Tech Pop
  • Home
  • My Facebook
  • Contact Me

Sunday, June 26, 2016

Apple မှ လက်ရှိ Thunderbolt မျိုးဆက် Display များရောင်းချမှု ရပ်နားမည်

 Paw Oo     9:00 AM     No comments   


ဒီနှစ်အစောပိုင်းမှာ Apple က သူ့ရဲ့ Built-in GPU နှင့် Thunderbolt အသစ် ကို ပြုလုပ်ဖို့ကြိုးစားနေတယ်ဆိုပြီး သိထားရပါတယ် လက်ရှိ Thuderbolt မျိုးဆက်တွေနေရာမှာအစားထိုးဖို့အတွက်ဖြစ်နိုင်ပါတယ်။ Apple ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ Thunderbolt Display တွေဟာဆိုရင် Retail ဆိုင်တွေမှာ နောက်ဆုံးလက်ကျန်ကုန်တာနဲ့ မြင်တွေ့ရတော့မှာမဟုတ်ဖူးလို့လည်းပြောလာပါတယ်။ ပြန်လည်ပြီး ထပ်မံထုတ်လုပ်မှာမဟုတ်ဖူးလို့လည်းပြောပါတယ်။ Apple ကတော့ အပြင်ကုပ္မဏီတွေက Mac သုံးသူတွေအတွက် ထောက်ပံ့နေတာကို တွေ့ရလို့ပဲ ထုတ်လုပ်တာကိုရပ်ဆိုင်းတာလား စဥ်စားစရာပါ။
“ကျနော်တို့ဟာ Thundarbolt Display တွေကို ထုတ်လုပ်တာရပ်ဆိုင်းတော့မှာပါ. Thundarbolt Display တွေဟာဆိုရင် Online က Apple.com မှာတော့ လက်ကျန်ပြတ်တဲ့အထိဝယ်လို့ရနေဦးမှာဖြစ်ပါတယ်။ အခြားရွေးချဝယ်သူစရာ အပြင်ကုပ္မဏီတွေလည်းရှိနေပါတယ်" ဆိုပြီး Apple မှ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်ကဆိုပါတယ်။
Apple ရဲ့ Thundarbolt Display ဟာဆိုရင် ၂၀၁၁ ခုနှစ်ကတည်းကနေ အချိန်ထိ ဘာမှ အသစ်ထပ်မံပြင်ဆင်ခြင်းနှင့် update လည်းဖြစ်မလာတဲ့ တစ်ခုတည်းသောစိတ်ပျက်စရာပါပဲ။ တချိန်တည်းမှာပဲ ထင်မြင်ယူဆချက်တွေများစွာထွက်လာတဲ့ထဲကမှ Apple ရဲ့ ပုံမှန်ပြုလုပ်နေကျ လာမယ့် WWDC မှာ MacBook Pro အသစ်တစ်မျိုးကို ထပ်မံမိတ်ဆက်နိုင်တယ်ဆိုတဲ့ သတင်းတွေလည်း ကြားနေရပါတယ်။
Read More
  • Share This:  
  •  Facebook
  •  Twitter
  •  Google+
  •  Stumble
  •  Digg

Saturday, June 25, 2016

Auto Unlocking Feature on OS Sierra

 Paw Oo     9:00 AM     Apple, Mac     No comments   



Unlocking နည်းပညာကိုအသုံးပြုချင်တဲ့ သူအတွက် မိမိအကောင့်တစ်ခုတည်းကို Mac နှင့် Apple Watch မှာ ဝင်ထားရမှာဖြစ်ပါတယ်။ ဒါမှ Mac ကိုဖွင့်တဲ့အချိန်မှာ Password လဲတောင်းရော Watch အနားမှာရှိတဲ့အခါ အလိုလျောက် Password ပွင့်သွားမှာဖြစ်ပါတယ်။

လက်ရှိအချိန်ထိတော့ Apple ဘက်ကနေပြီး ဒီလို Auto Unlock ပြုလုပ်ခြင်းဟာ ဘယ်လိုနည်းလည်းနှင့် ဘယ်လို Wireless Protocol ကိုအသုံးပြုထားလည်းဆိုတာ ကိုမပြောသေးပါဘူး။ ဖြစ်နိုင်ခြေအရတော့ Bluetooth ပဲဖြစ်ဖို့များပါတယ်။ ဘာလို့လည်းဆိုတော့ Short Range လည်းဖြစ်ပြီး ပိုမိတိကျဖို့လိုအပ်တယ်မဟုတ်လား။ နောက်ပြီး Macs မှာက NFC (near field communication) လည်းမပါဆိုတော့လေ။

