Tech Pop
  • Home
  • My Facebook
  • Contact Me

Saturday, May 21, 2016

Mac OS X 10.12 မှာ မျှော်လင့်ထားတဲ့ Unlocking Feature

 Paw Oo     12:08 PM     Apple, Mac     No comments   



iPhone ကို Passcode နှင့်ဖွင့်မည့်အစား Fingerprint Touch ID နှင့် ဖွင့်တယ်ဆိုတာဟာ အသုံးပြုသူတွေအတွက် အရမ်းကိုအဆင်ပြေကောင်းမွန်တဲ့နည်းလမ်းဖြစ်ပါတယ်။ အခုဆိုရင် Apple ဟာ Mac တွေကို ဒီလိုလုပ်ဆောင်နိုင်မည့် အရာတစ်ခုမိတ်ဆက်ပေးလာလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။ ဖြစ်လည်းဖြစ်နိုင်ပါတယ်။

ပြောရရင် Mac အတွက် Touch ID Hardware တွေ ထွက်ပေါ်လာနိုင်တာလည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ခြေအရှိဆုံးကတော့ iPhone ရဲ့ Touch ID ဒါမှမဟုတ် Apple Watch ကို အသုံးပြုပြီး Passcode မလိုပဲ ဖွင့်နိုင်အောင် လုပ်ပေးတာမျိုးလည်းဖြစ်နိုင်ပါတယ်။ လက်ရှိတော့ လာမယ့် OS X 10.12 မှာ ပါလာလိမ့်မယ်လို့ ထင်ကြေးတွေအများအပြားပေးနေကြပါတယ်။

Apple အင်ဂျင်နီယာတွေဟာ Auto Unlock Function ကို လုပ်ဆောင်နေကြပြီလည်းဖြစ်ပါတယ်။ အဲဒါက iPhone ကို အသုံးပြုပြီး အနီးနားမှာရှိတဲ့ မိမိရဲ့ Mac ကို Password မသုံးပဲ TouchID နှင့် ဖွင့်လို့ရမယ့်နည်းပညာဖြစ်ပါတယ်။

ဒီလုပ်ဆောင်ချက်ဟာဆိုရင် Bluetooth LE Frameworks ကိုအသုံးပြုပြီး Apple Watch မှ Automatic Unlocking လုပ်ဆောင်ချက်နှင့် တူညီပါတယ်။ ဒီ လုပ်ဆောင်ချက်ဟာ iPhone ရဲ့ Passcode ခံထားတဲ့ဟာကို ချိတ်ဆက်ပြီးသားဖြစ်တဲ့ Apple Watch မှ ဖွင့်ပေးခြင်းဖြစ်ပါတယ်။ ဒီလိုမျိုးပဲ iPhone ရဲ့ TouchID ကိုအသုံးပြုပြီး အခြားသော Passcode တွေအစား လက်ဗွေကိုပဲအသုံးပြုပြီး ဖွင့်လို့ရမယ်ဆိုရင် အတော့်ကို အဆင်ပြေလွယ်ကူမယ့်နည်းလမ်းပါ။

ဒါ့ထက် ဖြစ်နိုင်ခြေရှိသေးတာနောက်တစ်ချက်က iPhone အနားမှာမရှိတဲ့အခါ Apple Watch ကိုပဲသုံးပြီး Mac ကို ဖွင့်လို့ရနိုင်တာမျိုးလည်းဖြစ်နိုင်ပါသေးတယ်။ ဒါဟာပိုပြီးအဆင်ပြေလိမ့်မယ်လို့တောင်ထင်ပါတယ်။ ပြောရရင် ဒီလုပ်ဆောင်ချက်မျိုးဟာ ရှိနေပြီးသားဖြစ်ပါတယ်။ The Knock App ဖြစ်ပါတယ် iPhone ဒါမှမဟုတ် Apple Watch ရဲ့ TouchID ကိုအသုံးပြုပြီး Password ခံထားတဲ့ Mac ကို unlock လှမ်းလုပ်နိုင်မည့် Application ဖြစ်ပါတယ်။ Knock ဆိုတဲ့ iOS Application လိုပါမယ် နောက်ပြီး Mac ပေါ်မှာလည်း App ကို install လုပ်ထားရပါမယ်။ ဒါ့ထက် Apple ကိုယ်တိုင် ဒီလိုလုပ်ဆောင်ချက်မျိုးကို ထည့်သွင်းပေးမယ်ဆိုရင်တော့ ဒီထက်ပိုပြီးရိုးရှင်းလွယ်ကူမယ်လို့ ယုံကြည်ပါတယ်။



OS X 10.12 အတွက် ဘယ်လိုလုပ်ဆောင်ချက်မျိုးတွေပါလာလိမ့်ဦးမလည်းဆိုတာကတော့ ကျောက်ခဲ ရေနစ်သလို လုံးလုံး ပြောလို့မရသေးပါဘူး။ ဒီတော့ အခုရေးထားတဲ့ Unlock လုပ်ဆောင်ချက်မျိုးဟာလည်း ပါလာချင်မှလည်း ပါလာဦးမှာပါ အကယ်၍ အချိန်မှီ Apple အင်ဂျင်နီယာတွေက လုပ်ဆောင်နိုင်ခဲ့တယ်ဆိုရင်တော့ တမျိုးပေါ့။


