Professional Pilots တွေမလိုအပ်ပဲ အလွယ်တကူ မောင်းနှင်ထိန်းချုပ်နိုင်မယ့်အပြင် အလွယ်တကူလည်း ခေါက်သိမ်းပြီးသယ်ဆောင်နိုင်တဲ့ Mavic Pro Drone ကို မိတ်ဆက်ခဲ့ပြီးနောက်ပိုင်း၊ Mavic Pro Series သစ် တစ်ခုကို ထပ်မံမိတ်ဆက်ခဲ့ပြန်တဲ့ DJI
Arial Photography တွေလည်း အများကြီးခေတ်စားလာတဲ့ အချိန်မှာ အလွယ်တကူ ထိန်းချုပ်မောင်းနှင်နိုင်မယ့် Drones တွေရဲ့လိုအပ်ချက်ကလည်း များပြားလာပါတယ်။ DJI ကနေထပ်မံမိတ်ဆက်လိုက်တဲ့ Mavic Pro 2 Drone ရဲ့ အထူးလုပ်ဆောင်ချက်တွေကို ကျွန်တော်တို့ တစ်ချက်လောက် ကြည့်လိုက်ကြရအောင် . . .
Hasselblad L1D-20c Camera ကိုအသုံးပြုထားပြီး 20 MP 1" CMOS Sensor ပါဝင်ပါတယ်။ f/2.8 ကနေ f/11 ထိ ချိန်ညှိနိုင်ပြီး။ 10-bit color profile အပြင် 10-bit HDR Videos တွေကိုပါ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ၈ ကီလိုမိတာ အကွာအဝေးအထိ 1080 Full-HD resolution Video တွေကို တိုက်ရိုက် ကြည့်ရှုပြီး ထိန်းချုပ်မမောင်းနှင်နိုင်မှာဖြစ်ပါတယ်။ ၃၁ မိနစ် အထိ မောင်းနှင်နိုင်ပါတယ်။ Drone ရဲ့ ပတ်ဝန်းကျင်ကို အာရုံခံသိရှိနိုင်တဲ့ နည်းပညာ Omnidirectional Obstacle Sensing ပါဝင်ပြီး DJI Goggles Series 4 နှင့်လည်း တွဲဖတ် အသုံးပြုနိုင်ပါတယ်။ OcuSync 2.0 Digital Video Transmission System ဟာဆိုရင် 2.4 နှင့် 5.8 Ghz ကို အလိုလျောက် ပြောင်းလဲပေးနိုင်ပါတယ်။ တစ်နာရီကို ၇၂ ကီလိုမိတာ အမြန်နှုန်းနှင့် မောင်းနှင်နိုင်မှာဖြစ်ပြီးတော့ DJI ရဲ့ Low-noise flight နည်းပညာကြောင့် ဆူညံသံကိုလည်း လျော့ကျစေပါတယ်။
ဒီထက်ပိုမိုစုံလင်တဲ့ Review ထပ်မံရတဲ့အချိန်ကျရင် လည်း ထပ်မံတင်ဆက်ပေးသွားပါဉီးမယ်။