Tech Pop
  • Home
  • My Facebook
  • Contact Me

Sunday, September 10, 2017

Xiaomi Mi A1 Pure Google Android (Android One Series) ဖုန်းလေးကို တစ်ချက်ကြည့်အောင်

 Paw Oo     11:23 AM     No comments   



အားလုံးခြုံပြီးပြောရရင်
Mi A1 ရဲ့ Android ဟာ Original Google Android OS ကိုပဲ နဂိုအတိုင်း အသုံးပြုထားတာဖြစ်ပါတယ်။ နောက်ပြီး အသေအချာ စိစစ်တည်ဆောက်ထားတဲ့ Hardware ပိုင်းဟာလည်း အသုံးပြုထားတဲ့ OS နှင့် လိုက်လျောညီထွေစွာ လျင်လျင်မြန်မြန် အသုံးပြုနိုင်အောင် စွမ်းဆောင်ပေးပါတယ်။ ဒါအပြင် အခုနောက်ပိုင်းခေတ်စားနေတဲ့ Dual Camera ကို အသုံးပြုထားတဲ့အပြင် ကိုယ်ထည်တစ်ခုလုံးဟာလည်း Premium ကျပြီး ဈေးနှုန်းနှင့် ယှဉ်မယ်ဆိုရင် အတော်လေး ကိုင်လို့ကောင်းတဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။

( အသေးစိတ်ကို အောက်မှာ ရေးပေးထားပါတယ် )

ကောင်းကွက်တွေအနေနှင့်က
Dual Camera ဟာ အတော်လေး စွမ်းဆောင်ရည်ကောင်းမွန်တာကိုတွေ့ရပါတယ်။ နောက်ပြီး Google ရဲ့ Pure Android OS ကြောင့် အခြား Android ဖုန်းတွေနှင့်ယှဉ်မယ်ဆိုရင် ကိုယ်က အမြဲတမ်း Update တွေကို အရင်ဆုံးရနိုင်ပါတယ်။ နောက်ပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ Hardware တွေနှင့် တည်ဆောက်ထားတဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။

နည်းနည်းလေး ပြောစရာရှိတာကတော့
Battery ဟာ အရယ်အစားတူ Redmi Note 4 နှင့်ယှဉ်ရင် အနည်းငယ်သေးတဲ့အတွက်။ တစ်ခု အားသွင်းထားရင် ဘယ်လောက်အထိ အသုံးခံနိုင်မလည်းဆိုတာကတော့ စဉ်စားစရာဖြစ်ပါတယ်။

အသေးစိတ် ပြောချင်တာက -
ဘယ်အချိန် ဘယ်နေရာမှာ ဘယ်သူပဲမေးမေး ဈေးသက်သာပြီး အလည်လတ်တန်းဝင် ဖုန်းကောင်းကောင်းတစ်လုံးကိုင်ချင်တယ်ဆိုရင်တော့ အခုလိုချိန်မှာ အားလုံးဖြေကြမှာက တရုတ်နိုင်ငံရဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Xiaomi ဖုန်းတွေကိုပဲ ညွှန်းကြမှာပါ။

ဆိုတော့ အခုလည်း Xiaomi က Google နှင့်ပူးပေါင်းပြီးတော့ Budgets တန်းဝင်ဖြစ်တဲ့ Android One Series ဝင် Xiaomi Mi A1 ဖုန်းတစ်လုံးကို ထပ်မံမိတ်ဆက်ခဲ့ပြန်ပါပြီ။



PLATFORMOSAndroid 7.1.2 (Nougat), planned upgrade to Android 8.0 (Oreo)
ChipsetQualcomm MSM8953 Snapdragon 625
CPUOcta-core 2.0 GHz Cortex-A53
GPUAdreno 506
MEMORYCard slotmicroSD, up to 128 GB (uses SIM 2 slot)
Internal64 GB, 4 GB RAM
CAMERAPrimaryDual 12 MP (26mm, f/2.2; 50mm, f/2.6), phase detection autofocus, 2x optical zoom, dual-LED (dual tone) flash

