Tech Pop
  • Home
  • My Facebook
  • Contact Me

Saturday, August 25, 2018

DJI Mavic 2 Pro

 Paw Oo     2:00 PM     Drone     No comments   


Professional Pilots တွေမလိုအပ်ပဲ အလွယ်တကူ မောင်းနှင်ထိန်းချုပ်နိုင်မယ့်အပြင် အလွယ်တကူလည်း ခေါက်သိမ်းပြီးသယ်ဆောင်နိုင်တဲ့  Mavic Pro Drone ကို မိတ်ဆက်ခဲ့ပြီးနောက်ပိုင်း၊ Mavic Pro Series သစ် တစ်ခုကို ထပ်မံမိတ်ဆက်ခဲ့ပြန်တဲ့ DJI
Arial Photography တွေလည်း အများကြီးခေတ်စားလာတဲ့ အချိန်မှာ အလွယ်တကူ ထိန်းချုပ်မောင်းနှင်နိုင်မယ့် Drones တွေရဲ့လိုအပ်ချက်ကလည်း များပြားလာပါတယ်။ DJI ကနေထပ်မံမိတ်ဆက်လိုက်တဲ့ Mavic Pro 2 Drone ရဲ့ အထူးလုပ်ဆောင်ချက်တွေကို ကျွန်တော်တို့ တစ်ချက်လောက် ကြည့်လိုက်ကြရအောင် . . .



Hasselblad L1D-20c Camera ကိုအသုံးပြုထားပြီး 20 MP 1" CMOS Sensor ပါဝင်ပါတယ်။ f/2.8 ကနေ f/11 ထိ ချိန်ညှိနိုင်ပြီး။ 10-bit color profile အပြင် 10-bit HDR Videos တွေကိုပါ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ၈ ကီလိုမိတာ အကွာအဝေးအထိ 1080 Full-HD resolution Video တွေကို တိုက်ရိုက် ကြည့်ရှုပြီး ထိန်းချုပ်မ‌မောင်းနှင်နိုင်မှာဖြစ်ပါတယ်။ ၃၁ မိနစ် အထိ မောင်းနှင်နိုင်ပါတယ်။ Drone ရဲ့ ပတ်ဝန်းကျင်ကို အာရုံခံသိရှိနိုင်တဲ့ နည်းပညာ Omnidirectional Obstacle Sensing ပါဝင်ပြီး DJI Goggles Series 4 နှင့်လည်း တွဲဖတ် အသုံးပြုနိုင်ပါတယ်။ OcuSync 2.0 Digital Video Transmission System ဟာဆိုရင် 2.4 နှင့် 5.8 Ghz ကို အလိုလျောက် ပြောင်းလဲပေးနိုင်ပါတယ်။ တစ်နာရီကို ၇၂ ကီလိုမိတာ အမြန်နှုန်းနှင့် မောင်းနှင်နိုင်မှာဖြစ်ပြီးတော့ DJI ရဲ့ Low-noise flight နည်းပညာကြောင့် ဆူညံသံကိုလည်း လျော့ကျစေပါတယ်။

ဒီထက်ပိုမိုစုံလင်တဲ့ Review ထပ်မံရတဲ့အချိန်ကျရင် လည်း ထပ်မံတင်ဆက်ပေးသွားပါဉီးမယ်။
Read More
  • Share This:  
  •  Facebook
  •  Twitter
  •  Google+
  •  Stumble
  •  Digg

Saturday, November 11, 2017

ကျွန်တော်အကြိုက်ဆုံး မိုဘိုင်ပး ဟေဠိ ဂိမ်းတွေထဲက တစ်ခု ( Monument Valley )

 Paw Oo     10:14 AM     Games     No comments   


၁၅ သန်းကျော် ဒေါင်းလုပ်ပြုလုပ် ကစားခဲ့ကြပြီးတော့ မိုဘိုင်း Puzzle Games တွေထဲမှာ တကယ့်ကို ထူးခြားပြောင်မြောက်လှတဲ့ Game Design တည်ဆောက်ပုံတွေဟာ Monument Valley ကို ထိပ်ဆုံးကို ရောက်စေခဲ့ပါတယ်။


နောက်ပိုင်းမှာတော့ Game ထုပ်လုပ်တဲ့ Ustwo Games ကုမ္ပဏီဟာ အပိုင်းဆက်တွေဆက်ထုတ်လုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ အခုဆိုရင်တော့ Monument Valley 2 ဆိုပြီးတော့ Apple WWDC 17 မှာ တရားဝင်ထပ်မံကြေငြာခဲ့ပါပြီ။ ဒေါင်းလုပ် ပြုလုပ်ကစားနိုင်သွားတာဖြစ်တဲ့အတွက် ယခင် Monument Valley ထက် ၂ ဆနီးပါး ပိုပြီး အောင်မြင်ခဲ့ပါတယ်။



