Tech Pop
  • Home
  • My Facebook
  • Contact Me

Wednesday, January 6, 2016

Apple မှ Apple တွေအတွက် Apple Design Awards 2015

 Paw Oo     3:18 PM     No comments   


Shadowmatic 
Triada Studio




iOS အတွက် အဓိက ပြုလုပ်ထားတဲ့ ဂိမ်းဖြစ်ပြီး အလွန်တရာမှ အနုပညာမြောက်ဖန်တီးထားတာဖြစ်ပါတယ်။ စိတ်ကူးယဉ်စံပြီး လှလှပပကစားနိုင်မဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ ဆွဲဆောင်မှုကောင်းတဲ့ အရာဝတ္ထုပေါင်းများစွာနှင့် ပြုလုပ်ထားပြီး အရာဝတ္ထုရဲ့ အရိပ်ကျရောက်မှုပေါ်မှာ ကြည့်ပြီး ပြင်ပမှာ ကျနော်တို့ သိရှိထားတဲ့ အသုံးအဆောင်ပစ္စည်းများအသွင်ဖြစ်ပေါ်လာအောင် လှည့်ပတ်ပြီး ဖန်တီးယူရမှာဖြစ်ပါတယ်။ Multi-Touch Game play ဖြစ်တဲ့အပြင် ကောင်းမွန်တဲ့ဖန်တီးမှု၊ အသေးစိတ်ကအစဂရုတစိုက် ပြုလုပ်ထားတာတွေနှင့် တ
ကယ့်ကိုသဘာဝကျကျ ပြုလုပ်ထားတဲ့ အရိပ်သက်ရောက်မှုတွေနှင့်အတူ ဉာဏ်စမ်း ၈၀ ခုပါဝင်တဲ့ Shadowmatic ဂိမ်းဟာ တကယ့်ကို Apple ရဲ့ ဒီဇိုင်းဖန်တီးမှုဆုနှင့် ထိုက်တန်တယ်ဆိုတာကို ကစားကြည့်လိုက်တဲ့အခါမှာသိရပါလိမ့်မယ်။ iPhone 3GS ကစလို့ နောက်ဆုံးထွက် iPhone 6s နှင့် 6s Plus အထိအပြင် iPad Mini Retina နှင့် iPad Air 2 တို့အထိ ကစားနိုင်မှာဖြစ်ပြီး ဂိမ်းရဲ့မြင်ကွင်းနှင့် ခံစားမှုအပေါ် ဖန်တီးထားတဲ့ နောက်ခံတီးလုံးဟာဆိုရင်လည်း အမှန်တကယ်မှ လိုက်ဖက်ပြီး လှပတဲ့ တေးသွားပါပဲ။ Shadowmatic ဂိမ်းဟာဆိုရင် Apple ရဲ့ Metal graphic ကိုအသုံးပြုထားတာဖြစ်ပြီး မှင်သက်သွားနိုင်လောက်တဲ့ ဂိမ်းအသွင်အပြင်၊ တင်ဆက်ပြသမှုကောင်းများအပြင် Motion-based 3D ဟာဆိုရင်လည်း ဂိမ်းကစားသူအတွက် အလွန်တရာမှဆွဲဆောင်မှုရှိတဲ့ ဂိမ်းလေးတစ်ခုပါ။ ဘာသာစကားများမှာဆိုရင် French, German, Italian, Japanese, Korean, Russian, နှင့် Simplified Chinese နှင့် Spanish ဆိုပြီးရွေးချယ်ကစားနိုင်ပါသေးတယ်။
Download on the App Store

Metamorphabet
Vectorpark, Inc.



