွေဆီ အခုပဲ ဝေမျှလိုက်ရအောင်ဗျာ။


Streaks (iPhone and Apple Watch)



နေ့စဥ်ပြုလုပ်ရမယ့် list တွေနှင့် သင့်ကို ကောင်းမွန်တဲ့အလေ့အကျင့်ကောင်းတွေပေးစွမ်းမယ့် Streaks App ပါ။ ဆေးလိပ်သောက်များတဲ့သူတွေနှင့် တစ်ခုခုကို စွဲစွဲလမ်းလမ်းလုပ်တတ်တဲ့သူတွေအတွက် အမြဲတမ်း သတိရှိနေစေပြီး လျော့ချပေးနိုင်မယ့် App တစ်ခုလည်းဖြစ်ပါတယ်။

တစ်ရက်ကို မိမိလုပ်မယ့် အရာ ၆ ခုထိ Track လုပ်မှတ်သားထားနိုင်မှာဖြစ်ပါတယ်။ မိမိရဲ့ ကျန်းမာရေးအတွက်လည်းအထောက်အကူပြုနိုင်အောင် Apple Health နှင့်လည်း ချိတ်ဆက်ထားပါသေးတယ်။

ကဲဒီတော့ လုပ်ရမယ့် စာရင်း ၆ ခုကို အာရုဏ်စိုက်ပြီး ကျန်းကျန်းမာမာနှင့် အားလုံးကို ဆောင်ရွက်နိုင်အောင် ဆောင်ထားရမယ့် App တစ်ခုကို အခုပဲ ရယူပြီး သုံးစွဲကြည့်လိုက်ပါဦးဗျာ။


Lara Croft Go (iOS)



*** Apple’s iPhone Game of the Year 2015 *** *** Best Mobile/Handheld Game – The Game Awards 2015 ***

Lara Croft GO ဟာ တစ်လှည့်ဆီ ကစားရတဲ့ ဉာဏ်စမ်းရင် စူးစမ်းလေ့လာရမယ့် ဂိမ်းအမျိုးအစားဖြစ်ပါတယ်။ Queen of Venom ရဲ့ ဒဏ္ဏာရီနောက်ကိုလိုက်ရင်းနှင့် သည်းထိတ်ရင်ဖိုရင်ဆိုင်ရမယ့်အရာတွေအပြင် လျို့ဝှက်ချက်တွေကိုလည်း ဖော်ထုတ်ရမှာဖြစ်ပါတယ်။

ဆန်းပြားတဲ့ အသွင်အပြင်တွေနှင့် လိုက်ဖက်ပြီးဆွဲဆောင်မှုရှိတဲ့ နောက်ခံတီးလုံးသံတွေက သင့်ကိုတကယ်ပဲ ဆွဲဆောင်ထားနိုင်လိမ့်မယ်ဆိုတာ မလွဲပါဘူး။ ထိန်းချုပ်ဖို့ရာလည်း လွယ်ကူရိုးရှင်းပါတယ်။ အခန်းတွဲပေါင်း ၆ ခန်းပါဝင်ပြီး ၁၀၀ ကျော် ပဟေဠိ တွေကိုလည်း ဖြေရှင်းဖို့ အခုပဲဒေါင်းလုတ်ဆွဲပြီး ကစားကြည့်လိုက်ပါဦး။

(တချိန်က Hitman GO နှင့် ဆုရရှိထားဖူးတဲ့ Square Enix Montreal မှ ရေးဆွဲထားတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။)


3D4Medical Complete Anatomy (iPad only)



COMPLETE ANATOMY brings anatomy to life, transforming interactive learning and collaboration
ဆွဲဆောင်မှုရှိပြီး တကယ့်အစစ်အမှန်လို့တောင်ထင်မှတ်ရမယ့် ရုပ်ထွက်ကြောင့် လေ့လာသင်ယူမှုကို အားကောင်းစေမှာသေချာပါတယ်။ ဆေးပညာရပ်ကိုလေ့လာနေတဲ့ ကျောင်းသားကျောင်းသူတွေနှင့် ဆေးပညာနှင့်ပတ်သက်ပြီး အသက်မွေးဝမ်းကျောင်းပြုလုပ်နေသူတွေအတွက် တကယ့်ကို အသုံးဝင်ပြီး လေ့လာလို့ကောင်းမယ့် App တစ်ခုဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ ခန္ဓာဗေဒဆိုင်ရာ အစိတ်အပိုင်းပေါင်း ၆၂၀၀ ကို အရည်အသွေးမြင့်မားပြီး ကြည်လင်ပြတ်သားစွာ နှင့် လေ့လာကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