ပြောမယ့်သာပြောတာ Apple Watch ကိုဝယ်ပတ်တဲ့သူက ရှားသားဆိုတော့။ ဒီလိုမျိုးနည်းတူ Auto Unlocking နည်းပညာကို သုံးဖို့ဆိုရင်တော့ Knock လို့ခေါ်တဲ့ Third-party apps မျိုးကို သုံးစွဲနိုင်ပါတယ်။ Knock ဟာဆိုရင် iPhone ရှိယုံနှင့် Mack ကို Auto unlock ပြုလုပ်နိုင်စေမှာဖြစ်ပါတယ်။ ဒီအကြောင်းကို ကျနော် Apple က OS Sierra ကိုမိတ်မဆက်ခင်အချိန်တည်းက Mac မှာပါလာနိုင်ခြေရှိတဲ့ Feature ဆိုပြီး ကျနော် ရေးခဲ့ဖူးပါတယ်။

ပြန်ပြီး ဖတ်ကြည့်ချင်တဲ့သူတွေအတွက် - Read Here 
macOS Sierra ကိုဆိုရင် ဒီနှစ်ဆောင်းတွင်းမှာ အခမဲ့ ရယူအသုံးပြုနိုင်မှာဖြစ်ပါတယ်။
Read More
  • Share This:  
  •  Facebook
  •  Twitter
  •  Google+
  •  Stumble
  •  Digg

Thursday, June 23, 2016

Apple Design Awards 2016

 Paw Oo     7:57 AM     Apple, iOS App     No comments   


Apple ကတော့အပတ် June WWDC 2016 မှာ စိတ်လှုပ်ရှားစရာအသစ်တွေနှင့် မိတ်ဆက်ခဲ့တာကိုတော်တော်များများလည်း ကြည့်ပြီးသိပြီးသွားပြီထင်ပါတယ်။ လောလောဆယ်ထိတော့ မျှော်လင့်ထားသလို iPhone 7 လည်း မပါလာသေးသလို Mac User အတွက်လည်း စိတ်လှုပ်ရှားစရာ Hardware အသစ်တွေကို မတွေ့ခဲ့ရသေးပါဘူး။ ဒီတော့ နှစ်ကုန်လာမယ့် ပွဲမှာတော့ ဒီဟာတွေကို Focus လုပ်ပြီး ဘယ်လိုစိတ်လှုပ်ရှားစရာတွေတွေ့ရဦးမလည်းဆိုတာစောင့်ကြည့်ရမှာပါ။ ဒါပေမယ့်လည်း အခုပြီးခဲ့အပတ်က ပြုလုပ်ခဲ့တဲ့ Apple ရဲ့ WWDC မှာဆိုရင် Developer တွေအတွက်တော့ တယ့်ကိုအကြီးအကျယ်စိတ်လှုပ်ရှားစရာတွေ ကြုံခဲ့ရတာပါပဲ။ ဘာလို့လည်းဆို အခုဆိုရင် အရင်က Developer တွေ ထိတွေ့ခွင့်မရခဲ့တဲ့ Apple ရဲ့ Stock App တွေဖြစ်တဲ့ Maps၊ Message၊ Seri စတာတွေကို အခုဆိုရင် မိမိရဲ့ Project တွေထဲမှာရယူ သုံးစွဲနိုင်တော့မှာဖြစ်ပါတယ်။ နောက်ပြီး Developers တွေနှင့် သူတို့တွေလုပ်ခဲ့တဲ့ အရာတွေအတွက်ကိုလည်း Apple Design Awards များနှင့် ဆုတွေချီးမြှင့်ခဲ့ပါသေးတယ်။ ဆုပေးပွဲဟာဆိုရင် ထူးခြားပြီးအများနှင့်မတူတဲ့ စိတ်ကူးတွေ iDea တွေနှင့် ပြုလုပ်ထားတဲ့ App တွေကို ရွေးချယ်ပြီး ဆုပေးတာဖြစ်ပါတယ်။

Student Winners


Linum – Free Puzzle Game (iOS)

Linum ဟာဆိုရင် Puzzle ဂိမ်းအမျိုးအစားဖြစ်ပြီး ဥာဏ်စမ်းကစားရတာကိုနှစ်သက်တဲ့သူတွေအတွက်တော့ Challange ဖြစ်မယ့် ဂိမ်းတစ်မျိုးပဲဖြစ်ပါတယ်။ ရိုးရှင်းတဲ့ပုံစံနှင့်တည်ဆောက်ထားတာဖြစ်ပြီး အမှတ်လေးတွေကို တစ်နေရာမှ တစ်နေရာထိ အောက်ခြေကိုရောက်တဲ့ထိ ဆက်သွယ်ပြီး ကစားရတာဖြစ်ပါတယ်။

