Tech Pop
  • Home
  • My Facebook
  • Contact Me

Friday, October 6, 2017

Google Pixel 2 ပွဲ မှ အဓိက စိတ်ဝင်စားစရာ ပစ္စည်း ၄ ခု

 Paw Oo     6:01 PM     Google, Google Pixel     No comments   


Hardware အသစ်တွေလည်း အများကြီး မိတ်ဆက် ပြသခဲ့သလို Software နှင့်ပတ်သက်တဲ့ အသစ်အဆန်းတွေကိုလည်း အများကြီး တွေ့ခဲ့ရတဲ့ Google Pixel ပွဲလေးဟာဆိုရင် အတော့်ကို စိတ်ဝင်စားစရာကောင်းပြီး အနာဂတ် နည်းပညာ လောက ကို Google က ဘယ်လို လက်ဝါးကြီးအုပ်ထားနိုင်ဦးမလည်း ဆိုတာကို တွေ့ခဲ့ရပါတယ်။ တခြား Ai တွေနှင့် ယှဥ်ရင် အများကြီး ပို ဉာဏ်ရည်ကောင်းလှတဲ့ Google AI ဟာ အခုဆိုရင် ကျနော်တို့လို သာမန်လူတွေအတွက်လည်း အတော့်ကို အသုံးဝင်လာတဲ့ Assistant တစ်ခုလည်း ဖြစ်လာပါတယ်။
ပွဲလေးကို ကြည့်လိုက်ရတဲ့ သူတွေရော မကြည့်လိုက်ရတဲ့သူတွေအတွက်ပါ စိတ်ဝင်စားစရာ ကောင်းတဲ့ ထုတ်ကုန် ၄ ခုကို ကျနော် ပြန်လည်မျှဝေပေးချင်ပါတယ်။

Google Pixel 2 နှင့် Pixel 2 XL


Google Pixel 2 နှင့် Pixel 2 XL ဟာဆိုရင် Snapdragon 835 နှင့် 4 GB RAM ပါဝင်ပြီးတော့ သိုလှောင်သိမ်းဆည်းမှု ပမာဏအနေနှင့် 64GB ရယ် 128GB ရယ်ဆိုပြီးတော့ နှစ်မျိုး ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ ဖုန်း နှစ်လုံးစလုံးမှာ အဓိကအားဖြင့် တူညီတဲ့ ကင်မရာပါဝင်ပြီးတော့ Processor နှင့် တူညီတဲ့ အတွင်းပိုင်း တည်ဆောက်ပစ္စည်းတွေနှင့် တည်ဆောက်ထားပါတယ်။ Autofocus ကို Laser နှင့် ချိန်ညှိနိုင်ပြီးတော့ Dual pixel phase detection အပြင် ထူးခြားတဲ့ စွမ်းဆောင်ရည်တစ်ခုကတော့ ကင်မရာကို လှုပ်ရှားမှုရှိနေချိန်မှာ တည်ငြိမ်မှုရှိတဲ့ Videos တွေကို ကောင်းကောင်းကြီး ရိုက်ကူးနိုင်အောင် Hardware Stabilization နှင့် Software Stabilization နှစ်ခုလုံးကို တစ်ပြိုင်တည်း လုပ်ဆောင်နိုင်တာဖြစ်ပါတယ်။ ဖုန်းနှစ်လုံးစလုံးဟာ USB C ကို အသုံးပြုထားပြီးတော့ wireless Charging တော့ အားသွင်းလို့မရပါဘူး။ ဒါ့အပြင် Google ဟာလည်း Apple နည်းတူ Headphone Jack တွေကိုမလိုတော့ဘူးလို့ ဆုံးဖြတ်ထားပုံရပါတယ်။ ဒီတော့ USB C နှင့် အသုံးပြုနိုင်တဲ့ နားကျပ်တွေထွက်လာဦးမှာပေါ့ဗျာ။

