Tech Pop
  • Home
  • My Facebook
  • Contact Me

Thursday, January 21, 2016

သီချင်းရေးသားဖန်တီးသူတွေအတွက် Apple မှ Music Memos

 Paw Oo     1:17 PM     Apple, iOS App     No comments   

ဇန်နဝါရီ ၂၀ ရက်နေ့မှာ Apple ကနေပြီးတော့ သူတို့ရဲ့ တရားဝင် App အသစ်တစ်ခုဖြစ်တဲ့ Music Memos ကို သီချင်းရေးသား ဖန်တီးသူတွေအတွက် iOS Devices များပေါ်မှာ ထည့်သွင်းအသုံးပြုလို့ရပြီပဲဖြစ်ပါတယ်။ Music Memos ဟာဆိုရင် သီချင်းရေးဆရာတွေနှင့် အဆိုတော်တွေအတွက် အလွယ်ကူဆုံး အလျင်မြန်ဆုံးနှင့် ရောက်ရာနေရာမှာ ကိုယ့်ရဲ့ သီချင်း အိုင်ဒီယာများကို မှတ်သားထားနိုင်မှာပဲဖြစ်ပါတယ်။ App ဟာဆိုရင် ပထမဉီးဆုံးဖွင့်ဖွင့်ချင်း မြင်လိုက်ချိန်မှာတော့ အတော့်ကို ရိုးရှင်းမယ်လို့ထင်ရပြီး Recording ခလုတ်လေးတစ်ခုသာပါတယ်လို့ ဆိုရပေမယ့် နောက်ကွယ်မှာတော့ များစွာသော အသုံးဝင်မယ့် လုပ်ဆောင်ချက်တွေများစွာ ထည့်သွင်းပေးထားတာကို မြင်တွေ့ရမှာပါ။



စတင်အသံသွင်းဖို့ရာအတွက် Music Memos App ကိုဖွင့်ပြီးတာနှင့် အပြာရောင် စက်ဝိုင်းလေးကို နှိပ်လိုက်ယုံပါပဲ။ အဲ့အချိန်မှာဆိုရင် မြင်ကွင်းတစ်ခုလုံးဟာ အနီရောင်သို့ပြောင်းလဲသွားပြီး အသံစတင်သွင်းတော့မှာဖြစ်ပါတယ်။ နောက်ပြီးတော့ ဘယ်ဘက် အပေါ်ဆုံးမှာရှိတဲ့ Auto ဆိုတာလေးကို နှိပ်ထားမယ်ဆိုရင်လည်း App ကိုစဖွင့်တာနှင့် တခါတည်း အသံစတင်သွင်းမှာဖြစ်ပြီး မိမိရဲ့ အသံပေါ်မူတည်ပြီး အသံသွင်းတာဟာ ရပ်တန့်မှာပဲဖြစ်ပါတယ်။

အသံသွင်းနေတဲ့အချိ်န်မှာဆိုရင် အဝိုင်းလေးဟာ အသံအနိမ့်မြင့်တက်ကျနှင့် တူရိယာ များရဲ့အသံပေါ်မူတည်ပြီးလည်း လှိုင်းလေးများကို ပြသနေမှာဖြစ်ပါတယ်။ အသံသွင်းခြင်း ရပ်တန့်ဖို့ရာအတွက် အနီရောက် စက်ဝိုင်းလေးကို ပြန်နှိပ်လိုက်ရမှာဖြစ်ပြီး အသံသွင်းလိုက်တဲ့ဖိုင်ရဲ့ နာမည်ပေးဖို့ရန်နှင့်အတူ၊ အသံပြန်နားထောင်ဖို့ရာ ခလုတ်လေးတွေပါဝင်တဲ့ ဘောက်စ် တစ်ခု ပေါ်လာမှာဖြစ်ပါတယ်။