မဖြစ်နိုင်တဲ့ Architecture ပုံစံ တွေနှင့် အမြင်တွေကို မျိုးစုံလှည့်စားထားပါတယ်။ မျက်စိ ပသာဒလည်းရှိလှတဲ့ အရောင်ဆန်းတွေနှင့်အတူ ဖမ်းစားထားတဲ့ အခါမှာတော့ သင်ဟာ တစ်ခန်းပြီးတစ်ခန်း ဘယ်လို ကျော်ဖြတ်ပြီး Challenge တွေကို ရင်ဆိုင်ရမလည်းဆိုတာဟာလည်း အရမ်းကို စိတ်ဝင်စားဖို့ကောင်းလှပါတယ်။ တစ်ခါတစ်လေမှာ မျက်စိနှင့် မြင်နေရတိုင်း ကိုယ့်စိတ်အထင်နှင့်က တခြားစီဖြစ်နေတာကိုလည်း ဂိမ်းထဲမှာ တွေ့မြင်ရမှာပါ။

Monument Valley : https://itunes.apple.com/us/app/monument-valley/id728293409?mt=8

Monument Valley 2 : https://itunes.apple.com/us/app/monument-valley-2/id1187265767?mt=8
Read More
  • Share This:  
  •  Facebook
  •  Twitter
  •  Google+
  •  Stumble
  •  Digg

Friday, October 6, 2017

Google Pixel 2 ပွဲ မှ အဓိက စိတ်ဝင်စားစရာ ပစ္စည်း ၄ ခု

 Paw Oo     6:01 PM     Google, Google Pixel     No comments   


Hardware အသစ်တွေလည်း အများကြီး မိတ်ဆက် ပြသခဲ့သလို Software နှင့်ပတ်သက်တဲ့ အသစ်အဆန်းတွေကိုလည်း အများကြီး တွေ့ခဲ့ရတဲ့ Google Pixel ပွဲလေးဟာဆိုရင် အတော့်ကို စိတ်ဝင်စားစရာကောင်းပြီး အနာဂတ် နည်းပညာ လောက ကို Google က ဘယ်လို လက်ဝါးကြီးအုပ်ထားနိုင်ဦးမလည်း ဆိုတာကို တွေ့ခဲ့ရပါတယ်။ တခြား Ai တွေနှင့် ယှဥ်ရင် အများကြီး ပို ဉာဏ်ရည်ကောင်းလှတဲ့ Google AI ဟာ အခုဆိုရင် ကျနော်တို့လို သာမန်လူတွေအတွက်လည်း အတော့်ကို အသုံးဝင်လာတဲ့ Assistant တစ်ခုလည်း ဖြစ်လာပါတယ်။
ပွဲလေးကို ကြည့်လိုက်ရတဲ့ သူတွေရော မကြည့်လိုက်ရတဲ့သူတွေအတွက်ပါ စိတ်ဝင်စားစရာ ကောင်းတဲ့ ထုတ်ကုန် ၄ ခုကို ကျနော် ပြန်လည်မျှဝေပေးချင်ပါတယ်။

Google Pixel 2 နှင့် Pixel 2 XL


Google Pixel 2 နှင့် Pixel 2 XL ဟာဆိုရင် Snapdragon 835 နှင့် 4 GB RAM ပါဝင်ပြီးတော့ သိုလှောင်သိမ်းဆည်းမှု ပမာဏအနေနှင့် 64GB ရယ် 128GB ရယ်ဆိုပြီးတော့ နှစ်မျိုး ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ ဖုန်း နှစ်လုံးစလုံးမှာ အဓိကအားဖြင့် တူညီတဲ့ ကင်မရာပါဝင်ပြီးတော့ Processor နှင့် တူညီတဲ့ အတွင်းပိုင်း တည်ဆောက်ပစ္စည်းတွေနှင့် တည်ဆောက်ထားပါတယ်။ Autofocus ကို Laser နှင့် ချိန်ညှိနိုင်ပြီးတော့ Dual pixel phase detection အပြင် ထူးခြားတဲ့ စွမ်းဆောင်ရည်တစ်ခုကတော့ ကင်မရာကို လှုပ်ရှားမှုရှိနေချိန်မှာ တည်ငြိမ်မှုရှိတဲ့ Videos တွေကို ကောင်းကောင်းကြီး ရိုက်ကူးနိုင်အောင် Hardware Stabilization နှင့် Software Stabilization နှစ်ခုလုံးကို တစ်ပြိုင်တည်း လုပ်ဆောင်နိုင်တာဖြစ်ပါတယ်။ ဖုန်းနှစ်လုံးစလုံးဟာ USB C ကို အသုံးပြုထားပြီးတော့ wireless Charging တော့ အားသွင်းလို့မရပါဘူး။ ဒါ့အပြင် Google ဟာလည်း Apple နည်းတူ Headphone Jack တွေကိုမလိုတော့ဘူးလို့ ဆုံးဖြတ်ထားပုံရပါတယ်။ ဒီတော့ USB C နှင့် အသုံးပြုနိုင်တဲ့ နားကျပ်တွေထွက်လာဦးမှာပေါ့ဗျာ။

