PlayerUnknown's Battleground ( PUBG ) ဟာဆိုရင် ၂၀၁၇ ခုနှစ် March ကနေ စတင်ပြီးတော့ Steam ပေါ်မှာ ဝယ်ယူကစားနိုင်တဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ Online ပေါ်မှာ သူငယ်ချင်း အပေါင်းအသင်း အများနှင့် ကစားရတဲ့ Multiplayer Online Game အမျိုးအစားဖြစ်ပြီးတော့ လက်ရှိမှာဆိုရင် လူကြိုက်အများဆုံး Action Game နှင့် Battle Royale အမျိုးအစားလည်းဖြစ်ပါတယ်။ Developer Bluehole မှ ကိုယ်တိုင် ထုတ်လုပ်ဖြန့်ချိတဲ့ ဂိမ်းတစ်ခုလည်းဖြစ်ပါတယ်။
စထွက်ချိန်မှ အခုချိန်ထိ တစ်ရိတ်ရိတ် တက်နေတဲ့ Gamer တွေကြောင့် အခုဆိုရင် Microsoft ရဲ့ Xbox One မှာပါ ကစားနိုင်နေပြီဖြစ်ပါတယ်။
PUBG ရဲ့ ဂိမ်းကစားပုံဟာ နောက်ဆုံး တစ်ယောက်ပဲ အသက်ရှင် ကျန်တဲ့အထိ တစ်ယောက်နှင့် တစ်ယောက် ပစ်ခတ်ကစားရတာဖြစ်ပါတယ်။ ကစားသူဟာ တစ်ယောက်တည်း (solo) ပဲဖြစ်ဖြစ်၊ (အဖွဲ့တစ်ခုအနေနှင့် လေးယောက်အထိ ) သူငယ်ချင်း အစုအဖွဲနှင့်ပဲဖြစ်ဖြစ် ပွဲတစ်ခုကို ဝင်ရောက် ကစားနိုင်ပါတယ်။
ပွဲတိုင်းရဲ့အစမှာ ကစားသမားတွေဟာ လေယာဥ်ပေါ်ကနေပြီးတော့ ၅ မိုင်ပတ်လည်ရှိတဲ့ ရေလည်ကျွန်းတွေပေါ်မှာ မိမိနှစ်သက်ရာ နေရာကို လေထီး ခုန်ချနိုင်ပါတယ်။ ကစားသမားအားလုံးဟာ အစပိုင်းမှာ ဘာလက်နက်မှ မရှိသလို ဘာအသုံးအဆောင်ပစ္စည်းမှလည်း မပါ ရှိပါဘူး။ လေယာဥ်ရဲ့ ပျံသန်းပုံ လမ်းကြောင်းဟာလည်း တစ်ပွဲနှင့် မတူညီပဲ ကျပန်းဖြစ်ပါတယ်။ မြေပြင်ကို ဆင်းသက်ရောက်ရှိပြီဆိုရင်တော့ လက်နက်တွေနှင့် ကားတွေ၊ ဆိုင်ကယ်တွေကို မိမိစိတ်ကြိုက် ရှာဖွေအသုံးပြုနိုင်ပါတယ်။
လက်နက် ရှာဖွေတဲ့ နေရာမှာ အသုံးအဆောင် ရှာဖွေတဲ့နေရာမှာတော့ အကောင်းဆုံးဆိုတာတွေကိုပဲ ရရှိနိုင်ဖို့ဆိုတာကလည်း ကိုယ့်ရဲ့ ကံနှင့် ကျွမ်းကျင်မှုအပေါ်မှာ မူတည်နေပါတယ်။
အထူးသဖြင့် အချိန်နှင့် အမျှ ကစားသမား အရေအတွက်နှင့် အချိန်အကန့်အသတ်ပေါ်မူတည်ပြီးတော့ တစ်ဖြည်းဖြည်းကျဥ်းမြောင်းလာတဲ့ စစ်မြေပြင် (Battleground ) ဟာ ကစားသမားတွေအတွက်တော့ တကယ့်ကိူ လူသတ်ကွင်းကြီးတစ်ခုလိုပါပဲ။ Third Person Shooter ရော First Person Shooter Mode နှစ်မျိုးကစားနိုင်တဲ့အတွက်လည်း Gamer တွေကြား အကြိုက်တွေ့လှပါတယ်။ အခုဆိုရင် Dota 2 လို အချိန်တိုင်း ဘုရင်ဖြစ်နေတဲ့ ဂိမ်းကိုတောင် ကျော်ဖြတ်ပြီး ကစားသူအများဆုံးအဖြစ် ရပ်တည်နိုင်ခဲ့ပါပြီ။ ကစားချိန်ကြာမြင့်လာလေလေ အရှိန်တက်လာပြီးတော့ မိမိရဲ့ ကျွမ်းကျင် ပိုင်နိုင်မှုတွေကို ကိုယ့်အသက်ရှင်သန်ဖို့အတွက် ဘယ်လိုတွေ အသုံးချရမလည်းဆိုတာကတော့ သင့်အပေါ်မှာ မူတည်နေပါတယ်။
လက်ရှိအချိန် Steam မှာ ဂိမ်းကို ဝယ်ယူကစားမယ်ဆိုရင်တော့ $29 နှင့် ဝယ်ယူ ဆော့ကစားနိုင်မှာဖြစ်ပါတယ်။