လက်ရှိ Android Version 7.1.2 (Nougat) ကို အသုံးပြုထားပြီးတော့ မကြာမီ Android Version 8.0 (Oreo) ကို အဆင့်မြှင့်တင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Octa-core 2.0 GHz ဆိုတဲ့ CPU ဟာ တကယ့် Premium ဖုန်းတစ်လုံးလို စွမ်းဆောင်ရည်အပြည့်အဝ ပေးမယ့်အပြင် ဂိမ်းကစားဖို့နှင့် ရုပ်ထွက် ကောင်းကောင်းတွေရအောင်လည်း Andreno 506 GPU က ထောက်ပံ့ပေးပါလိမ့်မယ်။ နောက်ပြီးတော့ မိမိဖုန်းထဲက Storage သိမ်းဆည်းရာမှာလည်း SD Card ကို 128 GB အထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Dual Camera နှစ်လုံးကြောင့် iPhone 7+ ရဲ့ Protrait Mode လို ပုံကောင်းကောင်းလှလှတွေရိုက်ယူနိုင်မှာဖြစ်ပြီးတော့ အရည်အသွေး 2K (2160p) ရှိ ရုပ်ရှင်ဗွီဒီယိုအထိ 30 FPS နှင့် ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် ဖုန်းအတွင်း ပြန်လည်ကြည့်ရှုမယ်ဆိုရင်တော့ 5.5 inch 1080p သာရှိတဲ့ LCD ကြောင့် 2K အပြည်အဝကိုတော့ ခံစားနိုင်မှာမဟုတ်ပါဘူး။



အိမ်မှာရှိတဲ့ တီဗွီတွေ၊ ရေခဲသေတ္တာတွေအပြင် အခြား Remote Control နှင့် ထိန်းချုပ်လို့ရတဲ့ အရာမှန်သမျှကို ဖုန်းနှင့် ထိန်းချုပ်နိုင်ရန်အတွက် IR လည်း ပါရှိပါတယ်။ အားသွင်းဖို့အတွက်နှင့် ဒေတာ အကူးအပြောင်းလျင်မြန်ဖို့အတွက် USB Type C ကို အသုံးပြုထားပါတယ်။

လုံခြုံမှုအတွက်ကတော့ ဖုန်းရဲ့ ကျောဘက်မှာ Fingerprint ပါတယ်။ 4 GB RAM ကြောင့် 25 Apps အထိကို ပုံမှန်အတိုင်း လျင်လျင်မြန်မြန် Multitasking လုပ်နိုင်တာကိုလည်းတွေ့ရပါတယ်။ အထူးသဖြင့် ယခင် Redmi Note 4 တွေမှာ တစ်ခါတစ်လေ ကြုံတွေ့ရလေ့ရှိတဲ့ App Freezing ပြဿနာကို A1 မှာတော့ ဖြေရှင်းထားပုံရပါတယ်။

Battery အနေနှင့်ကတော့ 3080 mAh ပါဝင်ပြီးတော့ အားတစ်ခါသွင်းထားရင် up to 15-18 အထိ ခံပြီးတော့။ သာမန် နေ့စဉ်သုံးဆိုရင်တော့ တစ်ရက်လုံး ခံနိုင်ပါလိမ့်မယ်။ နောက်ပြီးတော့ Quick Charging ကြောင့်လည်း ဖုန်းအားသွင်းတာကို အကြာကြီးစောင့် သွင်းနေစရာမလိုတော့ဘူးပေါ့ဗျာ။

ဒီဖုန်းနှင့်ပတ်သတ်ပြီး အမြင်လေးတွေကိုလည်း အောက်မှာ ပေးသွားလို့ရပါတယ်။ အားလုံးပဲ ကောင်းမွန်သော နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ပါစေ။
Read More
  • Share This:  
  •  Facebook
  •  Twitter
  •  Google+
  •  Stumble
  •  Digg
Newer Posts Older Posts Home