Guitar ဒါမှမဟုတ် Drum Set icons လေးတွေကို နှိပ်လိုက်မယ်ဆိုရင် နောက်ခံ သံစဉ်တွေဖြစ်တဲ့ Drums သံများကို ပို၍ရှင်းလင်းစွာကြားရမှာဖြစ်ပါတယ်။ ဒီ App ဟာဆိုရင် အသံသွင်းနေတဲ့အချိန်မှာလည်း သံစဉ်တွေဟာ ကျယ်လွန်းနေမယ်ဒါမှမဟုတ် တိုးလွန်းနေမယ်ဆိုရင်လည်း သတိပေးဉီးမှာဖြစ်ပါတယ်။


Music Memos ဟာဆိုရင် သင့်ရဲ့ အသံဖိုင်တွေကို စာရင်းအလိုက်မှတ်သားထားမှာဖြစ်ပြီး အပေါ်ဘက် နားက အံဆွဲပုံစံ ခလုတ်လေးကိုနှိပ်ပြီးတော့ ပြန်လည်နားဆင်နိုင်မှာဖြစ်ပါတယ်။ App ဟာဆိုရင် အသံသွင်းထားသည့်ဖိုင်များမှ အလိုလျောက် chord names များကိုလည်း နားလည်သိရှိနိုင်ပါသေးတယ်။


အလိုလျောက် Chord နာမည်များကိုလည်း မိမိဘာသာ ပြန်လည် တည်းဖြတ်မှုများလည်း ပြုလုပ်နိုင်ပါတယ်။ Temp အနိမ့်မြင့်နှင့် စည်းချက်များကိုလည်း တည်းဖြတ်မှုများပြုလုပ်နိုင်မှာပါ။ နောက်ပြီး ဂစ်တာ ကြိုးညှိခြင်းကိုလည်း လုပ်ဆောင်နိုင်ပါသေးတယ်။ ဒီတော့ သီချင်းရေးဆရာတွေအတွက် အဆိုတော်တွေအတွက် အတော့်ကို အသုံးဝင်မယ့် App တစ်ခုကို Apple က ထုတ်ပေးလိုက်တာပဲဖြစ်ပါတယ်။
Read More
  • Share This:  
  •  Facebook
  •  Twitter
  •  Google+
  •  Stumble
  •  Digg

Wednesday, January 20, 2016

OS X El Capitan ရဲ့ တတိယအကြိမ်မြောက် Update

 Paw Oo     1:16 AM     Apple     No comments   




၁၉ ရက် အင်္ဂါနေ့ အတွက်ကတော့ iOS ရော OS X ရော update ထွက်လာတာပါလား။ OS X 10.11.3 ဟာဆိုရင် El Capitan အတွက် တတိယအကြိမ်မြောက် ထွက်ရှိလာတဲ့ update ပဲဖြစ်ပါတယ်။ ဒီ update ဟာဆိုရင် December 16 ရက်တည်းကိုက စမ်းသပ်ဖို့ Developers တွေအတွက် ထုတ်ပေးထားတာဖြစ်ပါတယ်။ အခုတော့ အားလုံး အသုံးပြုနိုင်ပြီပေါ့ဗျာ။ ကျနော့်အနေနဲ့ကတော့ 10.11.2 ကိုတောင် update မလုပ်ရသေးဘူး။ ဘာ Features အသစ်မှတော့ ပါမလာသေးပါဘူး Minor update မျှသာပဲဖြစ်ပါတယ်။
Read More
  • Share This:  
  •  Facebook
  •  Twitter
  •  Google+
  •  Stumble
  •  Digg

iOS 9 အတွက် Minor Update ထွက်ရှိ

 Paw Oo     1:11 AM     Apple, Article     No comments   



Apple ဟာဆိုရင် အင်္ဂါနေ့မနက်က iOS 9.2.1 ကို တရားဝင်ထွက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒီ update ဟာဆိုရင် iOS 9 အတွက် နောက်ထပ် အသစ်ထွက်ရှိလာတဲ့ update ဗားရှင်းပဲဖြစ်ပါတယ်။ ယခု update ဟာဆိုရင် အများအသုံးပြုဖို့ မပေးခင်မှာ Developers များဆီသို့ သုံးကြိမ်တိုင်တို်င် Beta Versions အနေနှင့် ပေးပြီးအသုံးပြုခဲ့တာပဲဖြစ်ပါတယ်။
Read More
  • Share This:  
  •  Facebook
  •  Twitter
  •  Google+
  •  Stumble
  •  Digg