ဘာလို့လည်းဆိုရင် Apple ကိုယ်တိုင်က OS X 10.1 ကို အာရုဏ်စိုက်ပြီး ကောင်းမွန်တဲ့ ပြင်ဆင်မွန်းမံမှုလေးတွေ ခုချိန်ထိ ပြုလုပ်နေတုံးမို့ပါ။

Ref : Mac Rumors; 9to5mac
Read More
  • Share This:  
  •  Facebook
  •  Twitter
  •  Google+
  •  Stumble
  •  Digg

Quad-Copter ဈေးကွက်ထဲသို့ Xiaomi ရဲ့ ပထမဦးဆုံးခြေလှမ်း

 Paw Oo     10:01 AM     Xiaomi     No comments   


တရုတ်အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Xiaomi ဟာဆိုရင် မကြာခင်အချိန်မှာပဲ ပထမဦးဆုံး Drone မိတ်ဆက်တော့မယ်ဆိုတဲ့အကြောင်း ကိုယ်ပိုင် Forum မှာ တစွန်းတစ ကြားသိခဲ့ရပါတယ်။ ပုံမှန် Android Devices တွေထက် Quad-Copter ဈေးကွက်ကို ပထမဦးဆုံးခြေလှမ်းစခြင်းပဲဖြစ်ပါတယ်။

Xiaomi ဟာဆိုရင် သိပ်ကိုစိတ်ဓါတ်ပြင်းပြတဲ့ ကုမ္ပဏီတစ်ခုပါ။ အခုဆိုရင် အဓိကအားဖြင့် Smartphone ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုအနေနှင့် လူတိုင်းသိနေကြပြီဖြစ်ပါတယ်။ အကောင်းဆုံးသော စွမ်းဆောင်ရည်မြင့် ဖုန်းတွေကို ဈေးသက်သက်သာသာနှင့် ထုတ်လုပ်ရောင်းချပေးနေတာလည်းဖြစ်ပါတယ်။ လတ်တလောလေးကထွက်ရှိထားတဲ့ Mi Max Phablet လို ဟာမျိုးကိုကြည့်ရင်ပဲ စွမ်းဆောင်ရည်ကောင်းပြီး ဈေးလည်းသက်သာတယ်ဆိုတာရှင်းရှင်းလေးပါ။

ဒီလို နည်းပညာတွေအပြင် ကောင်းမွန်တဲ့ ဈေးကွက်ထိုးဖောက်မှုစနစ်ကြောင့်လည်း တရုတ်နိုင်ငံရဲ့ အကြီးဆုံး ကုမ္ပဏီတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်နေတာပေါ့ဗျာ။ အခုဆိုတော့ Xiaomi ဟာ နိုင်ငံတကာက လေထဲပျံနေတဲ့ ဈေးကွက်ထဲ အခုဆိုရင် ခြေစလှမ်းတော့မှာဖြစ်ပါတယ်။ ကုမ္ပဏီဟာဆိုရင် သူ့ရဲ့ ပထမဦးဆုံး Drone ကို ၂၅ ရက်နေ့ တရုတ်စံတော်ချိန် ည ၇ နာရီမှာ ထုတ်ဖော်ပြသသွားမည်ဆိုပြီး မထင်မခြားပုံရိပ်ကလေးတွေနှင့်အတူ မျော်လင့်ချက်ကလေးတွေတော့ ပေးသွားပါတယ်။

Xiaomi ချစ်သူတွေအတွက်ကတော့ တစုံတစ်ခုသော စောင့်စားနေရတဲ့အရာတစ်ခုဟာကျွနု်ပ်တို့ဆီကို မကြာခင်ပျံဝဲလို့လာတော့မှာဖြစ်ပါတယ်။ဝါးလေယာဥ်ကလေးများ ဖြစ်နေမလားပေါ့ဗျာ။ 😋 တရုတ်မှာတော့ ဒီပစ္စည်းကလေးဟာ အတောင်ပံလေးတွေပါပြီး အစောဆုံး ပျံသန်းနိုင်တဲ့ တုတ်ချောင်းကလေးတစ်ချောင်း နောက်ပြီး လက်ထဲမှာလည်နေပြီး လွှတ်လိုက်တဲ့အခါ လေထဲကို လှလှပပ ပျံတက်သွားမည့် ကစားစရာလေးများ လား . . .?




