ပိုင်ရှင်အသစ်နှင့်အတူ Nokia ဟာ အခုဆိုရင် ပထမဦးဆုံး Android Smart Phone အသစ်တစ်လုံးကို စတင် မိတ်ဆက်လိုက်ပြီဖြစ်ပါယ်။ Nokia ကို Microsoft က စွန့်လွတ်လိုက်ပြီးနောက်ပိုင်း ဖင်လန်အခြေစိုက် HMD Global ကုမ္ပဏီ မှ ဒုတိယအကြိမ် ပထမဦးဆုံး Android ဖုန်းတစ်လုံးလို့လဲ ဆိုရမှာဖြစ်ပါတယ်။ တရုတ်တစ်နိုင်ငံတည်းမှာပဲ ရောင်းချမှာဖြစ်ပြီး Nokia 6 လို့ နာမည်ပေးထားတဲ့ ယခု Android Smartphone ဟာဆိုရင် Lte အသုံးပြုနိုင်ပြီး နောက်ဆုံးပေါ် Android Version Nouget OS ကို အသုံးပြုထားပါတယ်။ မျက်နှာပြင် ၅.၅ လက်မ HD Screen၊ 16 MP နောက်ကင်မရာနှင့် Selfie ( ရှေ့ကင်မရာ ) 8MB ဖြစ်ပြီး Qualcomm ရဲ့ Snapdragon 430 Processor ၊ 4GB RAM နှင့် 64GB သိမ်းဆည်းနိုင်တဲ့ ပမာဏတို့ပါဝင်ပါတယ်။
လက်ရှိမှာတော့ ဘယ်အချိန်မှာ စတင်ရောင်းချမယ်ဆိုတာကို တိတိကျကျမသိရသေးပေမယ့် ၂၀၁၇ အစောပိုင်း လောက်ဖြစ်နိုင်ပြီးတော့ ဈေးနှုန်းအားဖြင့် $246 ဒေါ်လာနှင့် JD.com မှာ ရောင်းချမယ်လို့သိရပါတယ်။