Metamorphabet ဆိုတာဟာ အထိအတွေ့နှင့် လှုပ်ရှားသက်ဝင်လာစေတဲ့ စကားလုံးတွေဖြစ်ပြီး လှပသေသပ်တဲ့သက်ဝင်လှုပ်ရှားမှုတွေဟာ အသက်အရွယ်မရွေးစိတ်ဝင်စားပြီး ဆွဲဆောင်မှုရှိစေပါတယ်။ သင်ကြားမှုသင်ယူမှုအတွက်လည်း အထောက်အကူပြုစေတဲ့ App တစ်ခုလို့ ပြောလို့ရပြီး မတူထူးခြားတဲ့ ဖတ်တီးယူမှု ဒီဇိုင်းအသွင်ပုံစံတင်ဆက်မှု၊ နှင့်အတူ ထူးခြားတဲ့ လှုပ်ရှားသက်ဝင်မှုတွေကြောင့် App ကိုတစ်ခါကစားဖူးရုံနှင့် ထပ်ခါထပ်ခါကစားချင်လာအောင်ဆွဲဆောင်နိုင်လွန်းတဲ့အတွက် Apple ရဲ့ ဒီဇိုင်းပိုင်းဆုကိုရဖို့ထိုက်တန်တယ်လို့ဆိုရမှာပါ။
iPhone, iPad တို့အပြင် Mac အတွက်ပါ ထွက်ရှိတဲ့ App ဖြစ်ပါတယ်။ Metamorphabet ဟာဆိုရင် ထူးခြားတဲ့အတွေ့အကြုံသစ်တွေကိုပေးစွမ်းနိုင်ပြီး အရောင်ပိုင်းမှာဆိုရင်လည်းထူးခြားမှုရှိလှပြီး နောက်ခံ အသံလေးတွေနှင့်အတူ ခံစားပြီး အသုံးပြုဖို့အကြံပေးပရစေ။
Download on the App Store



Robinhood
Robinhood Markets, Inc. 


iPad, iPhone နှင့် Apple Watch မှာပါ ရယူအသုံးပြုနိုင်ပြီး Robinhood ဟာ တကယ်ကိုကောင်းမွန်တဲ့ စတော့ရောင်းဝယ်မှု ပြုလုပ်နိုင်ပြီး စမ်းသစ်တီထွင်ထားတဲ့ ရင်းနီးမြှုပ်နှံမှု app တစ်ခုဖြစ်ပါတယ်။ စတော့ရောင်းဝယ်မှုပြုလုပ်နိုင်တဲ့ အကောင်းဆုံးဖန်တီးမှုတစ်ခုဖြစ်တယ်ဆိုတာငြင်းမရပါဘူး။ iOS ဒီဇိုင်းပိုင်းနဲ့ အလွန်တရာမှ လိုက်လျောညီထွေမှုရှိပြီး ကောင်းမွန်တဲ့ စာလုံးဖန်တီးမှုတွေ လှပပြီး သေသပ်တဲ့ အသွင်အပြင်တွေကြောင့် စတော့ကိုရင်းနီးမြှပ်နှံတော့မယ့်လူတွေအတွက်လက်မလွတ်တမ်းအသုံးပြုသင့်တဲ့ App တစ်ခုဖြစ်တယ်ဆိုတာအသေအချာပါပဲ။ Robinhood ဟာ စတော့ဈေးကွက်ထဲ အစိမ်းသက်သက် အခုမှ စတင်လေ့လာသူတွေအတွက်လည်း Simulated Stock Trade Mode ကိုအသုံးပြုပြီး လေ့လာနိုင်အောင်ပြုလုပ်ထားပြီး ကိုယ်အမှန်တကယ်အကျွမ်းဝင်ပြီဆိုမှ Sign Up ပြုလုပ်ကာ အရောင်းအဝယ်များကို အမှန်တကယ်ပြုလုပ်နိုင်အောင် ဖန်တီးထားပါတယ်။ မိမိရဲ့ တည်နေရာကိုသိရှိကာ မိမိနှင့်ကိုက်ညီမည့် စတော့ဈေးကွက်ကိုလည်းချပြ ရောင်းဝယ်မှုပြုလုပ်နိုင်ပါသေးတယ်။ 
Download on the App Store



Affinity Designer
Serif (Europe) Ltd.


