Gaming Laptops တွေဆိုတာ ဘယ်တုံးကမှ Gamer တွေ စိတ်ထဲ ရှိတယ်လို့တောင် မသတ်မှတ်တဲ့ အပယ်ခံလေးတွေ။ ဈေးနှုန်းက ကြီးပါတယ်ဆိုမှ Desktop နှင့် ယှဥ်လိုက်တိုင်း နောက်ကောက်ကျနေတာကြည့်ပဲ။ နောက်ပြီး အဆိုးဆုံးက Laptop လို့သာပြောတယ် Heavy အကြီးကြီးတွေနှင့် လေးကလည်း လေးသေး။ ဒါ့အပြင် စွမ်းဆောင်ရည်မြင့်ပြီဆိုတာနှင့် ပိုပိုကြီးလာတာပဲအဖတ်တင်တယ် Desktop လို လွယ်လယ်ကူကူလည်း Update လုပ်မရ ဖြုတ်မရ တတ်မရတွေနှင့် အတော်ကို ဒိတ်အောက်တယ်ပြောရမယ်။ တဖြည်းဖြည်းနှင့် အခုဆိုရင် ၂၀၁၇ CES တောင် ရောက်လာလေပြီ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကနေစပြီး တစ်နှစ်ထက် တစ်နှစ် နည်းပညာ ကုမ္ပဏီတွေကလည်း သူ့ထက်ငါ အပြိုင် ဂိမ်း လောကရဲ့ စွမ်းဆောင်ရည်မြင့် Laptop တွေကို ပိုပိုပြီး ထုတ်လုပ်လို့ လာပါတယ်။
အခုဆိုရင် တကယ့် Gamers တွေတောင်မှ ပဲ Gaming Laptops တွေကို Second Class Gaming Machine တွေအဖြစ် စတင်သတ်မှတ်လာပါပြီ။ ဒီနှစ် CES 2017 နည်းပညာပြပွဲမှာဆိုရင်တော့ တကယ့်ကို စွမ်းဆောင်ရည်အပိုင်းမှာလည်း မြင့်မားလာပြီး အံ့သြလောက်ဖွယ် ဈေးနှုန်းတွေနှင့် အတူ ပွဲထွက်လို့လာပါတယ်။
Gaming ဆိုတာနှင့် Nvidia ကို ပစ်ပယ်လို့မရနိုင်ပါဘူး။ ဒီနှစ်မှာတော့ Nvidia ဟာဆိုရင် သူ့ရဲ့ နောက်ဆုံးပေါ် ထုတ်ကုန်တစ်ခုဖြစ်တဲ့ Geforce 1050 နှင့်အတူ 1050Ti GPU တွေကို မိတ်ဆက်ခဲ့ပါတယ်။ စတင်မိတ်ဆက်လိုက်တဲ့တချိန်တည်းမှာပဲ Geforce 1050 နှင့်အတူ စွမ်းဆောင်ရည်မြင့် Gaming Laptops တွေကိုလည်း မိတ်ဆက်ခဲ့ပါသေးတယ်။
Dell Inspiron 15 7000 |
လက်ရှိအချိန်ထိတော့ Dell ကုမ္ပဏီဟာဆိုရင် Inspiron 15 7000 နှင့် ရှေ့ပြေးနေပြီးတော့ ဒီဇိုင်းပိုင်းအရရော နောက်ဆုံးပေါ် Geforce 1050 GPU နှင့်အတူ 7th Generation Intel CPU ကို အသုံးပြုထားတဲ့အတွက်ကြောင့် အရမ်းကို စိတ်ဝင်စားစရာကောင်းတဲ့ Gaming Laptop တစ်လုံးဖြစ်လို့နေပါတယ်။ ဒါ့အပြင် ဈေးနှုန်းအနေနှင့်ကလည်း $799 နှင့် ဝယ်ယူ ရရှိနိုင်မှာဖြစ်တဲ့အတွက် အတော်လေးကို အံ့အားသင့်စရာကောင်းပါတယ်။ ဒါ့အပြင် Geforce 1050Ti နှင့် ဝယ်ယူချင်တယ်ဆိုရင်လည်း ဒေါ်လာ ၁၀၀ သာ ထပ်မံကျသင့်မှာဖြစ်တယ်လို့လည်း သိရပါတယ်။
Samsung Odyssey |
Acer ကုမ္ပဏီအနေနှင့် Predator VX 15 ဟာဆိုရင် Dell Inspiron 15 7000 နှင့်တူညီတဲ့ အစိတ်အပိုင်းများ အသုံးပြုထားပြီး ဈေးနှုန်းမှာပါ တူညီနေတာကို တွေ့ရပါတယ်။ နောက်ပြီး Lenovo Legion Y520 နှင့် Samsung Odyssey 15 တို့ဟာလည်း အကြမ်းဖြင်းအားဖြင့် တူညီတဲ့ အစိတ်အပိုင်းတွေကို အသုံးပြုထားပြီး ဈေးနှုန်းဟာလည်း $799 ဝန်းကျင်မှာပဲ ကျသင့်မယ်လို့ သိရပါတယ်။
Acer Predator |
အခုကျနော်ပြောနေတဲ့ Hardware အစိတ်အပိုင်းတွေဖြစ်တဲ့ 7th Generation Intel CPU နှင့် Geforce 1050 GPU တွေဟာဆိုရင် Next Generation Gaming ဖြစ်တဲ့ VR အတွက်တော့ အနည်းငယ် လိုအပ်ချက်တွေရှိနေပါသေးတယ်။ ဒါပေမယ့်လည်း Geforce 1050Ti ကတော့ လာမယ့် အချို့အချို့သော VR Games တွေအတွက်တော့ အကောင်းမွန်ဆုံးစွမ်းဆောင်ရည်ပေးနိုင်ပါလိမ့်မယ်။
Lenovo Legion |
ပြောခဲ့တဲ့ Gaming Product Lines တွေထဲမှာ သင့်အတွက် အသစ်အဆန်းဖြစ်နေမယ့် Product Line နာမည်တွေပါ ပါတယ်။ အထူးသဖြင့် ထူးထူးခြားခြားပထမဦးဆုံးသော Gaming Product Line ကို စတင်လိုက်တဲ့ Samsung ရဲ့ Odyssy ၊ နောက်ပြီး Lenovo ရဲ့ နောက်ထပ် Gaming Product Line ဖြစ်တဲ့ Legion တို့ ဟာဆိုရင် သင်အခုမှ ကြားဖူးတဲ့ Gaming Laptop Line အသစ်တွဖြစ်ပါတယ်။
ဈေးနှုန်း $1000 အောက်မှာတင်ပဲ ဝယ်ယူနိုင်မယ့် Gaming Laptops အသစ် တွေကိုကြည့်ပြီး Gaming Desktop လေး ဆင်မယ်ဆိုတဲ့ စိတ်ကလေးတောင် နည်းနည်း ယိုင်သွားမယ်လို့တော့ ထင်မိသား . . . . 👅
တစ်ခုမှ မဝယ်နိုင်လေတော့ စိတ်မယိုင်သွားဘူးရယ်
ReplyDelete