Apple ဟာဆိုရင် အင်္ဂါနေ့မနက်က iOS 9.2.1 ကို တရားဝင်ထွက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒီ update ဟာဆိုရင် iOS 9 အတွက် နောက်ထပ် အသစ်ထွက်ရှိလာတဲ့ update ဗားရှင်းပဲဖြစ်ပါတယ်။ ယခု update ဟာဆိုရင် အများအသုံးပြုဖို့ မပေးခင်မှာ Developers များဆီသို့ သုံးကြိမ်တိုင်တို်င် Beta Versions အနေနှင့် ပေးပြီးအသုံးပြုခဲ့တာပဲဖြစ်ပါတယ်။
ယခု 9.2.1 update ဟာဆိုရင် minor သာဖြစ်တဲ့အတွက် အသစ်ဆန်းတွေတော့ မပါလာသေးပါဘူး။ အဓိကအားဖြင့်တော့ လုံခြုံရေးကောင်းအောင် ပြုပြင်ထားတာတွေနှင့် လုပ်ဆောင်ချက် အဆင်မပြေမှုလေးတွေကိုသာ ပြင်ဆင်ထားတာပဲဖြစ်ပါတယ်။ ဘာပဲပြောပြော Apple ကတော့ ကောင်းသထက်ကောင်းတဲ့ ဝန်ဆောင်မှုတွေကို ပေးနေတာဆိုတော့ ကောင်းမှာပါလို့ ပဲပြောရမှာပါ။
ကဲ ဒီတော့ ပန်းသီးချစ်သူများ အချိန်မနှေးပဲ အမြန်လေး ပြေးပြီး update လုပ်လိုက်ကြပါဦးလို့။
0 comments:
Post a Comment