တစ်ဆင့်ပြီးတစ်ဆင့်နှင့် နောက်ဆုံး သုည ရောက်တဲ့ထိ ဆက်ပေးရမှာပါ။ တချို့သောပွိုင့်တွေဟာဆိုရင် တစ်ခါပဲလုပ်ပြီး ပြီးသွားမှာဖြစ်ပါတယ်။ အခက်ခဲဆုံး အဆင့်အနေနှင့်က ပွိုင် ၅ ခုလိုအပ်တာဖြစ်ပါတယ်။



Nodes တွေကိုတစ်ခုနှင့်တစ်ခု ဆက်ပြီး သွားရမှာဖြစ်ပြီး ဆက်တဲ့အခါမှာ လိုင်းတွေကိုရွေ့ရမှာပါ။ နောက်ပြီး လိုင်းတစ်ခုဆီမှာ Nodes ၂ ခုရှိတယ်ဆိုတာလည်း မမေ့နှင့်နော်။

လိုင်းတွေဟာဆိုရင် Nodes တွေကြားထဲမှာရှိပြီး တစ်ခုနှင့်တစ်ခုကိုဆက်သွယ်ထားပါတယ်။ ဒီတော့ တစ်ခုခုကိုရွေ့ပြီဆိုတာနှင့် Nodes တွေကိုလိုအပ်မှာဖြစ်ပါတယ်။


Dividr (iOS)


Dividr ဟာဆို၇င် 2D Arcade ဂိမ်းအမျိုးအစားဖြစ်ပါတယ်။ 2016 RIT iOS app ပြိုင်ပွဲမှာလည်းဆုရရှိထားတဲ့ ဂိမ်းဖြစ်ပြီး နာရီအတော်ကြာ စွဲဆောင်ထားမယ့်ဂိမ်းတစ်မျိုးပါ။ DIVIDR ဂိမ်းကလည်း ရိုးရှင်းပြီး ကစားရတာလွယ်ပါတယ် အဓိက ကတော့ အမှတ်များများရအောင်လုပ်ဖို့ပါပဲ။ တစ်ဘလောက်ကျော်တိုင်း Coin တွေစားတိုင်းမှာ အမှတ်တွေတက်နေမှာဖြစ်ပါတယ်။ နောက်ပြီးထူးခြားတာက ကိုယ့်အကောင့်ကို ၂ ပိုင်း ပိုင်းလိုက်ပြီး တစ်ပြိုင်တည်းမှာ ၂ ခုလုံးကို ထိန်းချုပ်ပြီးကစားလို့ရမှာပါ။ ဘယ်လိုလည်း လုပ်နိုင်မယ်မလား 😜

Design Award Winners


Frame.io (iOS)

frame.io ဟာဆိုရင် ဘမ္ဘာပေါ်မှာ လူသုံးအများဆုံး Media Platform လို့ဆိုရမှာပါ၊ ၁၂၀,၀၀၀ ကျော်ရှိတဲ့ ရုပ်ရှင်ပြုလုပ်သူတွေဟာ သုံးစွဲနေကြတာဖြစ်ပါတယ်။

frame.io ဟာဆိုရင် သင့်ရဲ့ မူရင်း Media ဖိုင်တွေကို Upload လုပ်နိုင်ပြီး လုပ်နေဆဲ edititing တွေ Cut Scene တွေကိုလည်း တင်ထားနိုင်ပါတယ်။ နောက်ပြီးတော့ ဒီဖိုင်တွေအားလုံးကို ကိုယ်တစ်ဦးတည်းအပိုင်(private) လည်းထားနိုင်သလို Team များလည်းဖွဲ့ပြီး လုပ်နိုင်ပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ Client ကိုလည်း လုပ်နေဆဲ clips တွေကို ကြည့်ရှုစေနိုင်ပြီး အကြံဉာဏ်များတောင်းခံနိုင်ပါတယ်။


Chameleon Run (iOS)


တမူထူးခြားပြီး ဘယ်သူနှင့်မှမတူတဲ့ ကာလာစုံ ကမ္ဘာလေးတစ်ခုကို ဖန်တီးပေးထားပြီး မိမိဇာတ်ကောင်ကတော့ အဆုံးအစမရှိပြေးနေတဲ့ Autorunner ဂိမ်းတစ်မျိုးပဲဖြစ်ပါတယ်။ ပြောရရင် Tample Run လိုပေါ့ဗျာ ပြေးနိုင်သလောက်အမှတ်ရမယ်။ တစ်ခါပြေးပြီးတိုင်း နောက်တစ်ခါထပ်ပြေးချင်လာအောင် စိတ်ခေါ်မှုတွေများတဲ့ ဂိမ်းလေးတစ်ခုဖြစ်ပါတယ်။

ကစားတဲ့သူဟာ ပြေးနေယုံတင်မဟုတ်ပဲ ဇာတ်ကောင်အရောင်ကို အောက်မှာရှိတဲ့ အတုံးကအရောင်နှင့် တူညီအောင်လည်း ပြောင်းလဲရမှာဖြစ်ပါတယ်။ လွယ်ပါတယ်ဗျာ ခဏလောက်အချိန်ပေးပြီး Download ဆွဲပြီး ကစားကြည့်လိုက်ရအောင်။