XL က ဆိုဒ်ပိုကြီးတဲ့ ဖုန်းဆိုတော့ ဘတ္ထရီ ကြီးကြီးပါတာပေါ့ဗျာ။ နောက်ပြီးတော့ ပိုမိုကြီးမားတဲ့ Display ဟာ 2880 x 1440 smart OLED ကိုအသုံးပြုတည်ဆောက်ထားပါတယ်။ Pixel ဖုန်းအသေးမှာတော့ ၅ လက်မ မျက်နှာပြင်နှင့် 1920 x 1080 FULL HD OLED ကိုအသုံးပြုထားပါတယ်။ ဒီနှစ် XL ဖုန်းဟာ ပြီးခဲ့တဲ့ နှစ်က ထက်ပိုမိုကြီးမှားပြီးတော့ 5.5 လက်မရှိပါတယ်။ Pixel 2 အသေးကတော့ ပိုမိုပေါ့ပါးပြီးတော့ XL ထက် အတော်လေးလည်း ပါးပါတယ်။ ဝယ်ယူရရှိနိုင်တဲ့ အရောင်တွေအနေနှင့်ကတော့ Kind of blue ( မိုးပြာရောင်ပေါ့ ဒါပေမယ့် နည်းနည်းတော့ အရောင်ပိုနုတယ်ဗျ ) နောက်တစ်ခုက Just Black ဆိုတဲ့ အမည်းရောင် ရယ် လုံးဝ အဖြူရယ်ဆိုပြီးတော့ ထုတ်လုပ်ထားပါတယ်။

​Google Clip


ဒီတစ်ခုကတော့ ရိုးရိုးကင်မရာလေးပါပဲ။ ထူးခြားတာကတော့ Google ရဲ့ ဉာဏ်ရည်မြင့်မားလှတဲ့ AI ကို ထည့်သွင်းတည်ဆောက်ထားတာဖြစ်ပါတယ်။ မိမိလိုချင်တဲ့ နေရာမှာ ကလစ်ကလေး ညှစ်ပြီးတော့ တပ်ဆင်ထားနိုင်ပြီး။ တကယ့် အချိန်ကောင်းတွေကို အမှတ်တရဖြစ်အောင် ရိုက်ကူးပေးနိုင်မယ်လို့ဆိုပါတယ်။ လက်ရှိအချိန်ထိတော့ ဘယ်မှာမှ review မတွေ့ရသေးပဲ။ သူ့ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကိုသာ keynotes တွေ အရ သိရှိရသေးတာဖြစ်ပါတယ်။

ပိုမို ဆန်းသစ်လာတဲ့ Google Home


အခုဆိုရင် Google Home မှာ အမျိုးအစား နှစ်ခုရှိနေပါပြီ။ Home Mini (အသေးစား) နှင့် Max ( အကြီးစား ) နှစ်မျိုးဖြစ်ပါတယ်။ ဒီတော့ မိမိနှစ်သက်ရာ Google Home Devices အရွယ်အစားကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ သေးသေးလေးပဲလား အကြီးကြီး ပေါ့ဗျာ .  . .

Google Pixelbook


ဒေါ်လာ ၉၉၉ နှင့် ဝယ်ယူရရှိနိုင်မယ့် Pixelbook အပြင် အမြင့်ဆုံး ဒေါ်လာ ၁၆၄၉ နှင့် နှစ်ဆ ပါဝင်တဲ့ RAM၊512GB NVMe အပြင် intel core i7 အထိ ဝယ်ယူရရှိနိုင်ပါတယ်။ ၁၂.၃ လက်မ ရှိတဲ့ high-resolution မျက်နှာပြင် နှင့် Google Assistant ပါဝင်တဲ့ ပထမဦးဆုံးသော Laptop တစ်လုံးဖြစ်ပါတယ်။ Backlit Soft touch keys ပါဝင်ပြီး ၁၀ နာရီကြာ အသုံးပြုနိုင်မယ့် Battery ကိုလည်း ထည့်သွင်းတည်ဆောက်ထားပါတယ်။ ပါဝင်တဲ့ Google Assistant ဟာဆိုရင် စာရိုပြီးမေးရင် အသံတိတ်နှင့် ဖြေကြားပေးမှာဖြစ်ပြီး အသံနှင့်ပေးရင်တော့ အသံနှင့်ပါ ပြန်လည် ဖြေကြားပေးနိုင်မယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် Wacom လို Drawing Tablets တွေ ထုတ်လုပ်နေတဲ့ ကုမ္ပဏီနှင့် ပူးပေါင်းထုတ်လုပ်ထားတဲ့ Pixelbook Pen ရဲ့ စွမ်းဆောင်ရည်ဟာလည်း စိတ်ဝင်စားဖွယ် စောင့်ကြည့်ရ မှာပါ။