၂၀၁၆ ဟာဆိုရင် တရုတ် ကုမ္ပဏီတွေအတွက် အတော့်ကို အလုပ်များတဲ့ နှစ်ပဲဗျ။ ပထမဦးဆုံးအနေနှင့်ပေါ့ဗျာ Xiaomi ဟာဆိုရင် သူ့ရဲ့ Mi 5 ကို တရုတ်နိုင်ငံရဲ့ ပြင်ပ ဘာစီလိုနာ မှာ ဖေဖော်ဝါရီလက မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ဒါထက်ကို ပြီးခဲ့တဲ့ Google’s I/O မှာလည်း Xiaomi က Google ရဲ့ Daydream VR နည်းပညာကို ထောက်ပံ့ထားတဲ့  Android TV Box ကိုလည်း မိတ်ဆက်ပြသခဲ့ပါသေးတယ်။

Ref: 9to5google
Read More
  • Share This:  
  •  Facebook
  •  Twitter
  •  Google+
  •  Stumble
  •  Digg
Newer Posts Older Posts Home

Translate To Your Own Language

Popular Posts

  • Outlast 2 ကိုကစားမယ်ဆိုရင် မသိမဖြစ်တဲ့အချက် ၇ ချက် ( Uni and Zawgyi )
    Outlast ဂိမ်းဟာ ကစားသူတိုင်းအတွက် ဘယ်လောက်တောင် မျှော်လင့်ချက်မဲ့ပြီး သွေးပျက်ထိတ်လန့်ဖွယ်ကောင်းလည်းဆိုတာ အားလုံးနဲ့အထူးတလည်ပ...
  • တကြော့ပြန် Nokia
    ပိုင်ရှင်အသစ်နှင့်အတူ Nokia ဟာ အခုဆိုရင် ပထမဦးဆုံး Android Smart Phone အသစ်တစ်လုံးကို စတင် မိတ်ဆက်လိုက်ပြီဖြစ်ပါယ်။ Nokia ကို Micros...
  • MPT CO-Branded Device M50 နှင့် ခဏတာ Review
    Good - ဖုန်းရဲ့တည်ဆောက်ပုံနှင့် ဒီဇိုင်းအသွင်အပြင်ဟာဆိုရင် လေးထောင့်ကျကျနှင့် Smart ဖြစ်ပါတယ်။ လက်ထဲမှာကိုင်ရတာလည်း အဆင်ပြေပြီး သုံး...
  • 2018 မှာထွက်ရှိလာမယ်လို့ မျှော်လင့်ရတဲ့ Darksiders 3
    Darksiders 1 ရဲ့ဗားရှင်းအသစ်ဖြစ်တဲ့ Darksiders: Warmastered Edition ကို လတ်တလောကမှ PC, PS4 နဲ့ Xbox One အစရှိတဲ့ platform အသီးသီ...
  • ဖုန်းမှန်ဟာ တော်ရုံ မကွဲတဲ့အပြင်၊ ကွဲခဲ့ရင်တောင် သူ့အလိုလို ပြန်ပြင်မယ်ဆိုတဲ့ Motorola
    Motorola ဖုန်းကုမ္ပဏီဟာ ထုတ်လုပ်တဲ့ ဖုန်းတွေရဲ့ မှန်တွေကို တော်ရုံတန်ရုံ မကွဲဘူးဆိုတာလောက်နှင့် မဟုတ်ပဲ ကွဲသွားရင်တောင် သူ့အလိုလို ပ...

About Me

Paw Oo
View my complete profile

Categories

Accessories (1) Acer (1) Alphabet (2) Android (8) Apple (34) Article (3) Comparing (1) Danger (1) Drone (3) Event (1) Facebook (4) Gaming Laptop (3) Get Chance (2) GoPro (1) Google (5) Google Maps (1) How To (1) Knowledge (1) Laptop (4) Mac (8) MacBook (5) MacBook Pro (1) Market (1) Mi Notebook (1) Microsoft (8) Microsoft Surface Studio (1) Mobile Devices (2) Musics (1) Note Series (1) Photography (1) Polls (1) Razer Blade (1) Review (2) Rumours & Leaks (2) Samsung (5) Technology (8) Telenor (1) Windows 10 (3) Windows 7 (1) Windows 8 (1) Workplace (1) Xiaomi (2) iOS App (3) smartphones (2)

Blog Archive

  • ►  2018 (1)
    • ►  August (1)
  • ►  2017 (35)
    • ►  November (1)
    • ►  October (1)
    • ►  September (1)
    • ►  August (3)
    • ►  July (8)
    • ►  June (10)
    • ►  May (3)
    • ►  April (3)
    • ►  March (3)
    • ►  January (2)
  • ▼  2016 (48)
    • ►  November (2)
    • ►  October (5)
    • ►  September (13)
    • ►  August (10)
    • ►  July (3)
    • ►  June (4)
    • ▼  May (2)
      • Mac OS X 10.12 မှာ မျှော်လင့်ထားတဲ့ Unlocking Feature
      • Quad-Copter ဈေးကွက်ထဲသို့ Xiaomi ရဲ့ ပထမဦးဆုံးခြေ...
    • ►  March (4)
    • ►  January (5)
  • ►  2015 (24)
    • ►  December (3)
    • ►  November (11)
    • ►  October (9)
    • ►  September (1)

Tech Pops

Copyright © Tech Pop | Powered by Blogger
Design by Hardeep Asrani | Blogger Theme by NewBloggerThemes.com | Distributed By blogger Templates