Tuesday, January 12, 2016

iOS 9.3 မှာ ဘာတွေပါလာပြီလည်း

 Paw Oo     12:31 PM     Apple     No comments   


Apple ရဲ့ OS ဟာဆိုရင် သူ့ရဲ့ Devices တွေအတွက် အဓိကအရေးပါတဲ့ နေရာကနေ ရပ်တည်နေပြီး အခုဆိုရင် Apple ဟာ iOS 9.3 ကို ထပ်မံအဆင့်မြှင့်တင်လိုက်ပြန်ပြီဖြစ်ပါတယ်။ အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို ယုံကြည်စိတ်ချစွာသိမ်းဆည်းနိုင်အောင်ရယ်၊ ကျန်းမာရေးနှင့်ပတ်သက်တဲ့အချက်အလက်တွေ ပိုပြီး ကောင်းမွန်အောင်ဖော်ပြနိုင်ဖို့ရယ်၊ ကိုယ်သတိမထားမိလိုက်တဲ့အချိန်တွေမှာတောင်မှ မိမိရဲ့ကိုယ်ရေးကိုယ်တာတွေကိုကောင်းမွန်လုံခြုံစွာသိမ်းထားနိုင်ဖို့အတွက်အဓိကထားပြီး ပြုပြင်ပြောင်းလဲမှုတွေနှင့် အသစ်သစ်သောနည်းပညာတွေကိုထည့်သွင်းပေးထားပြန်ပါတယ်။

ရုတ်တရက်ကြီးထင်မှတ်မထားရတဲ့ နည်းပညာသစ်တစ်ခုပါဝင်လာတာကတော့ Night Shift ဆိုတဲ့ Feature ပါ iPhone ဒါမှမဟုတ် iPad ဟာ ဆိုရင် ညအချိန်အမှောင်ထဲအသုံးပြုရာမှာ Device ရဲ့ မျက်နှာပြင်မှာရှိတဲ့ အရောင်ရဲ့အနုအရင့်ကို အလိုလျောက်ချိန်ညှိပြီး မျက်စိအလင်းရောင်စူးရှမှုကို ကာကွယ်ပေးမှာဖြစ်ပါတယ်။ ဒီ Feautre ဟာဆိုရင် မနက်မိုးလင်းရောက်ပြီဆိုတာနှင့် Device ဟာ အလိုလျောက် ပုံမှန်အခြေအနေတိုင်းပြန်ဖြစ်သွားမှာဖြစ်ပါတယ်။

ဒီလို လုပ်ဆောင်မှုမျိုးကို ပြုလုပ်နိုင်တဲ့ f.lux ဟာဆိုရင် Mac အသုံးပြုသူတွေကြားထဲမှာ ပေါ်ပြူလာဖြစ်ခဲ့တာ ကြာခဲ့ပြီဖြစ်ပြီး iOS Devices တွေပေါ်မှာလည်း အလားတူ အသုံးပြုဖို့ဆန္ဒရှိနေခဲ့ကြတာဖြစ်ပါတယ်။

Apple ရဲ့ ပြောကြားချက်အရ News App ဟာဆိုရင်လည်း Update များရယူရာမှာ ပိုမိုမြန်ဆန်လာပြီး For You Section မှာဆိုရင်လည်း Videos များကို News-Feed မှာတင် တိုက်ရိုက်ကြည့်ရှုနိုင်ပြီလို့ဆိုပါတယ်။ Health App ဟာဆိုရင် Apple Watch မှ လုပ်ရှားမှုများကိုလည်း ပြသပေးတော့မှာဖြစ်ပြီး DashBoard ကိုတော့ အနည်းငယ် ဒီဇိုင်းပြုပြင်မှုများပြုလုပ်ထားကြောင်းသိရပါတယ်။