Read More
  • Share This:  
  •  Facebook
  •  Twitter
  •  Google+
  •  Stumble
  •  Digg

Sunday, September 10, 2017

Xiaomi Mi A1 Pure Google Android (Android One Series) ဖုန်းလေးကို တစ်ချက်ကြည့်အောင်

 Paw Oo     11:23 AM     No comments   



အားလုံးခြုံပြီးပြောရရင်
Mi A1 ရဲ့ Android ဟာ Original Google Android OS ကိုပဲ နဂိုအတိုင်း အသုံးပြုထားတာဖြစ်ပါတယ်။ နောက်ပြီး အသေအချာ စိစစ်တည်ဆောက်ထားတဲ့ Hardware ပိုင်းဟာလည်း အသုံးပြုထားတဲ့ OS နှင့် လိုက်လျောညီထွေစွာ လျင်လျင်မြန်မြန် အသုံးပြုနိုင်အောင် စွမ်းဆောင်ပေးပါတယ်။ ဒါအပြင် အခုနောက်ပိုင်းခေတ်စားနေတဲ့ Dual Camera ကို အသုံးပြုထားတဲ့အပြင် ကိုယ်ထည်တစ်ခုလုံးဟာလည်း Premium ကျပြီး ဈေးနှုန်းနှင့် ယှဉ်မယ်ဆိုရင် အတော်လေး ကိုင်လို့ကောင်းတဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။

( အသေးစိတ်ကို အောက်မှာ ရေးပေးထားပါတယ် )

ကောင်းကွက်တွေအနေနှင့်က
Dual Camera ဟာ အတော်လေး စွမ်းဆောင်ရည်ကောင်းမွန်တာကိုတွေ့ရပါတယ်။ နောက်ပြီး Google ရဲ့ Pure Android OS ကြောင့် အခြား Android ဖုန်းတွေနှင့်ယှဉ်မယ်ဆိုရင် ကိုယ်က အမြဲတမ်း Update တွေကို အရင်ဆုံးရနိုင်ပါတယ်။ နောက်ပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ Hardware တွေနှင့် တည်ဆောက်ထားတဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။

နည်းနည်းလေး ပြောစရာရှိတာကတော့
Battery ဟာ အရယ်အစားတူ Redmi Note 4 နှင့်ယှဉ်ရင် အနည်းငယ်သေးတဲ့အတွက်။ တစ်ခု အားသွင်းထားရင် ဘယ်လောက်အထိ အသုံးခံနိုင်မလည်းဆိုတာကတော့ စဉ်စားစရာဖြစ်ပါတယ်။

အသေးစိတ် ပြောချင်တာက -
ဘယ်အချိန် ဘယ်နေရာမှာ ဘယ်သူပဲမေးမေး ဈေးသက်သာပြီး အလည်လတ်တန်းဝင် ဖုန်းကောင်းကောင်းတစ်လုံးကိုင်ချင်တယ်ဆိုရင်တော့ အခုလိုချိန်မှာ အားလုံးဖြေကြမှာက တရုတ်နိုင်ငံရဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Xiaomi ဖုန်းတွေကိုပဲ ညွှန်းကြမှာပါ။

ဆိုတော့ အခုလည်း Xiaomi က Google နှင့်ပူးပေါင်းပြီးတော့ Budgets တန်းဝင်ဖြစ်တဲ့ Android One Series ဝင် Xiaomi Mi A1 ဖုန်းတစ်လုံးကို ထပ်မံမိတ်ဆက်ခဲ့ပြန်ပါပြီ။



PLATFORMOSAndroid 7.1.2 (Nougat), planned upgrade to Android 8.0 (Oreo)
ChipsetQualcomm MSM8953 Snapdragon 625
CPUOcta-core 2.0 GHz Cortex-A53
GPUAdreno 506
MEMORYCard slotmicroSD, up to 128 GB (uses SIM 2 slot)
Internal64 GB, 4 GB RAM
CAMERAPrimaryDual 12 MP (26mm, f/2.2; 50mm, f/2.6), phase detection autofocus, 2x optical zoom, dual-LED (dual tone) flash