ထူးခြားတာက ဒီဂိမ်းမှာ အဆင့်တွေ့တစ်ဆင့်ပြီးတစ်ဆင့်ပါတယ်ဗျ၊ နောက်ပြီး အဆင့်တစ်ခုစီတိုင်းမှာ Special Objectives ၃ ခုစီရှိပါတယ်။


Auxy Music Creation (iPad only)


ရိုးရှင်းတဲ့ ခေတ်သစ် တေးဂီတ ဖန်တီးတဲ့ App တစ်ခုဖြစ်ပါတယ်။ မိမိကိုယ်တိုင် နှစ်သက်တဲ့ သံစဥ်နှင့် Drum Loops တွေကို ဖန်တီးနိုင်ပါတယ်။သံစဥ်လေးတွေဖန်တီးပြီး သူငယ်ချင်းတွေဆီ အခုပဲ ဝေမျှလိုက်ရအောင်ဗျာ။


Streaks (iPhone and Apple Watch)



နေ့စဥ်ပြုလုပ်ရမယ့် list တွေနှင့် သင့်ကို ကောင်းမွန်တဲ့အလေ့အကျင့်ကောင်းတွေပေးစွမ်းမယ့် Streaks App ပါ။ ဆေးလိပ်သောက်များတဲ့သူတွေနှင့် တစ်ခုခုကို စွဲစွဲလမ်းလမ်းလုပ်တတ်တဲ့သူတွေအတွက် အမြဲတမ်း သတိရှိနေစေပြီး လျော့ချပေးနိုင်မယ့် App တစ်ခုလည်းဖြစ်ပါတယ်။

တစ်ရက်ကို မိမိလုပ်မယ့် အရာ ၆ ခုထိ Track လုပ်မှတ်သားထားနိုင်မှာဖြစ်ပါတယ်။ မိမိရဲ့ ကျန်းမာရေးအတွက်လည်းအထောက်အကူပြုနိုင်အောင် Apple Health နှင့်လည်း ချိတ်ဆက်ထားပါသေးတယ်။

ကဲဒီတော့ လုပ်ရမယ့် စာရင်း ၆ ခုကို အာရုဏ်စိုက်ပြီး ကျန်းကျန်းမာမာနှင့် အားလုံးကို ဆောင်ရွက်နိုင်အောင် ဆောင်ထားရမယ့် App တစ်ခုကို အခုပဲ ရယူပြီး သုံးစွဲကြည့်လိုက်ပါဦးဗျာ။


Lara Croft Go (iOS)



*** Apple’s iPhone Game of the Year 2015 *** *** Best Mobile/Handheld Game – The Game Awards 2015 ***

Lara Croft GO ဟာ တစ်လှည့်ဆီ ကစားရတဲ့ ဉာဏ်စမ်းရင် စူးစမ်းလေ့လာရမယ့် ဂိမ်းအမျိုးအစားဖြစ်ပါတယ်။ Queen of Venom ရဲ့ ဒဏ္ဏာရီနောက်ကိုလိုက်ရင်းနှင့် သည်းထိတ်ရင်ဖိုရင်ဆိုင်ရမယ့်အရာတွေအပြင် လျို့ဝှက်ချက်တွေကိုလည်း ဖော်ထုတ်ရမှာဖြစ်ပါတယ်။

ဆန်းပြားတဲ့ အသွင်အပြင်တွေနှင့် လိုက်ဖက်ပြီးဆွဲဆောင်မှုရှိတဲ့ နောက်ခံတီးလုံးသံတွေက သင့်ကိုတကယ်ပဲ ဆွဲဆောင်ထားနိုင်လိမ့်မယ်ဆိုတာ မလွဲပါဘူး။ ထိန်းချုပ်ဖို့ရာလည်း လွယ်ကူရိုးရှင်းပါတယ်။ အခန်းတွဲပေါင်း ၆ ခန်းပါဝင်ပြီး ၁၀၀ ကျော် ပဟေဠိ တွေကိုလည်း ဖြေရှင်းဖို့ အခုပဲဒေါင်းလုတ်ဆွဲပြီး ကစားကြည့်လိုက်ပါဦး။

(တချိန်က Hitman GO နှင့် ဆုရရှိထားဖူးတဲ့ Square Enix Montreal မှ ရေးဆွဲထားတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။)


3D4Medical Complete Anatomy (iPad only)