Affinity Designer ဟာ လုပ်ဆောင်မှုချောမွေ့တယ်၊ ဒီဇိုင်းဆွဲရာမှာ တိကျသေချာမှုရှိပြီး မြင့်မားတဲ့ စွမ်းဆောင်ရည်ရှိတဲ့ Professionals တိုင်းလက်စွဲသွားစေမည့် Mac ပေါ်မှာအသုံးပြု graphic design app တစ်ခုပဲဖြစ်ပါတယ်။ အဓိကအားဖြင့်တော့ Vector Design App ဖြစ်ပါတယ်။ Pixel-Based ပုံများကိုလည်း တည်ဖြတ်မှုများပြုလုပ်နိုင်မှာဖြစ်ပါတယ်။ App ရဲ့ Core Graphic ဟာ 65 bit နှင့် multi-core processors များအပြင် Force Touch Trackpad နှင့် Pressure Sensitivity များကိုလည်း ပြည့်ဝစွာအသုံးချနိုင်စွမ်းရှိတဲ့ စွမ်းဆောင်ရည်မြင့် Mac OS App တစ်ခုပဲဖြစ်ပါတယ်။ Affinity Designer ဟာ Retina Display နှင့် OS X Yosemite တို့အတွက့်အထူးတည်ဆောက်ထားပြီး ရိုးရှင်းပြီးအသုံးပြုရလွယ်ကူတဲ့ User Interfae ကိုလည်းတည်ဆောက်ထားပါတယ်။ တိကျပြတ်သားတဲ့ ပုံရိပ်အရည်အသွေးကို 60 fps မှာ တိုက်ရိုက်ဆွဲချဲ့ကြည့်ရှုနိုင်ပါသေးတယ်။ အလွန်တရာမှာအနုစိတ်ကျလွန်းပြီး မြင်ကွင်းကို ၁ သန်းအထိ အဆပေါင်းချဲ့၍ကြည့်ရှု တည်းဖြတ်နိုင်ပါသေးတယ်။ ခေတ်မှီပြီး ကောင်းမွန်စွာတည်ဆောက်ထားတဲ့ဒီဇိုင်းနှင့် မြင့်မားတဲ့စွမ်းဆောင်ရည်တွေဟာ လက်ရှိ နောက်ဆုံးပေါ် Mac များရဲ့ Hardware နှင့် ကိုက်ညီမှုရှိတယ်ဆိုတာ မရှိဘူးဆိုတာ ကိုယ်တိုင်အသုံးပြုကြည့်ပြီး ဆုံးဖြတ်ကြည့်လိုက်ပါဦးလားဗျာ။ 
Download on the Mac App Store



Crossy Road
Hipster Whale Pty Ltd.


Crossy Road ကိုတော့ သိနှင့်ပြီးသားဖြစ်လိမ့်မယ့်လိုထင်ပါတယ်။ 8-bit isometric graphic ကို အသုံးပြုထားပြီး ဟာသဆန်ဆန် သက်ဝင်လှုပ်ရှားမှုတွေနှင့် ဆွဲဆောင်မှုရှိတဲ့ အဆုံးမရှိ Endless Game တစ်ခုဖြစ်ပါတယ်။ Crossy Road ဟာဆိုရင် iOS အတွက်သီးသန့်တည်ဆောက်ထားပြီး iPhone, iPad နှင့် iPod Touch များမှာ ရယူကစားနိုင်မှာဖြစ်ပါတယ်။
Download on the App Store



Fantastical 2
Flexibits, Inc.