လက်ရှိ Android Version 7.1.2 (Nougat) ကို အသုံးပြုထားပြီးတော့ မကြာမီ Android Version 8.0 (Oreo) ကို အဆင့်မြှင့်တင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Octa-core 2.0 GHz ဆိုတဲ့ CPU ဟာ တကယ့် Premium ဖုန်းတစ်လုံးလို စွမ်းဆောင်ရည်အပြည့်အဝ ပေးမယ့်အပြင် ဂိမ်းကစားဖို့နှင့် ရုပ်ထွက် ကောင်းကောင်းတွေရအောင်လည်း Andreno 506 GPU က ထောက်ပံ့ပေးပါလိမ့်မယ်။ နောက်ပြီးတော့ မိမိဖုန်းထဲက Storage သိမ်းဆည်းရာမှာလည်း SD Card ကို 128 GB အထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Dual Camera နှစ်လုံးကြောင့် iPhone 7+ ရဲ့ Protrait Mode လို ပုံကောင်းကောင်းလှလှတွေရိုက်ယူနိုင်မှာဖြစ်ပြီးတော့ အရည်အသွေး 2K (2160p) ရှိ ရုပ်ရှင်ဗွီဒီယိုအထိ 30 FPS နှင့် ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် ဖုန်းအတွင်း ပြန်လည်ကြည့်ရှုမယ်ဆိုရင်တော့ 5.5 inch 1080p သာရှိတဲ့ LCD ကြောင့် 2K အပြည်အဝကိုတော့ ခံစားနိုင်မှာမဟုတ်ပါဘူး။



အိမ်မှာရှိတဲ့ တီဗွီတွေ၊ ရေခဲသေတ္တာတွေအပြင် အခြား Remote Control နှင့် ထိန်းချုပ်လို့ရတဲ့ အရာမှန်သမျှကို ဖုန်းနှင့် ထိန်းချုပ်နိုင်ရန်အတွက် IR လည်း ပါရှိပါတယ်။ အားသွင်းဖို့အတွက်နှင့် ဒေတာ အကူးအပြောင်းလျင်မြန်ဖို့အတွက် USB Type C ကို အသုံးပြုထားပါတယ်။

လုံခြုံမှုအတွက်ကတော့ ဖုန်းရဲ့ ကျောဘက်မှာ Fingerprint ပါတယ်။ 4 GB RAM ကြောင့် 25 Apps အထိကို ပုံမှန်အတိုင်း လျင်လျင်မြန်မြန် Multitasking လုပ်နိုင်တာကိုလည်းတွေ့ရပါတယ်။ အထူးသဖြင့် ယခင် Redmi Note 4 တွေမှာ တစ်ခါတစ်လေ ကြုံတွေ့ရလေ့ရှိတဲ့ App Freezing ပြဿနာကို A1 မှာတော့ ဖြေရှင်းထားပုံရပါတယ်။

Battery အနေနှင့်ကတော့ 3080 mAh ပါဝင်ပြီးတော့ အားတစ်ခါသွင်းထားရင် up to 15-18 အထိ ခံပြီးတော့။ သာမန် နေ့စဉ်သုံးဆိုရင်တော့ တစ်ရက်လုံး ခံနိုင်ပါလိမ့်မယ်။ နောက်ပြီးတော့ Quick Charging ကြောင့်လည်း ဖုန်းအားသွင်းတာကို အကြာကြီးစောင့် သွင်းနေစရာမလိုတော့ဘူးပေါ့ဗျာ။

ဒီဖုန်းနှင့်ပတ်သတ်ပြီး အမြင်လေးတွေကိုလည်း အောက်မှာ ပေးသွားလို့ရပါတယ်။ အားလုံးပဲ ကောင်းမွန်သော နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ပါစေ။
Read More
  • Share This:  
  •  Facebook
  •  Twitter
  •  Google+
  •  Stumble
  •  Digg

Monday, August 28, 2017

Dota 2 ရဲ့ ကစားသူဦးရေကို ကျော်ဖြတ်ခဲ့တဲ့ PlayerUnknown's Battleground ( PUBG )

 Paw Oo     3:10 PM     No comments   


PlayerUnknown's Battleground ( PUBG ) ဟာဆိုရင် ၂၀၁၇ ခုနှစ် March ကနေ စတင်ပြီးတော့ Steam ပေါ်မှာ ဝယ်ယူကစားနိုင်တဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ Online ပေါ်မှာ သူငယ်ချင်း အပေါင်းအသင်း အများနှင့် ကစားရတဲ့ Multiplayer Online Game အမျိုးအစားဖြစ်ပြီးတော့ လက်ရှိမှာဆိုရင် လူကြိုက်အများဆုံး Action Game နှင့် Battle Royale အမျိုးအစားလည်းဖြစ်ပါတယ်။ Developer Bluehole မှ ကိုယ်တိုင် ထုတ်လုပ်ဖြန့်ချိတဲ့ ဂိမ်းတစ်ခုလည်းဖြစ်ပါတယ်။

စထွက်ချိန်မှ အခုချိန်ထိ တစ်ရိတ်ရိတ် တက်နေတဲ့ Gamer တွေကြောင့် အခုဆိုရင် Microsoft ရဲ့ Xbox One မှာပါ ကစားနိုင်နေပြီဖြစ်ပါတယ်။