iOS မှာ နဂိုပါဝင်လာတဲ့ Notes ဟာဆိုရင်လည်း အဆင့်မြင့်မှုတွေထဲမှ တစ်ခုအပါအဝင်ဖြစ်လာပြန်ပါတယ်။ အခုဆိုရင် အသုံးပြုသူဟာ Notes ထဲမှာ မိမိနှစ်သက်ရာ စကားဝှက်(Password) ကို ပေး၍ Touch ID(လက်ဗွေဖတ်) စနစ်အသုံးပြုပြီး အခြားသူများမသိရှိနိုင်အောင် ပိတ်ထားနိုင်ပြီဖြစ်ပါတယ်။ ဒါ့အပြင် အခုဆိုရင် မိမိပြုလုပ်လိုက်တဲ့ List တွေကိုလည်း စကားလုံးအရ စီစဉ်နိုင်တဲ့အပြင် မိမိထည့်သွင်းလိုက်တဲ့ အချိန်အတိုင်းလည်း အစီစဉ်တကျ စဉ်နိုင်တော့မှာဖြစ်ပါတယ်။

CarPlay မှာဆိုရင်လည်း အသုံးဝင်မယ့် နည်းပညာသစ်တွေပါဝင်လာပြီး သီချင်းများကိုလည်း ပိုမိုလျင်မြန်စွာ ချိတ်ဆက်ရယူနိုင်တော့မှာဖြစ်ပါတယ်။ နောက်ပြီး ကားမောင်းနှင်သူတွေအတွက် အနီးနားမှာရှိတဲ့ ဆီဆိုင်များ၊ ပါကင်နေရာများ၊ စားသောက်ဆိုင်များ၊ ကော်ဖီ ဆိုင်များအပြင် လူအများစိတ်ဝင်စားတဲ့ နေရာတွေကိုလည်း အလွယ်တကူ သိရှိနိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။


ပထမဦးဆုံး ဘီတာ(Beta) ဗားရှင်း iOS 9.3 ကို အစောပိုင်း တနင်္လာနေ့မှာ ချပြခဲ့တာဖြစ်ပြီး၊ ဒါဟာ iOS 9.2.1 ကိုတောင် Public မချပြရသေးတဲ့အချိန်ဖြစ်နေပါတယ်။

source : appleinsider.com

Read More
  • Share This:  
  •  Facebook
  •  Twitter
  •  Google+
  •  Stumble
  •  Digg

Wednesday, January 6, 2016

Apple မှ Apple တွေအတွက် Apple Design Awards 2015

 Paw Oo     3:18 PM     No comments   


Shadowmatic 
Triada Studio




iOS အတွက် အဓိက ပြုလုပ်ထားတဲ့ ဂိမ်းဖြစ်ပြီး အလွန်တရာမှ အနုပညာမြောက်ဖန်တီးထားတာဖြစ်ပါတယ်။ စိတ်ကူးယဉ်စံပြီး လှလှပပကစားနိုင်မဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ ဆွဲဆောင်မှုကောင်းတဲ့ အရာဝတ္ထုပေါင်းများစွာနှင့် ပြုလုပ်ထားပြီး အရာဝတ္ထုရဲ့ အရိပ်ကျရောက်မှုပေါ်မှာ ကြည့်ပြီး ပြင်ပမှာ ကျနော်တို့ သိရှိထားတဲ့ အသုံးအဆောင်ပစ္စည်းများအသွင်ဖြစ်ပေါ်လာအောင် လှည့်ပတ်ပြီး ဖန်တီးယူရမှာဖြစ်ပါတယ်။ Multi-Touch Game play ဖြစ်တဲ့အပြင် ကောင်းမွန်တဲ့ဖန်တီးမှု၊ အသေးစိတ်ကအစဂရုတစိုက် ပြုလုပ်ထားတာတွေနှင့် တ
Read More
  • Share This:  
  •  Facebook
  •  Twitter
  •  Google+
  •  Stumble
  •  Digg
Newer Posts Older Posts Home