Fantastical 2 မှာဆိုရင် အသေးစိတ်ကအစ ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းများနှင့်တည်ဆောက်ထားပြီး အထူးသဖြင့် OS X Yosemite အတွက် တည်ဆောက်ထားတဲ့ app တစ်ခုလို့ဆိုရမှာပါ။ ရှင်းလင်းတဲ့ဒီဇိုင်း၊ ပြီးပြည့်စုံတဲ့အသုံးဝင်မှု၊ လျင်မြန်စွာလုပ်ဆောင်နိုင်မှုနှင့် ကောင်းမွန်တဲ့တုံပြန်လုပ်ဆောင်မှုတွေကြောင့် Design Award ရရှိခဲ့ပါတယ်။ Fantastical 2 ဟာဆိုရင် အသုံးများတဲ့ ဘာသာစကားများစွာကိုလည်း ကိုယ်တိုင်တည်ဆောက်နိုင်ပြီး မိမိထည့်သွင်းလိုက်တဲ့ အချက်အလက်ပေါ်မူတည်ပြီး Events များဖန်တီးခြင်းအပြင် ဘာသာပြန်ဆိုခြင်းများကိုပါ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ တည်နေရာသိရှိနိုင်ပြီး လိုအပ်သလို ရှုပ်ထွေးလှတဲ့ မိမိ Desktop ပေါ်မှာ Mini window အနေနှင့်ပါ အသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။
တကယ်ကိုအသုံးဝင်လှတဲ့ Features ပေါင်းများစွာလည်းရှိနေသေးပါတယ်။ 
Download on the App Store




Workflow
DeskConnect, Inc.


Workflow ဟာဆိုရင် အလိုလျောက်လုပ်ဆောင်နိုင်တဲ့ tool တစ်ခုလို့ဆိုရမှာပါ iOS နှင့် watchOS အတွက်အထူးပြုလုပ်ထားပြီး နေ့စဉ်လုပ်ဆောင်မှုတွေကို ဒီ app တစ်ခုအတွင်းမှာတင်ပြီးဆောင်းအောင် ပြုလုပ်နိုင်ပါတယ်။ iOS accessibility features အတွက် Apple Design Award ကိုရရှိခဲ့တာဖြစ်ပြီး အမြင်အာရုဏ်ချို့တဲ့သူများအတွက် အထူးသင့်တော်တဲ့ app တစ်ခုဖြစ်ပါတယ်။ Workflow ဟာ ပြီးပြည့်စုံတဲ့ အသံထွက်စာဖတ်ပြပေးပြီး device ရဲ့ မျက်နှာပြင်ပေါ်မှာရှိတဲ့ အရာများကိုလည်း အတိအကျ အသံဖြင့်သိရှိနိုင်ပါတယ်။ Workflow ကို ဒီဇိုင်းပြုလုပ်ဖန်တီးခဲ့သူတွေဟာဆိုရင် True Accessibility ဟာ နည်းပညာအရသာမဟုတ်ပဲ သုံးစွဲသူအတွက် အမှန်တကယ် အသုံးဝင်မယ့် ဒီဇိုင်းအသွင်ပြင်လက္ခဏာကိုပေးစွမ်းနိုင်ပါတယ်။
Download on the App Store