PUBG ရဲ့ ဂိမ်းကစားပုံဟာ နောက်ဆုံး တစ်ယောက်ပဲ အသက်ရှင် ကျန်တဲ့အထိ တစ်ယောက်နှင့် တစ်ယောက် ပစ်ခတ်ကစားရတာဖြစ်ပါတယ်။ ကစားသူဟာ တစ်ယောက်တည်း (solo) ပဲဖြစ်ဖြစ်၊ (အဖွဲ့တစ်ခုအနေနှင့် လေးယောက်အထိ ) သူငယ်ချင်း အစုအဖွဲနှင့်ပဲဖြစ်ဖြစ် ပွဲတစ်ခုကို ဝင်ရောက် ကစားနိုင်ပါတယ်။

ပွဲတိုင်းရဲ့အစမှာ ကစားသမားတွေဟာ လေယာဥ်ပေါ်ကနေပြီးတော့  ၅ မိုင်ပတ်လည်ရှိတဲ့ ရေလည်ကျွန်းတွေပေါ်မှာ မိမိနှစ်သက်ရာ နေရာကို လေထီး ခုန်ချနိုင်ပါတယ်။ ကစားသမားအားလုံးဟာ အစပိုင်းမှာ ဘာလက်နက်မှ မရှိသလို ဘာအသုံးအဆောင်ပစ္စည်းမှလည်း မပါ ရှိပါဘူး။ လေယာဥ်ရဲ့ ပျံသန်းပုံ လမ်းကြောင်းဟာလည်း တစ်ပွဲနှင့် မတူညီပဲ ကျပန်းဖြစ်ပါတယ်။ မြေပြင်ကို ဆင်းသက်ရောက်ရှိပြီဆိုရင်တော့ လက်နက်တွေနှင့် ကားတွေ၊ ဆိုင်ကယ်တွေကို မိမိစိတ်ကြိုက် ရှာဖွေအသုံးပြုနိုင်ပါတယ်။

လက်နက် ရှာဖွေတဲ့ နေရာမှာ အသုံးအဆောင် ရှာဖွေတဲ့နေရာမှာတော့ အကောင်းဆုံးဆိုတာတွေကိုပဲ ရရှိနိုင်ဖို့ဆိုတာကလည်း ကိုယ့်ရဲ့ ကံနှင့် ကျွမ်းကျင်မှုအပေါ်မှာ မူတည်နေပါတယ်။


အထူးသဖြင့် အချိန်နှင့် အမျှ ကစားသမား အရေအတွက်နှင့် အချိန်အကန့်အသတ်ပေါ်မူတည်ပြီးတော့ တစ်ဖြည်းဖြည်းကျဥ်းမြောင်းလာတဲ့ စစ်မြေပြင် (Battleground ) ဟာ ကစားသမားတွေအတွက်တော့ တကယ့်ကိူ လူသတ်ကွင်းကြီးတစ်ခုလိုပါပဲ။ Third Person Shooter ရော First Person Shooter Mode နှစ်မျိုးကစားနိုင်တဲ့အတွက်လည်း Gamer တွေကြား အကြိုက်တွေ့လှပါတယ်။ အခုဆိုရင် Dota 2 လို အချိန်တိုင်း ဘုရင်ဖြစ်နေတဲ့ ဂိမ်းကိုတောင် ကျော်ဖြတ်ပြီး ကစားသူအများဆုံးအဖြစ် ရပ်တည်နိုင်ခဲ့ပါပြီ။ ကစားချိန်ကြာမြင့်လာလေလေ အရှိန်တက်လာပြီးတော့ မိမိရဲ့ ကျွမ်းကျင် ပိုင်နိုင်မှုတွေကို ကိုယ့်အသက်ရှင်သန်ဖို့အတွက် ဘယ်လိုတွေ အသုံးချရမလည်းဆိုတာကတော့ သင့်အပေါ်မှာ မူတည်နေပါတယ်။

လက်ရှိအချိန် Steam မှာ ဂိမ်းကို ဝယ်ယူကစားမယ်ဆိုရင်တော့ $29 နှင့် ဝယ်ယူ ဆော့ကစားနိုင်မှာဖြစ်ပါတယ်။
Read More
  • Share This:  
  •  Facebook
  •  Twitter
  •  Google+
  •  Stumble
  •  Digg

Thursday, August 17, 2017

ဖုန်းမှန်ဟာ တော်ရုံ မကွဲတဲ့အပြင်၊ ကွဲခဲ့ရင်တောင် သူ့အလိုလို ပြန်ပြင်မယ်ဆိုတဲ့ Motorola