COMPLETE ANATOMY brings anatomy to life, transforming interactive learning and collaboration
ဆွဲဆောင်မှုရှိပြီး တကယ့်အစစ်အမှန်လို့တောင်ထင်မှတ်ရမယ့် ရုပ်ထွက်ကြောင့် လေ့လာသင်ယူမှုကို အားကောင်းစေမှာသေချာပါတယ်။ ဆေးပညာရပ်ကိုလေ့လာနေတဲ့ ကျောင်းသားကျောင်းသူတွေနှင့် ဆေးပညာနှင့်ပတ်သက်ပြီး အသက်မွေးဝမ်းကျောင်းပြုလုပ်နေသူတွေအတွက် တကယ့်ကို အသုံးဝင်ပြီး လေ့လာလို့ကောင်းမယ့် App တစ်ခုဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ ခန္ဓာဗေဒဆိုင်ရာ အစိတ်အပိုင်းပေါင်း ၆၂၀၀ ကို အရည်အသွေးမြင့်မားပြီး ကြည်လင်ပြတ်သားစွာ နှင့် လေ့လာကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

လေ့လာချင်တယ်စူးစမ်းချင်တယ်ဆိုရင်တော့ App Store မှာ အခမဲ့ရယူနိုင်ပါတယ်။


INKS. (iOS)



From the makers of BAFTA-winning Lumino City comes INKS.
ဆုရရှိထားဖူးတဲ့ Lumino City ကို တော့သိကြမယ်ထင်ပါတယ်။ ဂိမ်းတစ်ခုလုံးရဲ့ Environment တစ်တခုလုံးကို ကိုတိုင်စိတ်တိုင်းကျ အနုပညာလက်ရာမြောက် ဖန်တီးထားတဲ့ ဂိမ်းလေးပါ။ အခုတော့ ဒီ ဂိမ်းကို ထုတ်လုပ်တဲ့ သူကိုယ်တိုင်ကပဲ နောက်တစ်ကြိမ် အနုပညာမြောက်တဲ့ ဆေးသားခြယ်မှုန်းထားပြီး တစ်မျိုးတစ်ဖုံ ဆန်းသစ်ထားတဲ့ pinball ဂိမ်းကို ထပ်မံ ဖန်တီးလိုက်ပြန်ပါပြီ။ များစွာသော အသစ်အဆန်းသော စိန်ခေါ်မှုများနှင့် ဆော့ကစားရဦးမယ့် INKS ဟာဆိုရင် Pinball ရဲ့ နောက်ထပ် မျိုးဆက်သစ်လို့ပဲဆိုရမှာပါ။


Zova (iPhone and Apple Watch)



Zova ကတော့ ကျန်းမာဖို့ ကြံ့ခိုင်ဖို့ နှင့် သန်မာဖို့ဆိုပြီး ကျန်းမာရေးကိုထိန်းသိမ်းပေးမယ့် App တစ်ခုဖြစ်ပါတယ်။
Zova ဟာဆိုရင် သင့်ကို လေ့ကျင့်ခန်းများအား စဥ်ဆက်မပြတ် လုပ်နိုင်ဖို့ အားဖြစ်စေမှာပါ။ မိမိရဲ့ လေ့ကျင့်ခန်းချိန်ပုံမှန်ထားရှိပြီး Zova ကို အသုံးပြုကာ လေ့ကျင့်ခန်းလုပ်ပုံလုပ်နည်းများလည်း သိရှိနိုင်မှာဖြစ်ပါတယ်။ ၃ မိနစ်ကနေ မိနစ် ၃၀ အတွင်း ရှိတဲ့ များစွာသော လေ့ကျင့်ခန်းများထဲမှ နှစ်သက်ရာကို ရွေးချယ်ပြီး လုပ်ဆောင်နိုင်စေပါတယ်။ နေရာမရွေးအချိန်မရွေး လုပ်ဆောင်နိုင်စေမှာပါ။ အလုပ်နားရက်မျိုးမှာဆိုရင်လည်း စိတ်ဖိစီးမှု လျော့ချတဲ့ လေ့ကျင့်ခန်းမျိုးတွေလုပ်ဆောင်ပြီး စိတ်လက်ကျန်းမာစေမှာဖြစ်ပါတယ်။


Ulysses Mobile (iOS)