XL က ဆိုဒ်ပိုကြီးတဲ့ ဖုန်းဆိုတော့ ဘတ္ထရီ ကြီးကြီးပါတာပေါ့ဗျာ။ နောက်ပြီးတော့ ပိုမိုကြီးမားတဲ့ Display ဟာ 2880 x 1440 smart OLED ကိုအသုံးပြုတည်ဆောက်ထားပါတယ်။ Pixel ဖုန်းအသေးမှာတော့ ၅ လက်မ မျက်နှာပြင်နှင့် 1920 x 1080 FULL HD OLED ကိုအသုံးပြုထားပါတယ်။ ဒီနှစ် XL ဖုန်းဟာ ပြီးခဲ့တဲ့ နှစ်က ထက်ပိုမိုကြီးမှားပြီးတော့ 5.5 လက်မရှိပါတယ်။ Pixel 2 အသေးကတော့ ပိုမိုပေါ့ပါးပြီးတော့ XL ထက် အတော်လေးလည်း ပါးပါတယ်။ ဝယ်ယူရရှိနိုင်တဲ့ အရောင်တွေအနေနှင့်ကတော့ Kind of blue ( မိုးပြာရောင်ပေါ့ ဒါပေမယ့် နည်းနည်းတော့ အရောင်ပိုနုတယ်ဗျ ) နောက်တစ်ခုက Just Black ဆိုတဲ့ အမည်းရောင် ရယ် လုံးဝ အဖြူရယ်ဆိုပြီးတော့ ထုတ်လုပ်ထားပါတယ်။

​Google Clip


ဒီတစ်ခုကတော့ ရိုးရိုးကင်မရာလေးပါပဲ။ ထူးခြားတာကတော့ Google ရဲ့ ဉာဏ်ရည်မြင့်မားလှတဲ့ AI ကို ထည့်သွင်းတည်ဆောက်ထားတာဖြစ်ပါတယ်။ မိမိလိုချင်တဲ့ နေရာမှာ ကလစ်ကလေး ညှစ်ပြီးတော့ တပ်ဆင်ထားနိုင်ပြီး။ တကယ့် အချိန်ကောင်းတွေကို အမှတ်တရဖြစ်အောင် ရိုက်ကူးပေးနိုင်မယ်လို့ဆိုပါတယ်။ လက်ရှိအချိန်ထိတော့ ဘယ်မှာမှ review မတွေ့ရသေးပဲ။ သူ့ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကိုသာ keynotes တွေ အရ သိရှိရသေးတာဖြစ်ပါတယ်။

ပိုမို ဆန်းသစ်လာတဲ့ Google Home


အခုဆိုရင် Google Home မှာ အမျိုးအစား နှစ်ခုရှိနေပါပြီ။ Home Mini (အသေးစား) နှင့် Max ( အကြီးစား ) နှစ်မျိုးဖြစ်ပါတယ်။ ဒီတော့ မိမိနှစ်သက်ရာ Google Home Devices အရွယ်အစားကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ သေးသေးလေးပဲလား အကြီးကြီး ပေါ့ဗျာ .  . .

Google Pixelbook


ဒေါ်လာ ၉၉၉ နှင့် ဝယ်ယူရရှိနိုင်မယ့် Pixelbook အပြင် အမြင့်ဆုံး ဒေါ်လာ ၁၆၄၉ နှင့် နှစ်ဆ ပါဝင်တဲ့ RAM၊512GB NVMe အပြင် intel core i7 အထိ ဝယ်ယူရရှိနိုင်ပါတယ်။ ၁၂.၃ လက်မ ရှိတဲ့ high-resolution မျက်နှာပြင် နှင့် Google Assistant ပါဝင်တဲ့ ပထမဦးဆုံးသော Laptop တစ်လုံးဖြစ်ပါတယ်။ Backlit Soft touch keys ပါဝင်ပြီး ၁၀ နာရီကြာ အသုံးပြုနိုင်မယ့် Battery ကိုလည်း ထည့်သွင်းတည်ဆောက်ထားပါတယ်။ ပါဝင်တဲ့ Google Assistant ဟာဆိုရင် စာရိုပြီးမေးရင် အသံတိတ်နှင့် ဖြေကြားပေးမှာဖြစ်ပြီး အသံနှင့်ပေးရင်တော့ အသံနှင့်ပါ ပြန်လည် ဖြေကြားပေးနိုင်မယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် Wacom လို Drawing Tablets တွေ ထုတ်လုပ်နေတဲ့ ကုမ္ပဏီနှင့် ပူးပေါင်းထုတ်လုပ်ထားတဲ့ Pixelbook Pen ရဲ့ စွမ်းဆောင်ရည်ဟာလည်း စိတ်ဝင်စားဖွယ် စောင့်ကြည့်ရ မှာပါ။


Read More
  • Share This:  
  •  Facebook
  •  Twitter
  •  Google+
  •  Stumble
  •  Digg
Newer Posts Older Posts Home