 Paw Oo     9:49 PM     No comments   



Motorola ဖုန်းကုမ္ပဏီဟာ ထုတ်လုပ်တဲ့ ဖုန်းတွေရဲ့ မှန်တွေကို တော်ရုံတန်ရုံ မကွဲဘူးဆိုတာလောက်နှင့် မဟုတ်ပဲ ကွဲသွားရင်တောင် သူ့အလိုလို ပြန်လည် ပြုပြင်သွားမည့် နည်းပညာကို အသုံးပြုပြီး ဖုန်းမှန်တွေကို တည်ဆောက်သွားမည်လို့ သိရပါတယ်။ ဒီနည်းပညာဟာဆိုရင် Shape Memory Polymer လို့ ခေါ်ပါတယ်။ ဒီနည်းပညာကို အသုံးပြုဖို့ရာအတွက် မှန် touch screen တွေအစား Polymer တွေကို အစားထိုး အသုံးပြုရမှာဖြစ်ပါတယ်။ နောက်ပြီးလုံလောက်တဲ့ အပူချိန်ရတဲ့အချိန်မှာ အလိုလျောက် ကွဲအက်သွားတဲ့ နေရာကိုအလိုလို ပြန်လည်ပြုပြင်သွားမှာဖြစ်ပါတယ်။


ကွဲသွားတဲ့နေရာကို ပြန်လည်ပြုပြင်နိုင်တယ်ဆိုပေမယ့်လည်း နဂိုအတိုင်း ၁၀၀ ရာခိုင်နှုန်းအပြည့်အဝ ခံနိုင်ရည်ရှိမည့် screen တော့ ပြန်ဖြစ်လာမှာမဟုတ်ပါဘူး။ ဒီအတွက်တော့ အထိအတွေ့လုပ်ဆောင်ရတာတွေဟာတော့ သုံးစွဲနေကျ မှန်အသုံးပြုထားတဲ့ ဖုန်းတွေနှင့်မတူ ပဲ ကွဲပြးခြားနားတဲ့ ထိတွေ့မှုကို ခံစားရမှာဖြစ်ပါတယ်။ နည်းပညာလိုအပ်ချက်အရ polymer touch screen တွေကို အသုံးပြုထားတဲ့ touch screen တွေဟာ သုံးစွဲနေကျ မှန်တွေလိုတော့ သိပ်ကောင်းမှာမဟုတ်ပါဘူး။

ဘာပဲပြောပြော ကိုယ့်ဖုန်းကိုယ် လွတ်ကျပြီး ကွဲတတ်လေ့ရှိတဲ့ သူတွေအတွက်ကတော့ အထူးသတင်းကောင်းတစ်ခုဖြစ်ပါတယ်။
Read More
  • Share This:  
  •  Facebook
  •  Twitter
  •  Google+
  •  Stumble
  •  Digg

Monday, August 7, 2017

ဂျပန်နိုင်ငံက အရည်မပျော်တဲ့ ရေခဲမုန့် (Kanazawa ice)

 Paw Oo     3:49 PM     No comments   



ဂျပန်ဆိုတာနှင့်ကို တစ်ခုခုလုပ်လိုက်ရင် အဆန်းတွေကြည့်ပဲ။ အခုလည်းကြည့် အရည်မပျော်တဲ့ ရေခဲ့မုန့်တဲ့လေ။

ဒါကတော့ ဒီလိုပါ။ အရည်မပျော်ဘူးဆိုပေမယ့် တကယ်ကတော့ ရေကိုခဲထားတဲ့ ရေခဲမုန့်ပဲဗျာ အရည်ကတော့ပျော်မှာပေါ့။ ဒါပေမယ့် အခု ဂျပန် ရေခဲမုန့်က နေပူပူထဲမှာတောင် အနည်းဆုံး ၅ မိနစ်ကနေ ၁၀ မိနစ် ထား အရည်မပျော်နိုင်ပါဘူး။

ဒီရေခဲမုန့်ကိုတော့ ဂျပန်နိုင်ငံက ခါနာဇာဝါ မှာရှိတဲ့ Kanazawa Ice ဆိုတဲ့ဆိုင်မှာ ဝယ်ယူစားနိုင်ပါတယ်။ ရေခဲမုန့်ပြုလုပ်ထားတဲ့ ဒီဇိုင်းတွေကလည်း ချစ်စရာကောင်းတဲ့အပြင် အတော်လေးကို လက်ရာလည်း ကောင်းလှတဲ့ ရေခဲမုန့်လေးတွေဖြစ်ပါတယ်။ လှပပြီး ချစ်စရာလည်းကောင်းတဲ့ အရည်မပျော်နိုင်တဲ့ ရေခဲမုန့်ပုံစံလေးတွေကို ကြည့်ချင်ရင်တော့ Kanazawaice ဆိုတဲ့ instagram page မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

