Apple ရဲ့ OS ဟာဆိုရင် သူ့ရဲ့ Devices တွေအတွက် အဓိကအရေးပါတဲ့ နေရာကနေ ရပ်တည်နေပြီး အခုဆိုရင် Apple ဟာ iOS 9.3 ကို ထပ်မံအဆင့်မြှင့်တင်လိုက်ပြန်ပြီဖြစ်ပါတယ်။ အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို ယုံကြည်စိတ်ချစွာသိမ်းဆည်းနိုင်အောင်ရယ်၊ ကျန်းမာရေးနှင့်ပတ်သက်တဲ့အချက်အလက်တွေ ပိုပြီး ကောင်းမွန်အောင်ဖော်ပြနိုင်ဖို့ရယ်၊ ကိုယ်သတိမထားမိလိုက်တဲ့အချိန်တွေမှာတောင်မှ မိမိရဲ့ကိုယ်ရေးကိုယ်တာတွေကိုကောင်းမွန်လုံခြုံစွာသိမ်းထားနိုင်ဖို့အတွက်အဓိကထားပြီး ပြုပြင်ပြောင်းလဲမှုတွေနှင့် အသစ်သစ်သောနည်းပညာတွေကိုထည့်သွင်းပေးထားပြန်ပါတယ်။
ရုတ်တရက်ကြီးထင်မှတ်မထားရတဲ့ နည်းပညာသစ်တစ်ခုပါဝင်လာတာကတော့ Night Shift ဆိုတဲ့ Feature ပါ iPhone ဒါမှမဟုတ် iPad ဟာ ဆိုရင် ညအချိန်အမှောင်ထဲအသုံးပြုရာမှာ Device ရဲ့ မျက်နှာပြင်မှာရှိတဲ့ အရောင်ရဲ့အနုအရင့်ကို အလိုလျောက်ချိန်ညှိပြီး မျက်စိအလင်းရောင်စူးရှမှုကို ကာကွယ်ပေးမှာဖြစ်ပါတယ်။ ဒီ Feautre ဟာဆိုရင် မနက်မိုးလင်းရောက်ပြီဆိုတာနှင့် Device ဟာ အလိုလျောက် ပုံမှန်အခြေအနေတိုင်းပြန်ဖြစ်သွားမှာဖြစ်ပါတယ်။
ဒီလို လုပ်ဆောင်မှုမျိုးကို ပြုလုပ်နိုင်တဲ့ f.lux ဟာဆိုရင် Mac အသုံးပြုသူတွေကြားထဲမှာ ပေါ်ပြူလာဖြစ်ခဲ့တာ ကြာခဲ့ပြီဖြစ်ပြီး iOS Devices တွေပေါ်မှာလည်း အလားတူ အသုံးပြုဖို့ဆန္ဒရှိနေခဲ့ကြတာဖြစ်ပါတယ်။
Apple ရဲ့ ပြောကြားချက်အရ News App ဟာဆိုရင်လည်း Update များရယူရာမှာ ပိုမိုမြန်ဆန်လာပြီး For You Section မှာဆိုရင်လည်း Videos များကို News-Feed မှာတင် တိုက်ရိုက်ကြည့်ရှုနိုင်ပြီလို့ဆိုပါတယ်။ Health App ဟာဆိုရင် Apple Watch မှ လုပ်ရှားမှုများကိုလည်း ပြသပေးတော့မှာဖြစ်ပြီး DashBoard ကိုတော့ အနည်းငယ် ဒီဇိုင်းပြုပြင်မှုများပြုလုပ်ထားကြောင်းသိရပါတယ်။
iOS မှာ နဂိုပါဝင်လာတဲ့ Notes ဟာဆိုရင်လည်း အဆင့်မြင့်မှုတွေထဲမှ တစ်ခုအပါအဝင်ဖြစ်လာပြန်ပါတယ်။ အခုဆိုရင် အသုံးပြုသူဟာ Notes ထဲမှာ မိမိနှစ်သက်ရာ စကားဝှက်(Password) ကို ပေး၍ Touch ID(လက်ဗွေဖတ်) စနစ်အသုံးပြုပြီး အခြားသူများမသိရှိနိုင်အောင် ပိတ်ထားနိုင်ပြီဖြစ်ပါတယ်။ ဒါ့အပြင် အခုဆိုရင် မိမိပြုလုပ်လိုက်တဲ့ List တွေကိုလည်း စကားလုံးအရ စီစဉ်နိုင်တဲ့အပြင် မိမိထည့်သွင်းလိုက်တဲ့ အချိန်အတိုင်းလည်း အစီစဉ်တကျ စဉ်နိုင်တော့မှာဖြစ်ပါတယ်။
CarPlay မှာဆိုရင်လည်း အသုံးဝင်မယ့် နည်းပညာသစ်တွေပါဝင်လာပြီး သီချင်းများကိုလည်း ပိုမိုလျင်မြန်စွာ ချိတ်ဆက်ရယူနိုင်တော့မှာဖြစ်ပါတယ်။ နောက်ပြီး ကားမောင်းနှင်သူတွေအတွက် အနီးနားမှာရှိတဲ့ ဆီဆိုင်များ၊ ပါကင်နေရာများ၊ စားသောက်ဆိုင်များ၊ ကော်ဖီ ဆိုင်များအပြင် လူအများစိတ်ဝင်စားတဲ့ နေရာတွေကိုလည်း အလွယ်တကူ သိရှိနိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။
ပထမဦးဆုံး ဘီတာ(Beta) ဗားရှင်း iOS 9.3 ကို အစောပိုင်း တနင်္လာနေ့မှာ ချပြခဲ့တာဖြစ်ပြီး၊ ဒါဟာ iOS 9.2.1 ကိုတောင် Public မချပြရသေးတဲ့အချိန်ဖြစ်နေပါတယ်။
source : appleinsider.com
Apple ရဲ့ ပြောကြားချက်အရ News App ဟာဆိုရင်လည်း Update များရယူရာမှာ ပိုမိုမြန်ဆန်လာပြီး For You Section မှာဆိုရင်လည်း Videos များကို News-Feed မှာတင် တိုက်ရိုက်ကြည့်ရှုနိုင်ပြီလို့ဆိုပါတယ်။ Health App ဟာဆိုရင် Apple Watch မှ လုပ်ရှားမှုများကိုလည်း ပြသပေးတော့မှာဖြစ်ပြီး DashBoard ကိုတော့ အနည်းငယ် ဒီဇိုင်းပြုပြင်မှုများပြုလုပ်ထားကြောင်းသိရပါတယ်။
0 comments:
Post a Comment