Does Not Commute
Mediocre AB


Does Not Commute ကိုတော့ ကျနော်ကိုယ်တိုင်လည်းအရမ်းကြိုက်ပါတယ် ဝယ်လည်းဝယ်ပြီးကစားပါတယ်။ အရမ်းကို စွဲဆောင်မှုရှိတဲ့ Driving Game အမျိုးအစားဖြစ်ပြီး၊ ဂိမ်းအတွင်းဇာတ်ကောင်များရဲ့ စရိုက်အသွင်အပြင်ကိုက အစ အသေးစိတ် ပြုလုပ်ထားပါတယ်။ Does Not Commute ဟာ အချိန်ခရီးသွားပုံစံခပ်ဆင်ဆင်နှင့် ကစားသူဟာ သတ်မှတ်ပေးလိုက်တဲ့ ကားတစ်စီးချင်းစီကို အချိန်ကိုက်မောင်းနှင်ပြီး ကိုယ်ပထမမောင်းခဲ့တဲ့ ကားနှင့် နောက်ကားတစ်စီးကိုထပ်မံမောင်းနှင်တာ ထိခိုက်မှုမရှိအောင် ထိန်းကျောင်းရမှာပဲဖြစ်ပါတယ်။ အစပိုင်းမှာတော့ ဂရုစိုက်စရာမလိုလောက်အောင်ကို လွယ်ကူလှပြီး တစ်ခန်းပြီးတစ်ခန်း ရှုပ်ထွေးမှုတွေများလာကာ ခက်ခက်ခဲခဲ ကစားလာရမှာဖြစ်ပါတယ်။ Does Not Commute ဟာဆိုရင် ကောင်းမွန်တဲ့ဒီဇိုင်းသွင်ပြင်နှင့် ၁၉၆၀ နောက်ပိုင်း ခေတ်ဆန်ဆန် လှလှပပ ဆော့ကစားရမှာဖြစ်ပါတယ်။ Does Not Commute ဟာဆိုရင် iOS အတွက်အထူး ကိုတိုင်လုပ် Graphic Engine ကိုအသုံးပြုထားတာဖြစ်ပါတယ်။ Free ရယူကစားနိုင်ပြီး မိမိကစားတဲ့ Game Progress ကိုမှတ်သားထားစေချင်တယ်ဆိုရင်တော့ Premium ဝယ်ယူ၍ဆော့ကစားရမှာဖြစ်ပါတယ်။ Game Center မှာ လည်း ယှဉ်ပြိုင်ကစားနိုင်ပြီး၊ ဆုများလည်းရယူနိုင်ပါတယ်။ Does Not Commute ဟာဆိုရင် iPhone, iPod Touch နှင့် iPad များတွင် သွင်းယူကစားနိုင်ပါတယ်။ 
Download on the App Store



Vainglory
Super Evil Megacorp


Vainglory ဟာဆိုရင်တော့ Real-Time အွန်လိုင်းပေါ်ရှိ လူအများနှင့် စစ်ပွဲများရင်ဆိုင်တိုက်ခိုက်ရမယ့် ဂိမ်းဖြစ်ပြီး iPad နှင့် iPhone များအတွက်အထူးပြုလုပ်ထားတဲ့ဂိမ်းဖြစ်ပါတယ်။ လှပတဲ့အသွင်ပြင်နှင့် မြင့်မားတဲ့ Graphic ပိုင်းနှင့် Animation တွေကြောင့် Design Award ကိုရရှိခဲ့တယ်လို့ဆိုရမှာပါ။ Vaingalory ဟာဆိုရင် A8 Chip ကို တစ်စက္ကန့် Frame 60 Rendering အပြင် 1.3 milion polygon drawing capacity ရှိတဲ့ စွမ်းဆောင်ရည်မြင့်ဂိမ်းတစ်မျိုးဖြစ်ပါတယ်။ ကစားသူဟာ ဂိမ်းထဲမှ ကောင်းမွန်တဲ့ ပတ်ဝင်းကျင်နှင့် အလင်းအမှောင်ပေးစွမ်းမှုတွေအပြင် သွားလာလှုပ်ရှားနေတဲ့ ဂိမ်းထဲကဇာတ်ကောင်များကိုပါ အမြင့်မားဆုံးခံစားရင်း ဆော့ကစားနိုင်မှာဖြစ်ပါတယ်။
Download on the App Store



Pacemaker
Pacemaker Music AB


Pacemaker ကတော့ iPhone, iPad နှင့် Apple Watch အတွက်တည်ဆောက်ထားတဲ့ ကောင်းမွန်ပြီး ကိုယ်တိုင်ဖန်တီးထည့်သွင်းထားသော သီချင်းများပါဝင်တဲ့ App တစ်ခုလို့ပြောရရင်လည်းမမှားပါဘူး။ Pacemaker ဟာ ဆန်းသစ်တီထွင်မှုအသစ်တစ်ခုဖြစ်ပြီး minimalist visual design ပုံစံယူတည်ဆောက်ထားကာ iOS Devices များအတွက် အထူးဖန်တီးထားပါတယ်။ ချစ်စဖွယ် Animation လေးတွေနှင့် ဒီဂိမ်းလေးဟာ အရောင်ရွေးချယ်မှုတွေအပြင် ကောင်းမွန်တဲ့ Effects တွေကိုထည့်သွင်းထားပါတယ်။ Pacemaker ဟာ ဂန္နဝင်မြောက် နောက်ခံတေးဂီတသံစဥ်တွေ အသံအနိမ့်မြင့်တက်ကျတွေနှင့် အလွန်တရာမှ စွဲဆောင်မှုကောင်းလှပါတယ်။ ကိုယ်တိုင်ဖန်တီးပြုလုပ်နိုင်ပြီး Automation လည်းပြုလုပ်ဖန်တီးကာ မိမိနှစ်သက်ရာတီးလုံးကို ရယူဖန်တီးနိုင်မှာဖြစ်ပါတယ်။ 
Download on the App Store