လေ့လာချင်တယ်စူးစမ်းချင်တယ်ဆိုရင်တော့ App Store မှာ အခမဲ့ရယူနိုင်ပါတယ်။


INKS. (iOS)



From the makers of BAFTA-winning Lumino City comes INKS.
ဆုရရှိထားဖူးတဲ့ Lumino City ကို တော့သိကြမယ်ထင်ပါတယ်။ ဂိမ်းတစ်ခုလုံးရဲ့ Environment တစ်တခုလုံးကို ကိုတိုင်စိတ်တိုင်းကျ အနုပညာလက်ရာမြောက် ဖန်တီးထားတဲ့ ဂိမ်းလေးပါ။ အခုတော့ ဒီ ဂိမ်းကို ထုတ်လုပ်တဲ့ သူကိုယ်တိုင်ကပဲ နောက်တစ်ကြိမ် အနုပညာမြောက်တဲ့ ဆေးသားခြယ်မှုန်းထားပြီး တစ်မျိုးတစ်ဖုံ ဆန်းသစ်ထားတဲ့ pinball ဂိမ်းကို ထပ်မံ ဖန်တီးလိုက်ပြန်ပါပြီ။ များစွာသော အသစ်အဆန်းသော စိန်ခေါ်မှုများနှင့် ဆော့ကစားရဦးမယ့် INKS ဟာဆိုရင် Pinball ရဲ့ နောက်ထပ် မျိုးဆက်သစ်လို့ပဲဆိုရမှာပါ။


Zova (iPhone and Apple Watch)



Zova ကတော့ ကျန်းမာဖို့ ကြံ့ခိုင်ဖို့ နှင့် သန်မာဖို့ဆိုပြီး ကျန်းမာရေးကိုထိန်းသိမ်းပေးမယ့် App တစ်ခုဖြစ်ပါတယ်။
Zova ဟာဆိုရင် သင့်ကို လေ့ကျင့်ခန်းများအား စဥ်ဆက်မပြတ် လုပ်နိုင်ဖို့ အားဖြစ်စေမှာပါ။ မိမိရဲ့ လေ့ကျင့်ခန်းချိန်ပုံမှန်ထားရှိပြီး Zova ကို အသုံးပြုကာ လေ့ကျင့်ခန်းလုပ်ပုံလုပ်နည်းများလည်း သိရှိနိုင်မှာဖြစ်ပါတယ်။ ၃ မိနစ်ကနေ မိနစ် ၃၀ အတွင်း ရှိတဲ့ များစွာသော လေ့ကျင့်ခန်းများထဲမှ နှစ်သက်ရာကို ရွေးချယ်ပြီး လုပ်ဆောင်နိုင်စေပါတယ်။ နေရာမရွေးအချိန်မရွေး လုပ်ဆောင်နိုင်စေမှာပါ။ အလုပ်နားရက်မျိုးမှာဆိုရင်လည်း စိတ်ဖိစီးမှု လျော့ချတဲ့ လေ့ကျင့်ခန်းမျိုးတွေလုပ်ဆောင်ပြီး စိတ်လက်ကျန်းမာစေမှာဖြစ်ပါတယ်။