iOS အတွက်တကယ့်ကို ကောင်းမွန်ပြီး အတော်လေးအသုံးဝင်မယ့် စာရေးသားတဲ့ App တစ်ခုဖြစ်ပါတယ်။ သင်ဟာ ကဗျာရေးတဲ့သူပဲဖြစ်ဖြစ် ဂျာနယ်လစ်တစ်ယောက်ပဲဖြစ်ဖြစ် ဘလော့ရေးသားတဲ့ သူပဲဖြစ်ဖြစ် သင်ဟာ စာရေးသားရတာကို နှစ်သက်တဲ့သူတစ်ယောက်ဖြစ်မယ့်အလျောက် Ulysses ကို စမ်းသုံးကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ တကယ့်ကို ပြည့်စုံလှတဲ့ Writing App ပဲဖြစ်ပါတယ်။ Mobile တွေအတွက် တကယ့်ကို ကောင်းမွန်လှတဲ့ Writing App ဖြစ်ပါတယ်။ စာရေးတဲ့သူတစ်ယောက်အတွက်တော့ ဒီလို App တစ်ခုဆိုတာ သူ့ရဲ့ အယ်ဒီတာပါပဲ။ ဒီလို Writing App တွေသုံးတဲအခါမှာ သုံးလို့ကောင်းပေမယ်လို့ အခက်အခဲတွေ့ရတာက တကယ်ပြီးလို့ Save လုပ်တဲ့အခါမှာဖြစ်ပါတယ် ပြဿနာက အသုံးများတဲ့ ဖိုင်အမျိုးအစားတွေကို Support မလုပ်ကြတာပေါ့နော်။ အခု Ulysses ကတော့ ဒီပြဿနာကို ကောင်းကောင်းရှင်းနိုင်ပါတယ်။ သင်က စာတွေရေးပြီးလို့ Save လုပ်ချင်ပြီဆိုရင်လည်း အသုံးများတဲ့ file အမျိုးအစားတွေဖြစ်တဲ့ PDFs၊ Wep Pages၊ ebooks အပြင် Word ဖိုင်အမျိုးအစားတွေကိုပါ Save လုပ်နိုင်ပါတယ်။ နောက်ပြီး သင့်မှာ Medium အကောင့်ရှိတယ်ဆိုရင် ကိုရေးလိုက်တဲ့စာတွေကို HTML အနေနှင့် Copy လုပ်ပြီး cloud ပေါ်မှာ Markdown အနေနှင့် Save ပြီးရင် Medium ပေါ်မှာ အကြမ်းအနေနှင့် publish လည်းလုပ်နိုင်ပါသေးတယ်။ Export  လုပ်တဲ့အခါမှာလည်း လိုချင်တဲ့ format ကိုရွေး ပြီးရင် မှတ်ချင်တဲ့နေရာကိုရွေး ၁ - ၂ - ၃ Save Done၊ App ကိုထွက်စရာကိုမလိုတာပါ။


djay Pro (iPad)



DJs လေးတွေအတွက်တော့ တကယ့်ကို ကလိစရာ App တစ်ခုထွက်လာတာပါပဲ။ iPad အတွက်အထူး ပြုလုပ်ထားပြီး သင့်ရဲ့ Media Library နှင့် Spotify တို့ကို ချိတ်ဆက်ပြီးလုပ်ဆိုင်နိုင်ပါတယ် တချိန်တည်းမှာပဲ သီချင်းအပုဒ်ပေါင်းများစွာကိုလည်း ရယူတည်းဖြတ်နိုင်ဦးမှာဖြစ်ပါတယ်။ အမြင့်ဆုံးဖန်တီး မှုတွေအထိသင့်ကိုပေးစွမ်းနိုင်မယ့် အရည်အသွေးမြင့် သံစဥ်များလည်း တပါတည်းပါရှိလာပါတယ်။
Read More
  • Share This:  
  •  Facebook
  •  Twitter
  •  Google+
  •  Stumble
  •  Digg

Tuesday, June 14, 2016

Apple Review New Guidelines ( The Comic Book )

 Paw Oo     3:16 PM     Apple     No comments   


မနေ့က Apple ပွဲလေးကို ကြည့်လိုက်ရတဲ့သူတွေလည်းရှိသလို မကြည့်လိုက်ရသေးတဲ့ လူတွေလည်းရှိမှာပါ။ Apple က အသစ်သစ်သော Mac OS ၊ iOS တွေအပြင် TV OS တွေရာ ဘာရောပေါ့ စုံလို့ ထုတ်ပြသွားပါပြီ။ နောက်ပြီး အခုဆို နှစ်စဥ်ပြုလုပ်လာတာ ၁၅ ကြိမ်မြောက်ဖြစ်တဲ့ Apple Design Awards လေးတွေကိုလည်း ကြေငြာပေးသွားပါတယ်။ ဆုရရှိတဲ့ App လေးတွေကိုတော့ နောက်ပို့စ်တစ်ခုမှာကျနော်ထပ်ပြီးတင်ပေးပါမယ် နည်းနည်းလည်း Ref; လုပ်ရတာများနေတာမိုလို့ပါ။ အခု ကျနော် အားလုံးကို မျှဝေချင်တာလေးက အခုလို ဆုတွေရရှိအောင် စွမ်းဆောင်နိုင်ဖို့ အကျိုးပြုမည့်စာအုပ်ကလေးကိုပါ။