Translate To Your Own Language

Popular Posts

  • Outlast 2 ကိုကစားမယ်ဆိုရင် မသိမဖြစ်တဲ့အချက် ၇ ချက် ( Uni and Zawgyi )
    Outlast ဂိမ်းဟာ ကစားသူတိုင်းအတွက် ဘယ်လောက်တောင် မျှော်လင့်ချက်မဲ့ပြီး သွေးပျက်ထိတ်လန့်ဖွယ်ကောင်းလည်းဆိုတာ အားလုံးနဲ့အထူးတလည်ပ...
  • တကြော့ပြန် Nokia
    ပိုင်ရှင်အသစ်နှင့်အတူ Nokia ဟာ အခုဆိုရင် ပထမဦးဆုံး Android Smart Phone အသစ်တစ်လုံးကို စတင် မိတ်ဆက်လိုက်ပြီဖြစ်ပါယ်။ Nokia ကို Micros...
  • MPT CO-Branded Device M50 နှင့် ခဏတာ Review
    Good - ဖုန်းရဲ့တည်ဆောက်ပုံနှင့် ဒီဇိုင်းအသွင်အပြင်ဟာဆိုရင် လေးထောင့်ကျကျနှင့် Smart ဖြစ်ပါတယ်။ လက်ထဲမှာကိုင်ရတာလည်း အဆင်ပြေပြီး သုံး...
  • 2018 မှာထွက်ရှိလာမယ်လို့ မျှော်လင့်ရတဲ့ Darksiders 3
    Darksiders 1 ရဲ့ဗားရှင်းအသစ်ဖြစ်တဲ့ Darksiders: Warmastered Edition ကို လတ်တလောကမှ PC, PS4 နဲ့ Xbox One အစရှိတဲ့ platform အသီးသီ...
  • ဖုန်းမှန်ဟာ တော်ရုံ မကွဲတဲ့အပြင်၊ ကွဲခဲ့ရင်တောင် သူ့အလိုလို ပြန်ပြင်မယ်ဆိုတဲ့ Motorola
    Motorola ဖုန်းကုမ္ပဏီဟာ ထုတ်လုပ်တဲ့ ဖုန်းတွေရဲ့ မှန်တွေကို တော်ရုံတန်ရုံ မကွဲဘူးဆိုတာလောက်နှင့် မဟုတ်ပဲ ကွဲသွားရင်တောင် သူ့အလိုလို ပ...

About Me

Paw Oo
View my complete profile

Categories

Accessories (1) Acer (1) Alphabet (2) Android (8) Apple (34) Article (3) Comparing (1) Danger (1) Drone (3) Event (1) Facebook (4) Gaming Laptop (3) Get Chance (2) GoPro (1) Google (5) Google Maps (1) How To (1) Knowledge (1) Laptop (4) Mac (8) MacBook (5) MacBook Pro (1) Market (1) Mi Notebook (1) Microsoft (8) Microsoft Surface Studio (1) Mobile Devices (2) Musics (1) Note Series (1) Photography (1) Polls (1) Razer Blade (1) Review (2) Rumours & Leaks (2) Samsung (5) Technology (8) Telenor (1) Windows 10 (3) Windows 7 (1) Windows 8 (1) Workplace (1) Xiaomi (2) iOS App (3) smartphones (2)

Blog Archive

  • ►  2018 (1)
    • ►  August (1)
  • ▼  2017 (35)
    • ►  November (1)
    • ►  October (1)
    • ▼  September (1)
      • Xiaomi Mi A1 Pure Google Android (Android One Seri...
    • ►  August (3)
    • ►  July (8)
    • ►  June (10)
    • ►  May (3)
    • ►  April (3)
    • ►  March (3)
    • ►  January (2)
  • ►  2016 (48)
    • ►  November (2)
    • ►  October (5)
    • ►  September (13)
    • ►  August (10)
    • ►  July (3)
    • ►  June (4)
    • ►  May (2)
    • ►  March (4)
    • ►  January (5)
  • ►  2015 (24)
    • ►  December (3)
    • ►  November (11)
    • ►  October (9)
    • ►  September (1)

Tech Pops

Copyright © Tech Pop | Powered by Blogger
Design by Hardeep Asrani | Blogger Theme by NewBloggerThemes.com | Distributed By blogger Templates