Ulysses Mobile (iOS)



iOS အတွက်တကယ့်ကို ကောင်းမွန်ပြီး အတော်လေးအသုံးဝင်မယ့် စာရေးသားတဲ့ App တစ်ခုဖြစ်ပါတယ်။ သင်ဟာ ကဗျာရေးတဲ့သူပဲဖြစ်ဖြစ် ဂျာနယ်လစ်တစ်ယောက်ပဲဖြစ်ဖြစ် ဘလော့ရေးသားတဲ့ သူပဲဖြစ်ဖြစ် သင်ဟာ စာရေးသားရတာကို နှစ်သက်တဲ့သူတစ်ယောက်ဖြစ်မယ့်အလျောက် Ulysses ကို စမ်းသုံးကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ တကယ့်ကို ပြည့်စုံလှတဲ့ Writing App ပဲဖြစ်ပါတယ်။ Mobile တွေအတွက် တကယ့်ကို ကောင်းမွန်လှတဲ့ Writing App ဖြစ်ပါတယ်။ စာရေးတဲ့သူတစ်ယောက်အတွက်တော့ ဒီလို App တစ်ခုဆိုတာ သူ့ရဲ့ အယ်ဒီတာပါပဲ။ ဒီလို Writing App တွေသုံးတဲအခါမှာ သုံးလို့ကောင်းပေမယ်လို့ အခက်အခဲတွေ့ရတာက တကယ်ပြီးလို့ Save လုပ်တဲ့အခါမှာဖြစ်ပါတယ် ပြဿနာက အသုံးများတဲ့ ဖိုင်အမျိုးအစားတွေကို Support မလုပ်ကြတာပေါ့နော်။ အခု Ulysses ကတော့ ဒီပြဿနာကို ကောင်းကောင်းရှင်းနိုင်ပါတယ်။ သင်က စာတွေရေးပြီးလို့ Save လုပ်ချင်ပြီဆိုရင်လည်း အသုံးများတဲ့ file အမျိုးအစားတွေဖြစ်တဲ့ PDFs၊ Wep Pages၊ ebooks အပြင် Word ဖိုင်အမျိုးအစားတွေကိုပါ Save လုပ်နိုင်ပါတယ်။ နောက်ပြီး သင့်မှာ Medium အကောင့်ရှိတယ်ဆိုရင် ကိုရေးလိုက်တဲ့စာတွေကို HTML အနေနှင့် Copy လုပ်ပြီး cloud ပေါ်မှာ Markdown အနေနှင့် Save ပြီးရင် Medium ပေါ်မှာ အကြမ်းအနေနှင့် publish လည်းလုပ်နိုင်ပါသေးတယ်။ Export  လုပ်တဲ့အခါမှာလည်း လိုချင်တဲ့ format ကိုရွေး ပြီးရင် မှတ်ချင်တဲ့နေရာကိုရွေး ၁ - ၂ - ၃ Save Done၊ App ကိုထွက်စရာကိုမလိုတာပါ။


djay Pro (iPad)



DJs လေးတွေအတွက်တော့ တကယ့်ကို ကလိစရာ App တစ်ခုထွက်လာတာပါပဲ။ iPad အတွက်အထူး ပြုလုပ်ထားပြီး သင့်ရဲ့ Media Library နှင့် Spotify တို့ကို ချိတ်ဆက်ပြီးလုပ်ဆိုင်နိုင်ပါတယ် တချိန်တည်းမှာပဲ သီချင်းအပုဒ်ပေါင်းများစွာကိုလည်း ရယူတည်းဖြတ်နိုင်ဦးမှာဖြစ်ပါတယ်။ အမြင့်ဆုံးဖန်တီး မှုတွေအထိသင့်ကိုပေးစွမ်းနိုင်မယ့် အရည်အသွေးမြင့် သံစဥ်များလည်း တပါတည်းပါရှိလာပါတယ်။
  • Share This:  
  •  Facebook
  •  Twitter
  •  Google+
  •  Stumble
  •  Digg
Email ThisBlogThis!Share to XShare to Facebook
Newer Post Older Post Home

0 comments:

Post a Comment

Translate To Your Own Language

Popular Posts

  • Outlast 2 ကိုကစားမယ်ဆိုရင် မသိမဖြစ်တဲ့အချက် ၇ ချက် ( Uni and Zawgyi )
    Outlast ဂိမ်းဟာ ကစားသူတိုင်းအတွက် ဘယ်လောက်တောင် မျှော်လင့်ချက်မဲ့ပြီး သွေးပျက်ထိတ်လန့်ဖွယ်ကောင်းလည်းဆိုတာ အားလုံးနဲ့အထူးတလည်ပ...
  • တကြော့ပြန် Nokia
    ပိုင်ရှင်အသစ်နှင့်အတူ Nokia ဟာ အခုဆိုရင် ပထမဦးဆုံး Android Smart Phone အသစ်တစ်လုံးကို စတင် မိတ်ဆက်လိုက်ပြီဖြစ်ပါယ်။ Nokia ကို Micros...
  • MPT CO-Branded Device M50 နှင့် ခဏတာ Review
    Good - ဖုန်းရဲ့တည်ဆောက်ပုံနှင့် ဒီဇိုင်းအသွင်အပြင်ဟာဆိုရင် လေးထောင့်ကျကျနှင့် Smart ဖြစ်ပါတယ်။ လက်ထဲမှာကိုင်ရတာလည်း အဆင်ပြေပြီး သုံး...
  • 2018 မှာထွက်ရှိလာမယ်လို့ မျှော်လင့်ရတဲ့ Darksiders 3
    Darksiders 1 ရဲ့ဗားရှင်းအသစ်ဖြစ်တဲ့ Darksiders: Warmastered Edition ကို လတ်တလောကမှ PC, PS4 နဲ့ Xbox One အစရှိတဲ့ platform အသီးသီ...
  • ဖုန်းမှန်ဟာ တော်ရုံ မကွဲတဲ့အပြင်၊ ကွဲခဲ့ရင်တောင် သူ့အလိုလို ပြန်ပြင်မယ်ဆိုတဲ့ Motorola
    Motorola ဖုန်းကုမ္ပဏီဟာ ထုတ်လုပ်တဲ့ ဖုန်းတွေရဲ့ မှန်တွေကို တော်ရုံတန်ရုံ မကွဲဘူးဆိုတာလောက်နှင့် မဟုတ်ပဲ ကွဲသွားရင်တောင် သူ့အလိုလို ပ...

About Me

Paw Oo
View my complete profile

Categories

Accessories (1) Acer (1) Alphabet (2) Android (8) Apple (34) Article (3) Comparing (1) Danger (1) Drone (3) Event (1) Facebook (4) Gaming Laptop (3) Get Chance (2) GoPro (1) Google (5) Google Maps (1) How To (1) Knowledge (1) Laptop (4) Mac (8) MacBook (5) MacBook Pro (1) Market (1) Mi Notebook (1) Microsoft (8) Microsoft Surface Studio (1) Mobile Devices (2) Musics (1) Note Series (1) Photography (1) Polls (1) Razer Blade (1) Review (2) Rumours & Leaks (2) Samsung (5) Technology (8) Telenor (1) Windows 10 (3) Windows 7 (1) Windows 8 (1) Workplace (1) Xiaomi (2) iOS App (3) smartphones (2)

Blog Archive

  • ►  2018 (1)
    • ►  August (1)
  • ►  2017 (35)
    • ►  November (1)
    • ►  October (1)
    • ►  September (1)
    • ►  August (3)
    • ►  July (8)
    • ►  June (10)
    • ►  May (3)
    • ►  April (3)
    • ►  March (3)
    • ►  January (2)
  • ▼  2016 (48)
    • ►  November (2)
    • ►  October (5)
    • ►  September (13)
    • ►  August (10)
    • ►  July (3)
    • ▼  June (4)
      • Apple မှ လက်ရှိ Thunderbolt မျိုးဆက် Display များရ...
      • Auto Unlocking Feature on OS Sierra
      • Apple Design Awards 2016
      • Apple Review New Guidelines ( The Comic Book )
    • ►  May (2)
    • ►  March (4)
    • ►  January (5)
  • ►  2015 (24)
    • ►  December (3)
    • ►  November (11)
    • ►  October (9)
    • ►  September (1)

Tech Pops

Copyright © Tech Pop | Powered by Blogger
Design by Hardeep Asrani | Blogger Theme by NewBloggerThemes.com | Distributed By blogger Templates