လက်ရှိ Apple မှာဆိုရင် သူ့ရဲ့ Store မှာအသုံးပြုနေတဲ့ Guidelines ၂ မျိုးရှိပါတယ်။ ဒါတွေကတော့ Pre (Store မှာ မတင်မီ) နှင့် Post (တင်ပြီး) အဲ့လိုပဲဘာသာပြန်ရမယ်ထင်တာပဲ။ နောက်ပြီးတော့ Apple ဟာ ဒီလို Guideline တွေကို အဆင့်မြှင့်တင်တဲ့အနေနဲ့ Madefire နှင့်ပူးပေါင်းခဲ့ပါတယ်။ ဒီနှစ်ရဲ့ Apple Design Award အခမ်းအနားပြီးဆုံးချိန်မှာတော့ Apple ဟာ Madefire နှင့် ပူးပေါင်းပြီး ပိုပြီး ဖတ်ရှုရလွယ်ကူပြီးစိတ်ဝင်စားဖို့ကောင်းမယ့် Guidelines တစ်ခုကို ရုပ်စုံကာတွန်း စာအုပ်အနေနှင့် ပြုလုပ်မယ်ဆိုတဲ့အကြောင်းကိုကြောငြာခဲ့ပါတယ်။

Apple က ပူးပေါင်းပြီး Guidelines အသစ်တစ်ခုပြုလုပ်မယ်ဆိုတဲ့ Madefire ဆိုတာဟာ iOS တွေပေါ်က ရုပ်စုံကာတွန်း ဖတ်ရှုတဲ့ App တစ်ခုဖြစ်ပြီး အခုဆိုရင် Apple TV ပေါ်မှာလည်းအသုံးပြုနိုင်ပြီဖြစ်ပါတယ်။ Madefire ကဆိုရင် Apple ရဲ့ Guidelines တွေကို ရှင်းရှင်းလင်းလင်းနှင့်မြင်သာအောင် အဓိကအပိုင်း ၅ ပိုင်းခွဲပြီး ဖန်တီးပေးမှာဖြစ်ပါတယ်။ အဓိက အပိုင်းကြီး ၅ ပိုင်းဟာဆိုရင် Safety ( လုံခြုံစိတ်ချရမှု )၊ Performance ( လုပ်ဆောင်နိုင်စွမ်း )၊ Business ( ငွေကြေးပိုင်းနှင့်စီးပွားရေးဆိုင်ရာ )၊ Design ( ဒီဇိုင်းအပြင်အဆင် UI/UX ) နှင့် Legal ( ဥပဒေပိုင်းဆိုင်ရာ နှင့် တာဝန်ယူမှု ) တို့ပဲဖြစ်ပါတယ်။ ဒီရုပ်စုံကာတွန်းမှာဆိုရင် ဇာတ်ရုပ်ပေါင်းများစွာနှင့် တစ်ကောင်စီဟာ မတူညီတဲ့ ပုံပြင်အသွင်ပြင်တွေနှင့် ကိုယ်စားပြုရှင်းပြထားမှာဖြစ်ပါတယ်။ Artwork ကိုပြုလုပ်သူတွေဟာဆိုရင် Mark Simmons, Ile Wolf, Luján Fernández, Shari Chankhamma, Ben Jelter, Malcom Johnson, နှင့် Dailen Ogden ပဲတို့ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ဗျာ ရုပ်စုံကာတွန်းစာအုပ်တစ်အုပ်ဆိုတာကို Developer တိုင်းကတော့ စိတ်ဝင်တစားနှင့် ဖတ်လိမ့်မယ်လို့တော့ မထင်ပါဘူး ဒါပေမယ့်လည်း ငယ်ရွယ်တဲ့ Developer တွေအတွက်ကတော့ စိတ်ဝင်စားစရာတစ်ခုဖြစ်ကောင်းဖြစ်မယ်လို့ ထင်ပါတယ်။ ကြည့်ရတာတော့ Apple က ဒီနှစ်ထဲမှာ ငယ်ရွယ်တဲ့ Developer တွေနှင့် Upcoming Developer လေးတွေကို ပစ်မှတ်ထားနေသလိုပဲ။

ပြောရရင်ကျနော်အတွက်တော့ စာကြည့်ပဲဆိုတာထက်စာရင် အခုလို ရုပ်စုံကာတွန်းစာအုပ်ကလေးအနေနှင့်ကျတော့ ပိုပြီးတော့ စိတ်ဝင်စားဖို့ကောင်းတယ်ဗျ။ ဒီတော့ ကျနော့် Blog ကိုအားပေးတဲ့ Developer တွေပဲရှိရင်ဖြစ်ဖြစ် ဒီ Guidelines လေးတွေကို ဖတ်ဖြစ်အောင်ဖတ်ပြီးတော့ ပိုမိုကောင်းမွန်ပြီး စွမ်းဆောင်ရည်လည်းကောင်းတဲ့ App လေးတွေ Develop လုပ်ရင်းနှင့် ဆုတွေလည်းရနိုင်ကြပါစေဗျာ . . .