Translate To Your Own Language

Popular Posts

  • Outlast 2 ကိုကစားမယ်ဆိုရင် မသိမဖြစ်တဲ့အချက် ၇ ချက် ( Uni and Zawgyi )
    Outlast ဂိမ်းဟာ ကစားသူတိုင်းအတွက် ဘယ်လောက်တောင် မျှော်လင့်ချက်မဲ့ပြီး သွေးပျက်ထိတ်လန့်ဖွယ်ကောင်းလည်းဆိုတာ အားလုံးနဲ့အထူးတလည်ပ...
  • တကြော့ပြန် Nokia
    ပိုင်ရှင်အသစ်နှင့်အတူ Nokia ဟာ အခုဆိုရင် ပထမဦးဆုံး Android Smart Phone အသစ်တစ်လုံးကို စတင် မိတ်ဆက်လိုက်ပြီဖြစ်ပါယ်။ Nokia ကို Micros...
  • MPT CO-Branded Device M50 နှင့် ခဏတာ Review
    Good - ဖုန်းရဲ့တည်ဆောက်ပုံနှင့် ဒီဇိုင်းအသွင်အပြင်ဟာဆိုရင် လေးထောင့်ကျကျနှင့် Smart ဖြစ်ပါတယ်။ လက်ထဲမှာကိုင်ရတာလည်း အဆင်ပြေပြီး သုံး...
  • 2018 မှာထွက်ရှိလာမယ်လို့ မျှော်လင့်ရတဲ့ Darksiders 3
    Darksiders 1 ရဲ့ဗားရှင်းအသစ်ဖြစ်တဲ့ Darksiders: Warmastered Edition ကို လတ်တလောကမှ PC, PS4 နဲ့ Xbox One အစရှိတဲ့ platform အသီးသီ...
  • ဖုန်းမှန်ဟာ တော်ရုံ မကွဲတဲ့အပြင်၊ ကွဲခဲ့ရင်တောင် သူ့အလိုလို ပြန်ပြင်မယ်ဆိုတဲ့ Motorola
    Motorola ဖုန်းကုမ္ပဏီဟာ ထုတ်လုပ်တဲ့ ဖုန်းတွေရဲ့ မှန်တွေကို တော်ရုံတန်ရုံ မကွဲဘူးဆိုတာလောက်နှင့် မဟုတ်ပဲ ကွဲသွားရင်တောင် သူ့အလိုလို ပ...

About Me

Paw Oo
View my complete profile

Categories

Accessories (1) Acer (1) Alphabet (2) Android (8) Apple (34) Article (3) Comparing (1) Danger (1) Drone (3) Event (1) Facebook (4) Gaming Laptop (3) Get Chance (2) GoPro (1) Google (5) Google Maps (1) How To (1) Knowledge (1) Laptop (4) Mac (8) MacBook (5) MacBook Pro (1) Market (1) Mi Notebook (1) Microsoft (8) Microsoft Surface Studio (1) Mobile Devices (2) Musics (1) Note Series (1) Photography (1) Polls (1) Razer Blade (1) Review (2) Rumours & Leaks (2) Samsung (5) Technology (8) Telenor (1) Windows 10 (3) Windows 7 (1) Windows 8 (1) Workplace (1) Xiaomi (2) iOS App (3) smartphones (2)

Blog Archive

  • ►  2018 (1)
    • ►  August (1)
  • ▼  2017 (35)
    • ►  November (1)
    • ▼  October (1)
      • Google Pixel 2 ပွဲ မှ အဓိက စိတ်ဝင်စားစရာ ပစ္စည်း ၄ ခု
    • ►  September (1)
    • ►  August (3)
    • ►  July (8)
    • ►  June (10)
    • ►  May (3)
    • ►  April (3)
    • ►  March (3)
    • ►  January (2)
  • ►  2016 (48)
    • ►  November (2)
    • ►  October (5)
    • ►  September (13)
    • ►  August (10)
    • ►  July (3)
    • ►  June (4)
    • ►  May (2)
    • ►  March (4)
    • ►  January (5)
  • ►  2015 (24)
    • ►  December (3)
    • ►  November (11)
    • ►  October (9)
    • ►  September (1)

Tech Pops

Copyright © Tech Pop | Powered by Blogger
Design by Hardeep Asrani | Blogger Theme by NewBloggerThemes.com | Distributed By blogger Templates