Elementary Minute
Klemens Strasser


Elementary Minute ကတော့ ကျောင်းသားများထဲမှ ရွေးချယ်ခံရတဲ့ app တစ်ခုဖြစ်ပြီး ရိုးရှင်းတဲ့နောက်ခံတီးလုံး၊ လျင်မြန်ရိုးရှင်းတဲ့ မေးခွန်းပဟေဠိ တွေကိုဖြေရှင်းရမှာဖြစ်ပါတယ်။ iPhone နှင့် apple watch အတွက် ရရှိနိုင်ပါတယ်။ မှန်တယ်ဆိုရင် အပေါ်ဘက်ကို လက်ကို ပွတ်ဆွဲရမှာဖြစ်ပြီး မှားတယ်ဆိုရင် အောက်ဘက်ကိုပွတ်ဆွဲပေးရမှာဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့အချိန်အတွင်း ဘယ်လောက်မြန်မြန်နှင့် မှန်မှန်ရမလည်းဆိုတာကတော့ . . .




Jump-O
Gabriel Mathias Rocha and Victor Lappas Giménez


ကျောင်းသားများထဲမှရွေးချယ်ထားတဲ့ Game တစ်ခုဖြစ်ပါတယ်။ Jump-O ဟာဆိုရင် minimalist puzzle game တစ်ခုဖြစ်ပြီး အမြင်ပိုင်းထူးခြားတာက လက်နှင့်ရေးခြစ်ထားတဲ့ တမူထူးခြားမှုတစ်ခုပါ။ Gabriel Mathias Rocha နှင့် Victor Lappas Gimenez တို့နှစ်ဦးက ရေးဆွဲထားတဲ့ဂိမ်းဖြစ်ပြီး သူတို့ ၂ ယောက်ဟာ Pontifical Catholic University of Parana မှာကျောင်းတက်နေစဉ် ရေးဆွဲခဲ့ကြတာဖြစ်ပါတယ်။ ဂိမ်းကစားနည်းကတော့ရိုးခြင်းပြီး သတ်မှတ်ထားတဲ့ ဧရိယာအတွင်းမှာ ကစားသူဟာ O လေးတစ်ခုနှင့် အခက်အခဲ အတားအဆီးတွေကို ကျော်လွှားရမှာဖြစ်ပါတယ်။
  • Share This:  
  •  Facebook
  •  Twitter
  •  Google+
  •  Stumble
  •  Digg
Email ThisBlogThis!Share to XShare to Facebook
Newer Post Older Post Home

0 comments:

Post a Comment

Translate To Your Own Language

Popular Posts

  • Outlast 2 ကိုကစားမယ်ဆိုရင် မသိမဖြစ်တဲ့အချက် ၇ ချက် ( Uni and Zawgyi )
    Outlast ဂိမ်းဟာ ကစားသူတိုင်းအတွက် ဘယ်လောက်တောင် မျှော်လင့်ချက်မဲ့ပြီး သွေးပျက်ထိတ်လန့်ဖွယ်ကောင်းလည်းဆိုတာ အားလုံးနဲ့အထူးတလည်ပ...
  • တကြော့ပြန် Nokia
    ပိုင်ရှင်အသစ်နှင့်အတူ Nokia ဟာ အခုဆိုရင် ပထမဦးဆုံး Android Smart Phone အသစ်တစ်လုံးကို စတင် မိတ်ဆက်လိုက်ပြီဖြစ်ပါယ်။ Nokia ကို Micros...
  • MPT CO-Branded Device M50 နှင့် ခဏတာ Review
    Good - ဖုန်းရဲ့တည်ဆောက်ပုံနှင့် ဒီဇိုင်းအသွင်အပြင်ဟာဆိုရင် လေးထောင့်ကျကျနှင့် Smart ဖြစ်ပါတယ်။ လက်ထဲမှာကိုင်ရတာလည်း အဆင်ပြေပြီး သုံး...
  • 2018 မှာထွက်ရှိလာမယ်လို့ မျှော်လင့်ရတဲ့ Darksiders 3
    Darksiders 1 ရဲ့ဗားရှင်းအသစ်ဖြစ်တဲ့ Darksiders: Warmastered Edition ကို လတ်တလောကမှ PC, PS4 နဲ့ Xbox One အစရှိတဲ့ platform အသီးသီ...
  • ဖုန်းမှန်ဟာ တော်ရုံ မကွဲတဲ့အပြင်၊ ကွဲခဲ့ရင်တောင် သူ့အလိုလို ပြန်ပြင်မယ်ဆိုတဲ့ Motorola
    Motorola ဖုန်းကုမ္ပဏီဟာ ထုတ်လုပ်တဲ့ ဖုန်းတွေရဲ့ မှန်တွေကို တော်ရုံတန်ရုံ မကွဲဘူးဆိုတာလောက်နှင့် မဟုတ်ပဲ ကွဲသွားရင်တောင် သူ့အလိုလို ပ...

About Me

Paw Oo
View my complete profile

Categories

Accessories (1) Acer (1) Alphabet (2) Android (8) Apple (34) Article (3) Comparing (1) Danger (1) Drone (3) Event (1) Facebook (4) Gaming Laptop (3) Get Chance (2) GoPro (1) Google (5) Google Maps (1) How To (1) Knowledge (1) Laptop (4) Mac (8) MacBook (5) MacBook Pro (1) Market (1) Mi Notebook (1) Microsoft (8) Microsoft Surface Studio (1) Mobile Devices (2) Musics (1) Note Series (1) Photography (1) Polls (1) Razer Blade (1) Review (2) Rumours & Leaks (2) Samsung (5) Technology (8) Telenor (1) Windows 10 (3) Windows 7 (1) Windows 8 (1) Workplace (1) Xiaomi (2) iOS App (3) smartphones (2)

Blog Archive

  • ►  2018 (1)
    • ►  August (1)
  • ►  2017 (35)
    • ►  November (1)
    • ►  October (1)
    • ►  September (1)
    • ►  August (3)
    • ►  July (8)
    • ►  June (10)
    • ►  May (3)
    • ►  April (3)
    • ►  March (3)
    • ►  January (2)
  • ▼  2016 (48)
    • ►  November (2)
    • ►  October (5)
    • ►  September (13)
    • ►  August (10)
    • ►  July (3)
    • ►  June (4)
    • ►  May (2)
    • ►  March (4)
    • ▼  January (5)
      • သီချင်းရေးသားဖန်တီးသူတွေအတွက် Apple မှ Music Memos
      • OS X El Capitan ရဲ့ တတိယအကြိမ်မြောက် Update
      • iOS 9 အတွက် Minor Update ထွက်ရှိ
      • iOS 9.3 မှာ ဘာတွေပါလာပြီလည်း
      • Apple မှ Apple တွေအတွက် Apple Design Awards 2015
  • ►  2015 (24)
    • ►  December (3)
    • ►  November (11)
    • ►  October (9)
    • ►  September (1)

Tech Pops

Copyright © Tech Pop | Powered by Blogger
Design by Hardeep Asrani | Blogger Theme by NewBloggerThemes.com | Distributed By blogger Templates