Translate To Your Own Language

Popular Posts

  • Outlast 2 ကိုကစားမယ်ဆိုရင် မသိမဖြစ်တဲ့အချက် ၇ ချက် ( Uni and Zawgyi )
    Outlast ဂိမ်းဟာ ကစားသူတိုင်းအတွက် ဘယ်လောက်တောင် မျှော်လင့်ချက်မဲ့ပြီး သွေးပျက်ထိတ်လန့်ဖွယ်ကောင်းလည်းဆိုတာ အားလုံးနဲ့အထူးတလည်ပ...
  • တကြော့ပြန် Nokia
    ပိုင်ရှင်အသစ်နှင့်အတူ Nokia ဟာ အခုဆိုရင် ပထမဦးဆုံး Android Smart Phone အသစ်တစ်လုံးကို စတင် မိတ်ဆက်လိုက်ပြီဖြစ်ပါယ်။ Nokia ကို Micros...
  • MPT CO-Branded Device M50 နှင့် ခဏတာ Review
    Good - ဖုန်းရဲ့တည်ဆောက်ပုံနှင့် ဒီဇိုင်းအသွင်အပြင်ဟာဆိုရင် လေးထောင့်ကျကျနှင့် Smart ဖြစ်ပါတယ်။ လက်ထဲမှာကိုင်ရတာလည်း အဆင်ပြေပြီး သုံး...
  • 2018 မှာထွက်ရှိလာမယ်လို့ မျှော်လင့်ရတဲ့ Darksiders 3
    Darksiders 1 ရဲ့ဗားရှင်းအသစ်ဖြစ်တဲ့ Darksiders: Warmastered Edition ကို လတ်တလောကမှ PC, PS4 နဲ့ Xbox One အစရှိတဲ့ platform အသီးသီ...
  • ဖုန်းမှန်ဟာ တော်ရုံ မကွဲတဲ့အပြင်၊ ကွဲခဲ့ရင်တောင် သူ့အလိုလို ပြန်ပြင်မယ်ဆိုတဲ့ Motorola
    Motorola ဖုန်းကုမ္ပဏီဟာ ထုတ်လုပ်တဲ့ ဖုန်းတွေရဲ့ မှန်တွေကို တော်ရုံတန်ရုံ မကွဲဘူးဆိုတာလောက်နှင့် မဟုတ်ပဲ ကွဲသွားရင်တောင် သူ့အလိုလို ပ...

About Me

Paw Oo
View my complete profile

Categories

Accessories (1) Acer (1) Alphabet (2) Android (8) Apple (34) Article (3) Comparing (1) Danger (1) Drone (3) Event (1) Facebook (4) Gaming Laptop (3) Get Chance (2) GoPro (1) Google (5) Google Maps (1) How To (1) Knowledge (1) Laptop (4) Mac (8) MacBook (5) MacBook Pro (1) Market (1) Mi Notebook (1) Microsoft (8) Microsoft Surface Studio (1) Mobile Devices (2) Musics (1) Note Series (1) Photography (1) Polls (1) Razer Blade (1) Review (2) Rumours & Leaks (2) Samsung (5) Technology (8) Telenor (1) Windows 10 (3) Windows 7 (1) Windows 8 (1) Workplace (1) Xiaomi (2) iOS App (3) smartphones (2)

Blog Archive

  • ►  2018 (1)
    • ►  August (1)
  • ►  2017 (35)
    • ►  November (1)
    • ►  October (1)
    • ►  September (1)
    • ►  August (3)
    • ►  July (8)
    • ►  June (10)
    • ►  May (3)
    • ►  April (3)
    • ►  March (3)
    • ►  January (2)
  • ▼  2016 (48)
    • ►  November (2)
    • ►  October (5)
    • ►  September (13)
    • ►  August (10)
    • ►  July (3)
    • ►  June (4)
    • ►  May (2)
    • ►  March (4)
    • ▼  January (5)
      • သီချင်းရေးသားဖန်တီးသူတွေအတွက် Apple မှ Music Memos
      • OS X El Capitan ရဲ့ တတိယအကြိမ်မြောက် Update
      • iOS 9 အတွက် Minor Update ထွက်ရှိ
      • iOS 9.3 မှာ ဘာတွေပါလာပြီလည်း
      • Apple မှ Apple တွေအတွက် Apple Design Awards 2015
  • ►  2015 (24)
    • ►  December (3)
    • ►  November (11)
    • ►  October (9)
    • ►  September (1)

Tech Pops

Copyright © Tech Pop | Powered by Blogger
Design by Hardeep Asrani | Blogger Theme by NewBloggerThemes.com | Distributed By blogger Templates