စတော်ဘယ်ရီသီးတွေကနေ ရရှိတဲ့ Polyphenol Liquid ဆိုတဲ့ အရည်ကိုအသုံးပြုပြီးတော့ ပြုလုပ်ထားတဲ့ ဒီရေခဲမုန့်လေးတွေဟာ သူ့ရဲ့ နဂိုလှပတဲ့ ပုံစံကို ရေရှည် တည်မြဲနေတာဖြစ်ပါတယ်။
Read More
  • Share This:  
  •  Facebook
  •  Twitter
  •  Google+
  •  Stumble
  •  Digg
Older Posts Home

Translate To Your Own Language

Popular Posts

  • Outlast 2 ကိုကစားမယ်ဆိုရင် မသိမဖြစ်တဲ့အချက် ၇ ချက် ( Uni and Zawgyi )
    Outlast ဂိမ်းဟာ ကစားသူတိုင်းအတွက် ဘယ်လောက်တောင် မျှော်လင့်ချက်မဲ့ပြီး သွေးပျက်ထိတ်လန့်ဖွယ်ကောင်းလည်းဆိုတာ အားလုံးနဲ့အထူးတလည်ပ...
  • တကြော့ပြန် Nokia
    ပိုင်ရှင်အသစ်နှင့်အတူ Nokia ဟာ အခုဆိုရင် ပထမဦးဆုံး Android Smart Phone အသစ်တစ်လုံးကို စတင် မိတ်ဆက်လိုက်ပြီဖြစ်ပါယ်။ Nokia ကို Micros...
  • MPT CO-Branded Device M50 နှင့် ခဏတာ Review
    Good - ဖုန်းရဲ့တည်ဆောက်ပုံနှင့် ဒီဇိုင်းအသွင်အပြင်ဟာဆိုရင် လေးထောင့်ကျကျနှင့် Smart ဖြစ်ပါတယ်။ လက်ထဲမှာကိုင်ရတာလည်း အဆင်ပြေပြီး သုံး...
  • 2018 မှာထွက်ရှိလာမယ်လို့ မျှော်လင့်ရတဲ့ Darksiders 3
    Darksiders 1 ရဲ့ဗားရှင်းအသစ်ဖြစ်တဲ့ Darksiders: Warmastered Edition ကို လတ်တလောကမှ PC, PS4 နဲ့ Xbox One အစရှိတဲ့ platform အသီးသီ...
  • ဖုန်းမှန်ဟာ တော်ရုံ မကွဲတဲ့အပြင်၊ ကွဲခဲ့ရင်တောင် သူ့အလိုလို ပြန်ပြင်မယ်ဆိုတဲ့ Motorola
    Motorola ဖုန်းကုမ္ပဏီဟာ ထုတ်လုပ်တဲ့ ဖုန်းတွေရဲ့ မှန်တွေကို တော်ရုံတန်ရုံ မကွဲဘူးဆိုတာလောက်နှင့် မဟုတ်ပဲ ကွဲသွားရင်တောင် သူ့အလိုလို ပ...

About Me

Paw Oo
View my complete profile

Categories

Accessories (1) Acer (1) Alphabet (2) Android (8) Apple (34) Article (3) Comparing (1) Danger (1) Drone (3) Event (1) Facebook (4) Gaming Laptop (3) Get Chance (2) GoPro (1) Google (5) Google Maps (1) How To (1) Knowledge (1) Laptop (4) Mac (8) MacBook (5) MacBook Pro (1) Market (1) Mi Notebook (1) Microsoft (8) Microsoft Surface Studio (1) Mobile Devices (2) Musics (1) Note Series (1) Photography (1) Polls (1) Razer Blade (1) Review (2) Rumours & Leaks (2) Samsung (5) Technology (8) Telenor (1) Windows 10 (3) Windows 7 (1) Windows 8 (1) Workplace (1) Xiaomi (2) iOS App (3) smartphones (2)

Blog Archive

  • ▼  2018 (1)
    • ▼  August (1)
      • DJI Mavic 2 Pro
  • ►  2017 (35)
    • ►  November (1)
    • ►  October (1)
    • ►  September (1)
    • ►  August (3)
    • ►  July (8)
    • ►  June (10)
    • ►  May (3)
    • ►  April (3)
    • ►  March (3)
    • ►  January (2)
  • ►  2016 (48)
    • ►  November (2)
    • ►  October (5)
    • ►  September (13)
    • ►  August (10)
    • ►  July (3)
    • ►  June (4)
    • ►  May (2)
    • ►  March (4)
    • ►  January (5)
  • ►  2015 (24)
    • ►  December (3)
    • ►  November (11)
    • ►  October (9)
    • ►  September (1)

Tech Pops

Copyright © Tech Pop | Powered by Blogger
Design by Hardeep Asrani | Blogger Theme by NewBloggerThemes.com | Distributed By blogger Templates