Download Here - Apple Review Guidelines ( The Comic Book )
Or
From The Store Review Page - Go Here

Ref: 9to5Mac
Read More
  • Share This:  
  •  Facebook
  •  Twitter
  •  Google+
  •  Stumble
  •  Digg
Newer Posts Older Posts Home

Translate To Your Own Language

Popular Posts

  • Outlast 2 ကိုကစားမယ်ဆိုရင် မသိမဖြစ်တဲ့အချက် ၇ ချက် ( Uni and Zawgyi )
    Outlast ဂိမ်းဟာ ကစားသူတိုင်းအတွက် ဘယ်လောက်တောင် မျှော်လင့်ချက်မဲ့ပြီး သွေးပျက်ထိတ်လန့်ဖွယ်ကောင်းလည်းဆိုတာ အားလုံးနဲ့အထူးတလည်ပ...
  • တကြော့ပြန် Nokia
    ပိုင်ရှင်အသစ်နှင့်အတူ Nokia ဟာ အခုဆိုရင် ပထမဦးဆုံး Android Smart Phone အသစ်တစ်လုံးကို စတင် မိတ်ဆက်လိုက်ပြီဖြစ်ပါယ်။ Nokia ကို Micros...
  • MPT CO-Branded Device M50 နှင့် ခဏတာ Review
    Good - ဖုန်းရဲ့တည်ဆောက်ပုံနှင့် ဒီဇိုင်းအသွင်အပြင်ဟာဆိုရင် လေးထောင့်ကျကျနှင့် Smart ဖြစ်ပါတယ်။ လက်ထဲမှာကိုင်ရတာလည်း အဆင်ပြေပြီး သုံး...
  • 2018 မှာထွက်ရှိလာမယ်လို့ မျှော်လင့်ရတဲ့ Darksiders 3
    Darksiders 1 ရဲ့ဗားရှင်းအသစ်ဖြစ်တဲ့ Darksiders: Warmastered Edition ကို လတ်တလောကမှ PC, PS4 နဲ့ Xbox One အစရှိတဲ့ platform အသီးသီ...
  • ဖုန်းမှန်ဟာ တော်ရုံ မကွဲတဲ့အပြင်၊ ကွဲခဲ့ရင်တောင် သူ့အလိုလို ပြန်ပြင်မယ်ဆိုတဲ့ Motorola
    Motorola ဖုန်းကုမ္ပဏီဟာ ထုတ်လုပ်တဲ့ ဖုန်းတွေရဲ့ မှန်တွေကို တော်ရုံတန်ရုံ မကွဲဘူးဆိုတာလောက်နှင့် မဟုတ်ပဲ ကွဲသွားရင်တောင် သူ့အလိုလို ပ...

About Me

Paw Oo
View my complete profile

Categories

Accessories (1) Acer (1) Alphabet (2) Android (8) Apple (34) Article (3) Comparing (1) Danger (1) Drone (3) Event (1) Facebook (4) Gaming Laptop (3) Get Chance (2) GoPro (1) Google (5) Google Maps (1) How To (1) Knowledge (1) Laptop (4) Mac (8) MacBook (5) MacBook Pro (1) Market (1) Mi Notebook (1) Microsoft (8) Microsoft Surface Studio (1) Mobile Devices (2) Musics (1) Note Series (1) Photography (1) Polls (1) Razer Blade (1) Review (2) Rumours & Leaks (2) Samsung (5) Technology (8) Telenor (1) Windows 10 (3) Windows 7 (1) Windows 8 (1) Workplace (1) Xiaomi (2) iOS App (3) smartphones (2)

Blog Archive

  • ►  2018 (1)
    • ►  August (1)
  • ►  2017 (35)
    • ►  November (1)
    • ►  October (1)
    • ►  September (1)
    • ►  August (3)
    • ►  July (8)
    • ►  June (10)
    • ►  May (3)
    • ►  April (3)
    • ►  March (3)
    • ►  January (2)
  • ▼  2016 (48)
    • ►  November (2)
    • ►  October (5)
    • ►  September (13)
    • ►  August (10)
    • ►  July (3)
    • ▼  June (4)
      • Apple မှ လက်ရှိ Thunderbolt မျိုးဆက် Display များရ...
      • Auto Unlocking Feature on OS Sierra
      • Apple Design Awards 2016
      • Apple Review New Guidelines ( The Comic Book )
    • ►  May (2)
    • ►  March (4)
    • ►  January (5)
  • ►  2015 (24)
    • ►  December (3)
    • ►  November (11)
    • ►  October (9)
    • ►  September (1)

Tech Pops

Copyright © Tech Pop | Powered by Blogger
Design by Hardeep Asrani | Blogger Theme by NewBloggerThemes.com | Distributed By blogger Templates